ကမ္ဘာ့ရွှေဈေးသုံးသပ်ချက် ( 9-9-2019 to 13-9-2019 ) *************************

     ကမ္ဘာ့ရွှေဈေးဟာ ဒီမနက်မှာတော့ 1507 ဝန်းကျင်နဲ့ဈေးဖွင့်ခဲ့ပြီး လက်ရှိမှာတော့ 1510 ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။ -သောကြာနေ့မှာ အကျအားကောင်းလာခဲ့တဲ့ ရွှေဈေးတန်းဟာ လတ်တလောမှာတော့ Support Zone ဖြစ်တဲ့ 1510-1508 နဲ့ Resistance Zone တခုဖြစ်တဲ့ 1518-1521 ကြားမှာ တည်ရှိနေပါတယ်။ 

    ဈေးကွက်လားရာအနေနဲ့ကြည့်မယ်ဆိုရင် Uptrend မှာ ရှိနေသေးပေမယ့် အားလျော့လာတာကို မြင်တွေ့နိုင်ပါတယ်။ -ဈေးကွက်သုံးသပ်ချက် အနေနဲ့ ကြည့်မယ်ဆိုရင် Support Zone ဖြစ်တဲ့ 1508 -1510 ဝန်းကျင်ဟာ စောင့်ကြည့်ရမယ့် zone တခုဖြစ်ပါတယ်။ 1508 အောက်ကိုဖောက်နိုင်ခဲ့မယ်ဆို အကျအားသာနိင်ပြီး 1493 နဲ့ 1490 ကိုရောက်ရှ်နိင်ပြီး 1508 level မှ အထက်ကို ပြန်ကန်မယ်ဆိုရင် Resistance Zone ဖြစ်တဲ့ 1518-1521 ထိ ပြန်လည်ရောက်ရှိနိုင်ပါသည်။