-ပြီးခဲ့တဲ့ တပါတ်တာလုံး အတက်အားကောင်းခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ လက်ရှိအနေအထားမှာတော့ Sideway အဖြစ်တည်ရှိနေပါတယ်။

-လတ်တလော ကမ္ဘာ့ရွှေဈေးကို ကြည့်မယ်ဆိုရင် 1510 နဲ့ 1490 ကြားမှာ တည်ရှိနေပါတယ်။

-Weekly Resistance Level ဖြစ်တဲ့ 1482 ကိုဖောက်ထွက်လာခဲ့ပြီး 1510 ထိပြေးတက်ခဲ့တဲ့ အနေအထားကိုကြည့်မယ့်ဆိုရင် ကမ္ဘာ့ရွှေဈေးဟာ အတက်ဖက်ကိုအားသာနေဆဲဖြစ်ပြီး ဆက်လက်တက်ဖို့အတွက်ဆိုရင်တော့ 1510 ကိုထပ်မံချိူးဖျက်ဖို့တော့လိုပါတယ်။

-သုံးသပ်ချက်အရ ကြည့်မယ်ဆိုရင် ကမ္ဘာ့ရွှေဈေးဟာ 1482 အထက်မှာဆို အတက်ဖက်ကိုအားသာနေလျက်ရှိပြီးခဏတာအနေဖြင့် ရေတိုအကျဖက်ကို အားယူမယ့်အနေအထားရှိပါတယ်။

- Sideway Resistance Level ဖြစ်တဲ့ 1510 ကိုဖောက်ထွက်ပြီး ဈေးတက်ခဲ့မယ်ဆို 1526 - 1533 ထိရောက်ရှိနိုင်ပြီး အတက်အားဆက်ကောင်းခဲ့မယ်ဆိုရင် 1554 ထိရောက်ရှိနိုင်ပါသည်။

-Sideway Support Level ဖြစ်တဲ့ 1490 ကိုချိူးဖောက်မယ်ဆိုရင် Weekly Support level ဖြစ်တဲ့ 1482 ထိရောက်နိုင်ပြီး အကျအားကောင်းဖို့အတွက် 1482 ကိုဆက်လက်ချိူးဖောက်နိုင်မလား ဒါမှမဟုတ် မူလအတက်လားရာအတွက် ပြန်ကန်မလားဆိုတာကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်