USOUSD ( WTI ) သုံးသပ်ချက် (26.8.2019 to 30.8.2019 )

    ပြီးခဲ့တဲ့ တပါတ်တာအတွင်း အကျအားကောင်းလာတဲ့ရေနံဈေးကွက်ကို ကြည့်မယ်ဆိုရင် ဒီမနက်မှာ အတက်နဲ့ စတင်ခဲ့ပြီး လက်ရှိမှာတော့ 53.73 နဲ့ 53.09 ကြားမှာ တည်ရှိနေပါတယ်။ လားရာအနေနဲ့ ကြည့်မယ်ဆိုရင် အကျလားရာအတွင်းမှာပဲ ဆက်လက်ရှိနေသေးတာကိုမြင်တွေ့နို်င်ပြီး လတ်တလောအတက်ဟာ အကျအတွက် အားယူနေသလားဆိုတာတော့ သတိထားရပါမယ်။ သုံးသပ်ချက်အနေနဲ့ ကြည့်မယ်ဆိုရင် အကျဖက်ကိုအားသာနေလျက်ရှိပြီး Resistance level ဖြစ်တဲ့ 53.73 ဟာ စောင့်ကြည့်သင့်တဲ့ Level တခုဖြစ်ပါတယ်။

    Resistance Level ကို ဖောက်ထွက်ဖို့ အတက်အားမရှိဘူးဆိုရင်တော့ ရေနံဈေးဟာ ဆက်လက်ကျဆင်းနိုင်ပါတယ်။ ဈေးတန်းများအနေနဲ့ 53.73 အထက်မှာဈေးပိတ်ခဲ့မယ်ဆိုရင်တော့ နောက်ထပ် Resistance Level များဖြစ်တဲ့ 54 ဝန်းကျင်ကိုရောက်ရှိနိုင်ပြီး အတက်အားများခဲ့မယ်ဆိုရင် 55 ဝန်းကျင်ထိ ရောက်ရှိသွားနိုင်ပါတယ်။ Resistance Level ဖြစ်တဲ့ 53.73 ကို မကျိူးဖောက်နိုင်ခဲ့ရင်တော့ 52.00 ဝန်းကျင်ကိုရောက်ရှိနိုင်ပြီး အကျအားကောင်းခဲ့ပါက 51.00 ဝန်းကျင်ထိရောက်ရှိနိင်ပါတယ်။ 51.00 ဝန်းကျင်ဈေးတန်းကတော့ အနိမ့်ဈေးဝယ်လိုသူများ စောင့်ကြည့်သင့်တဲ့ Level ဖြစ်ပါတယ်။