ကမ္ဘာ့ရွှေဈေးသုံးသပ်ချက် ( 29-7-2019 to 2-9-2019 ) ************************

လက်ရှိ ကမ္ဘာ့ရွှေဈေးကို ကြည့်မယ်ဆိုရင် ကြီးမားသော Sideway အဖြစ်တည်ရှိနေတာကို မြင်တွေ့ရနိူင်ပါတယ်။ Jun25 မှ စတင်ဖြစ်တည်ခဲ့တဲ့ sideway ဈေးတန်းဟာ July18 မှာတော့ Resistance ဈေးတန်းဖြစ်တဲ့ 1439-40 ကို ဖောက်ထွက်ကာ 1453 ထိ 14$ ခန့်အတက်ဖြစ်ခဲ့ပါတယ်။ လတ်တလော အနေအထားမှာတော့ sideway zone အတွင်းသို့ပြန်လည်ရောက်ရှိနေပြီး 1436 ဖြစ်တဲ့ Resistance Level နဲ့ 1403 Support Level ကြား တည်ရှိနေပါတယ်။ တစ်ပါတ်စာသုံးသပ်ချက်အရကြည့်မယ်ဆိုရင် လက်ရှိကမ္ဘာ့ရွှေဈေးဟာ အကျဖက်ကိုအားသာလျက်ရှိပြီး ဈေးကျခဲ့မယ်ဆိုရင် 1412 / 1403 ထိရောက်ရှိနိုင်ပြီး အကျအားပိုမို အားကောင်းခဲ့ပါက 1385 ထိဈေးတန်း ရောက်ရှိနိုင်ပါသည်။ 1426 ကို ဖောက်ထွက်ပြီး အတက်ဖက်ကို သွားခဲ့မယ်ဆို 1431 / 1436 ထိရောက်ရှိနိုင်ပြီး အတက်အားကောင်းခဲ့မယ်ဆိုရင် 1452 ကို နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိနိုင်ပါတယ်။