ကမ္ဘာ့ရေနံဈေးကွက် အကြောင်း တစေ့တစောင်း (သို့မဟုတ်) USOUSD D1 analysis

    ယခု 2020 ခုနှစ် အစပိုင်းတွင် ရေနံဈေးသည် တစည်လျှင် $60 မှ $65 အထိ တက်ခဲ့ပြီး 2020-4.21 နေ့အထိ ရေနံဈေး ၁စည်ကို $7 အထိ အရှိန်ကောင်းစွာဖြင့် ဆက်တိုက်ဆိုသလို ကျဖက်သို့ ဆိုးရွားစွာ ဦးတည်ခဲ့သည်ကို တွေ့ရှိရမှာဖြစ်ပါသည်။

    လက်ရှိရေနံဈေးကွက်သည် Down Trend အတွင်း၌သာ ရှိနေသေးသည်ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ် အရင်အပတ်က ပြောခဲ့သလိုပဲ ရေနံဈေးက ၁စည်ကို $35 အထိ တက်ရောက်ခဲ့ပြီဖြစ်ပြီး ထိုဈေးတန်းသည် ယခုအပတ်အတွက် အရေးကြီးသော Resistance ဈေးတန်းဖြစ်သည်။

    Down Trend အရကြည့်ကြမည်ဆိုပါကလဲ Trend ကို အရှိန်ကောင်းစွာထိုးဖောက်တက်ရောက်နိုင်ခြင်းမရှိသေးသလို Resistance ဈေးတန်းဖြစ်တဲ့ $35 ဈေးကိုလဲ ကျိူးပေါက်ခြင်းမရှိခဲ့သေးပါ ။

    ထို့ကြောင့် ရေနံဈေး ၁စည်ကို #35, $36 အတွင်း Candle reversal ဖြစ်ခဲ့လျှင် ဈေးပြန်ကျနိုင်ဖွယ်ရှိပြီး ထိုဈေးတန်းကို အားကောင်းစွာ ဖောက်ထွက်လျှင် ရေနံဈေး ၁စည်ကို $40 အထိ ရောက်ရှိနိုင်မည်ဖြစ်သည်။ ၁ပတ်တာအတွက် အတက်အကျ ခန့်မှန်းချက်များကတော့ 32.500 ဈေးတန်းသည် ၁ပတ်တာလုံးအတွက် Mid Point ဖြစ်ပြီ Resistance ဖြစ်တဲ့ 35.500 အထက် အတက်အားကောင်းပါက ရေနံဈေး ၁စည်ကို 37.500 , 40.500 ဈေးတန်း အထိ ရောက်ရှိနိုင်ပြီး Support ဖြစ်တဲ့30.500 အောက် အကျ အားကောင်းလာပါက ရေနံဈေး ၁စည်ကို 27.500 , 25.500 ဈေးတန်းအထိ ကျဆင်းလာမည်ကို တွေ့ရှိရမည်ဖြစ်သည်။ Note*** H4 တွင် Up trend Channel အတွင်း၌သည်ရှိသေးသည်ကို သတိပြုရမည်ဖြစ်ပြီး ထို Channel အားအောက်သို့ ဖောက်ထွက်ပါက D1 ၏ Down Trend အတွင်းသို့ ပြန်လည်ရောက်ရှိလာနိုင်သည်ကိုလဲ သတိမူရမည်ဖြစ်သည်။ လေးစားစွာဖြင့်

#YMFX