တပါတ်တာကမ္ဘာ့ရွှေစျေးသုံးသပ်ချက် ( 20-1-2020 to 24-1-2020 ) *************************

 -ကမ္ဘာ့ရွှေစျေးဟာ ဒီမနက်မှာတော့ 1557.85 ဝန်းကျင်နဲ့ စျေးစတင်ဖွင့်ခဲ့ပြီး လက်တလောအနေအထားမှာတော့ 1558 ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။                             -  8Jan 2020 မှစတင်ပြီး အကျအားကောင်းခဲ့တဲ့ ရွှေစျေးဟာ Support Zone တခုဖြစ်တဲ့ 1536 ဝန်းကျင်အရောက်မှာတော့ စျေးဆက်လက်ကျဆင်းနိုင်းမရှိ 1560 ဝန်းကျင်ထိ ပြန်တက်လာတာကို မြင်တွေ့နိုင်ပါတယ်။ -လက်ရှိစျေးကွက် အနေအထားကိုကြည့်မယ်ဆိုရင် ကမ္ဘာ့ရွှေစျေးဟာ 1563 နဲ့ 1536 ကြား ကြီးမားသော sideway zone အတွင်း အရောင်းအဝယ်ဖြစ်နေပြီး တိကျသော လားရာတခုပျောက်ဆုံးနေပါတယ်။

-Daily Time Frame အရကြည့်မယ်ဆိုရင် 1558 ဝန်းကျင်မှာ ခိုင်မာတဲ့ Support Level ဖြစ်နေပြီး လက်ရှိစျေးတန်းတွေဟာလည်း 1558 ဝန်းကျင်မှာ ဝေ့လည်နေတာမြင်တွေ့နိုင်ပါတယ်။ -စျေးကွက်တစ်ခုလုံးကို ခြုံငုံကြည့်မယ်ဆိုရင်ဖြင့် ကမ္ဘာ့ရွှေစျေးဟာ အတက်လားရာမှာ တည်ရှိနေဆဲဖြစ်ပါတယ်။

-တပါတ်တာစောင့်ကြည့်သင့်တဲ့ Level တခုကတော့ 1558 ဖြစ်ပြီး ပြန်လည်ဖောက်ဆင်းဖို့ မအောင်မြင်ခဲ့ပါက အတက်အားဆက်လက်ကောင်းနိုင်ပြီး 1588 -1610 စျေးတန်းကိုပြန်လည်ရောက်ရှိနိုင်ပါသည်။

-1558 စျေးတန်းအောက်သာ ကျိုးပေါက်ခဲ့မယ်ဆိုရင်တော့ နောက်ထပ်သတိပြုရမယ့် Support Level တွေ 1537 -1517 တို့ထိ ရောက်ရှိနိုင်ပါသည်။ #MarketAnalysis #Gold #Forex #Trading