ကမ္ဘာ့ရေနံ‌ဈေး ပြန်လည်နိုးထလာပြီလား? (သို့မဟုတ်) အကြောက်တရားများနဲ့ ရေနံဈေးကွက်

    2020.4.21 ရက်နေ့မှာ ရေနံဈေးဟာ အနိမ့်ဆုံးဈေးဖြစ်တဲ့ $7 ဝန်းကျင် အထိကျဆင်းခဲ့ပြီး ယခုအချိန်မှာတော့ 2020.3.9 ရက်နေ့ရဲ့အဆိုးဆုံးအကျဈေး Gap ဖြင့် ကျလာတဲ့ အဖွင့်ဈေး$30 ဝန်းကျင်ကို ပြန်လည်ရောက်ရှိလို့လာပါပြီ။ ယခု လက်ရှိဈေးတန်းဖြစ်တဲ့ $30 ဝန်းကျင်ဈေးတန်းဟာ ဒီ၁ပတ်တာအတွက် အရေးကြီးတဲ့ ဈေးတန်းဖြစ်ပြီး ရေနံဈေးအတွက် အဓိကကျတဲ့ ဈေးတန်းဆိုတာလဲ မမှားပါဘူး။ Fibo D1 Timeframe အရ $30 ဝန်းကျင်ဈေးတန်းဟာ 38.2 နေရာမှာ ရောက်ရှိနေသည်ကို တွေ့ရမည်ဖြစ်ပြီး လက်ရှိမှာ Channel ၁ခုအဖြစ် Up Trend ဖြစ်လာခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထို့ကြောင့် ယခုလက်ရှိဈေးတန်း $30 ဝန်းကျင်သည် အဓိက စောင့်ကြည့်သင့်သည့် ဈေးတန်းဖြစ်သည်။ ၁ပတ်တာလုံးအတွက် $30 သည် အရေးကြီးဈေးတန်းဖြစ်ပြီး $30 အထက် အတက်ဈေး အားသန်လာပါက ရေနံဈေး ၁စည်ကို $35 , $40 ဈေးတန်းအထိရောက်ရှိမည်ဖြစ်ပြီး $30 အောက် အကျပြန်လာပါက ရေနံဈေး ၁စည်ကို $28 , $25 ဈေးတန်းအထိရောက်ရှိမည်ဖြစ်သည်။

#YMFX