ကမ္ဘာရွှေဈေး သုံးသပ်ချက် ( 5-8-2019 to 9-8-2019 )

    ကမ္ဘာ့ရွှေဈေးကို ကြည့်မယ်ဆိုရင် ပြီးခဲ့သော ကြာသပတေးနေ့မှာ အားကောင်းသော Sideway Zone ဖြစ်တဲ့ 1440 နဲ့ 1403 ကြားကနေ စတင်ဖောက်ထွက်လာပြီး သောကြာနေ့မှာတော့ 1440 နားမှာ ပြန်လည်ဈေးပိတ်သွားခဲ့ပါတယ်။ ဒီနေ့ တနင်္လာနေ့မှာတော့ ပုံမှန်ဈေးငြိမ်နေတက်တဲ့ ရွှေဈေးဟာ မနက်ပိုင်းအစမှာတင် 16$ နီးပါးတက်သွားခဲ့ပါတယ်။ လက်ရှိ ကမ္ဘာရွှေဈေးဟာ Resistance Level ဖြစ်တဲ့ 1454 နဲ့ Support Level 1440 ကြားတည်ရှိနေပါတယ်။

    လတ်တလော ကမ္ဘာ့ရွှေဈေးဟာ အတက်ဖက်ကိုအားသာနေပါတယ်။ သုံးသပ်ချက်အရ 1448 အထက်မှာရှိနေမယ်ဆိုရင် ဈေးအတက်အားသာနိုင်ပြီး ဈေးတက်မယ်ဆိုရင် Resistance Level များဖြစ်တဲ့ 1454 - 1468 ထိရောက်နိုင်ပြီး အတက်အားကောင်းခဲ့မယ် 1482 ထိရောက်နိုင်ပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ 1440 အောက်ကိုပြန်လည်ရောက်ရှိခဲ့မယ်ဆိုရင်တော့ 1430 - 1412 ထိကျနိုင်ပြီး အကျအားကောင်းမယ်ဆိုရင် 1403 ထိရောက်ရှိနိင်ပါသည်။