• လတ်တလော USDCAD Chart ကိုကြည့်မယ်ဆိုရင် 1.33300 ဝန်းကျင်အနီးမှာ စျေးစတင်ဖွင့်ခဲ့ပြီး အမြင့်ဆုံးစျေး 1.33500 နဲ့ အနိမ့်ဆုံးစျေး 1.33160 ကြားအရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ 1.33400 ဝန်းကျင်မှာစျေးအေးနေဆဲဖြစ်ပါတယ်။
  • တနင်္လာနေ့စျေးစဖွင့်ချိန်မှာတော့ 1.34360 နဲ့စဖွင့်ခဲ့ပြီး တရက်တာအတွင်း အမြင့်ဆုံးစျေး 1.34490 နဲ့ အနိမ့်ဆုံးစျေး1.33150 ကြား pips 130 ကျော်နီးပါး စျေးကွက်လှုပ်ခပ်မှုဖြစ်ခဲ့ပြီး အပိတ်စျေး 1.33230 ဝန်းကျင်မှာ အကျနဲ့စျေးပိတ်သွားခဲ့ပါတယ်။
  • လက်ရှိစျေးကွက်လားရာမှာတော့ အတက်လားရာမှာရှိနေဆဲဖြစ်ပြီး တနင်္လာနေ့ကကျဆင်းလာတဲ့ အကျအားကိုတော့ သတိပြုရမှာပဲဖြစ်ပါတယ်။
  • H4 Time-Frame မှာတော့ သိသာတဲ့ စျေးအတက်လားရာကို မြင်တွေ့ရမှာဖြစ်ပြီး လက်ရှိမှာတော့ Support Zone ပေါ်တွင် Bullish Candle နဲ့ပိတ်ခဲ့ပြိး စျေးငြိမ်လျှက်ရှိနေပါတယ်။
  • သတိပြုစောင့်ကြည့်ရမယ့် စျေးတန်းကတော့ 1.33200 ဖြစ်ပြီး Resistance Zone များကတော့1.34550-1.34600 နဲ့ 1.35450-1.35600 တို့ဖြစ်ပြီး Support Zone များကတော့ 1.32770 နဲ့ 1.32100-1.32000 တို့ဖြစ်ပါတယ်။
  • သုံးသပ်ချက်အနေနဲ့ကတော့ Uptrend တွင်ရှိခြင်း , H4 Support ပေါ်တွင် Bullish Candle နှင့်စျေးပိတ်ထားခြင်းတို့ကြောင့် စျေးဆက်လက်တက်မယ်လို့ သုံးသပ်မိပါတယ်။