ဒီတပါတ်ရဲ့ Choice of Saya Htet အစီအစဉ်မှာ ထိပ်ဆုံးက ရွေးချယ် ပေးချင်တာက GBP နဲ့ EUR ဘဲ ဖြစ်ပါတယ်။

ဒီနေ့ ၂၂ ရက်နေ့မှာ ယူကေပါလီမန်ဟာ နောက်ဆုံးအကြိမ် မဲပေးပြီး ဝန်ကြီးချုပ် တဦးကို ရွေးချယ်တော့မှာ ဖြစ်ပါတယ်။ တစ်ပြေးနေတဲ့ Boris Johnson ကဘဲ အပြတ်အသတ် နိုင်ဖို့များပါတယ်။

မနက်ဖြန် ၂၃ ရက်မှာ ယူကေပါလီမန်ဟာ မဲရလဒ်ကို ကြေငြာပြီး ဗြိတိန်ဝန်ကြီးချုပ်အသစ် အမည်ကို ကြေငြာပေးမှာ ဖြစ်ပါတယ်။

နောက်တရက် ၂၄ ရက်မှာတော့ ဝန်ကြီးချုပ်အသစ်ဟာ ထရီဇာမေထံမှ တာဝန်များကို ဘုရင်မကြီးရှေ့မှောက်မှာ လွှဲပြောင်း ရယူမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အသစ်ဟာ Brexit ကိစ္စကို ဆောင်ရွက်ဖို့ တစ်လသာ အချိန်ရမယ်လို့ အီးယူကော်မရှင်က ညာသံပေးထားပါတယ်။ ဝန်ကြီးချုပ် တာဝန်ယူချိန်မှာ ပြောကြားမယ့် ကတိမိန့်ခွန်းမှာ Brexit ကိစ္စ ကို သေချာ နားထောင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ECB ဟာ လာမယ့် ကြာသပတေးနေ့ ညနေ ၆ နာရီ ၁၅ မှာ အတိုးနှုန်း ကြေငြာဖို့ ရှိနေပါတယ်။ မည်သို့ပင် ဆိုစေကာမူ အတိုးနှုန်း မပြောင်းလဲဘူးလို့ ခန့်မှန်းထားကြပါတယ်။

လက်ရှိ ဥရောပ ငွေကြေးတွေ အနက် CHF တစ်ခုသာ အညွှန်းကိန်း ကောင်းနေပြီး GBP ကော EUR ပါ ဆိုးဝါးတဲ့ ကျဆင်းမှုတွေ ကြုံတွေ့ နေရပါတယ်။ ဒါ့ကြောင့် ဒီတပါတ်မှာ ဘယ်သူတွေ နလန်ထူလာမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီတပါတ် Lot ကြီးကြီး မဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်း Trade မယ်ဆို GBP နဲ့ EUR အတွဲတွေ ကို ရွေးပါတယ်။

ရောင်းကံ ဝယ်ကံ ကောင်းကြပါစေ