ဒီတပါတ်အတွက် စျေးကွက်အလှုပ်အခတ် ကြမ်းနိုင်တဲ့ ဖြစ်ရပ်တွေ ထဲမှာ ပထမဆုံးက ဗုဒ္ဓဟူးနေ့ည ၈ နာရီခွဲမှာ ထွက်ရှိမယ့် BOC ရဲ့ အတိုးနှုန်းဘဲ ဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ FED ဥက္ကဌ Powell ဟာ လွှတ်တော်မှာ မေးခွန်းများကို ဖြေကြားမှာ ဖြစ်ပါတယ်။ ၈ နာရီ ၄၅ မှာတော့ BOC ဥက္ကဌ Poloz ဟာ အတိုးနှုန်းနဲ့ ပါတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာပါ။ ( USDCAD တော့ ကြည့်ကောင်းဘီ)

က နေ ဒါ ရဲ့ စားသုံးသူ အညွှန်းကိန်း ပမာဏဟာ အတိုးနှုန်းနဲ့ သိပ်မကွာလှတာကြောင့် အတိုးနှုန်း ပြောင်းလဲနိုင်ချေမရှိဘူးလို့ ပညာရှင်တွေက ခန့်မှန်း ထားပါတယ်။ တကယ်လည်း မ ပြောင်းခဲ့ရင် အ ခြေအ နေက အကျမဟုတ်ဘဲ အတက်လည်း ဖြစ်နိုင်ပါတယ်။ ( လမ်းကြောင်းမှန်နေ တာကိုး )

နောက်နေ့ ဇူလိုင် ၁၁ ရက်နေ့ မှာတော့ FED ရဲ့ Meeting Minutes နဲ့ ည နေပိုင်းမှာ BOE ရဲ့ ၆လတကြိမ်ထွက်ရှိတဲ့ Financial Stability Report ဘဲ ဖြစ်ပါတယ်။ ဒီ report တွေဟာ လက်ရှိငွေ ကြေးတွေရဲ့ အ ခြေ အ နေ နဲ့ ပါတ်သက်ပြီး ဘဏ်ရဲ့ သုံးသပ်ချက်တွေ ဖြစ်တာကြောင့် လေ့လာသင့်တဲ့ အချက်အလက်တွေဘဲ ဖြစ်ပါတယ်။ ( နားမလည်လည်း ကိစ္စမရှိဘူး Trend သွားတဲ့ဘက် လိုက်ပေါ့ )

လက်ရှိ အညွှန်းကိန်းတွေကို သုံးသပ်ကြည့်ရင် USD အညွှန်းကိန်းဟာ တဖန် ဦးမော့လာနေပြီး CAD က တော့ Up Trend အ နေ အထားနဲ့ Resistance Zone ကို ချည်းကပ်လာပြီ ဖြစ်ပါတယ်။ GBP က တော့ ဘယ်လိုမှ နလန်မထူနိုင်တဲ့ ပုံမျိုးနဲ့ Support Zone မှာ လူးလွန့် နေဆဲ ဖြစ်ပါတယ်။ ( အ မေ ပျောက် နေ တဲ့ ပုံ ပါ ဘဲ )

OPEC နဲ့ IEA လပါတ် အစီရင်ခံစာတွေလည်း ရှိသေးတယ် ဆိုတော့ ရေနံလည်း Resistance ကျိုးမလား ကြည့်ရမယ်။

ဒီတပါတ်တော့ CAD, USD နဲ့ GBP ကို ရွေးပါတယ်။

ရောင်းကံ ဝယ်ကံ ကောင်းကြပါစေ