အပါတ်စဉ် ရွေးချယ်ပေးနေကျ FA ဒေတာများ အစီအစဉ် ( Choices Of Saya Htet ) အစီအစဉ်ကနေ ကြိုဆိုပါတယ်။

ကျတော် FA ဒေတာ တွေနဲ့ Trade လုပ်တဲ့ အခါတိုင်း ကျတော့်အခန်းက White Board ပေါ်မှာ တပါတ်စာ ရွေးချယ်ပြီး ရေးထားလေ့ ရှိပါတယ်။ ဒါကို အပါတ်စဉ် အလယ်လာရင်း ဓါတ်ပုံရိုက်ရိုက် ယူသွားတဲ့ မိတ်ဆွေတွေ ရှိပါတယ်။ မလာဖြစ်ရင်လည်း ဖုန်းဆက်ပြီး လှမ်းမေးတတ်ကြပါတယ်။ အားလုံး အကျိုးရှိအောင် Page ကနေဘဲ အပါတ်စဉ် ရွေးချယ် ပေးလိုက်ပါတယ်။ (သူတို့ကို ကျေးဇူးတင်လိုက် )

ဒီတပါတ်တော့ CPI နဲ့ Retail Sales ဒေတာတွေ များပါတယ်။ အတိုးနှုန်း ဆုံးဖြတ်ချက်လောက် Market လှုပ်ခတ်မှု မများပေမယ့် အထိုက်အလျောက် သက်ရောက်မှုတော့ ရှိပါတယ်။ ဒီ ဒေတာ အဓိက အလှုပ်အခတ်က ခန့်မှန်းထားတာနဲ့ တကယ့်ဒေတာ ကွာဟချက် အရမ်းများမှသာ (တနည်း အားဖြင့် Surprise ဖြစ်မှသာ) သက်ရောက်မှု အားပြင်းတာပါ။

ထူးခြားချက် အနေနဲ့ လတ်တလော GBP ဒေတာများ သက်ရောက်မှု အားပျော့နိုင်ပါတယ်။ UK ဟာ ဝန်ကြီးချုပ်အသစ် ရွေးဖို့ အလုပ်ရှုပ်နေပြီး စျေးကွက်ကတော့ Brexit Fear တွေ ဝင်နေပါတယ်။ အင်္ဂလန်ဘဏ် ဥက္ကဌ ကာနေးကိုယ်တိုင် ဖိအားတွေ ရှိနေပြီး GBP တန်ဖိုးဟာ Support Zone မှာတောင် ပြားကပ်နေပါတယ်။

USD ဟာ ထရမ့်နဲ့ ပေါင်းဝဲလ်ကြား ဗျာများနေပြီး NZD ကတော့ လွတ်သမျှငါးကို ပိုက်နဲ့ဖမ်းနေပါတယ်။ ရေနံစျေး ခတ်တင်းတင်း ရှိနေတာကြောင့် CAD ပန်းပန်နေပေမယ့် သူလည်း Resistance Zone မှာ စောင့် နေပါတယ်။

ဒီတပါတ်တော့ Commodity ဆက်စပ် ငွေကြေးတွေဖြစ်တဲ့ NZD, CAD နဲ့ AUD ကို ရွေးပါတယ်

ရောင်းကံဝယ်ကံ ကောင်းကြပါစေ