USOUSD ( WTI )သုံးသပ်ချက် (5-8-2019 to 9-8-2019 )

    ရေနံဈေးကွက်ကို ကြည့်မယ်ဆိုရင် Resistance Level ဖြစ်တဲ့ 56.29 နဲ့ 54.71 ကြားတည်ရှိနေပါတယ်။ ပြီးခဲ့တဲ့ တပါတ်တာမှာတော့ ဗုဒ္ဓဟူးနေ့မှာတော့ အားကောင်းကောင်းနဲ့ ကျခဲ့တဲ့ ရေနံဈေးဟာ သောကြာနေ့မှာတော့ အတက်နဲ့ပြန်လည် ဈေးပိတ်ခဲ့ပါတယ်။ လက်ရှိရေနံဈေးဟာ Support Level ဖြစ်တဲ့ 54.71 ဝန်းကျင်မှာ ရောက်ရှိနေပါတယ်။

    သုံးသပ်ချက်အရ ကြည့်မယ်ဆိုရင် 54.71 ကိုဖောက်ခဲ့မယ်ဆိုရင် 53.54 ထိကျနိုင်ပြီး အကျအားကောင်းခဲ့မယ်ရင် 51.73 ထိရောက်ရှိနိုင်ပါတယ်။ လက်ရှိ Support Level ဖြစ်တဲ့ 54.71 ကိုသာ ပြန်ကန်ခဲ့မယ်ဆိုရင် 56.29 ထိတက်နိင်ပြီး အတက်အားကောင်းခဲ့မယ်ဆိုရင် 57.64 / 58.38 ကိုပြန်လည်ရောက်ရှိနိုင်ပါသည်။