ကမ္ဘာ့ရွှေဈေးသုံးသပ်ချက် ( 23-9-2019 to 27-9-2019 ) *************************

    ကမ္ဘာ့ရွှေဈေးဟာ ဒီမနက်မှာတော့ 1514 ဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့ပြီး လက်တလောမှာတော့ 😍1520 ဝန်းကျင်ထိ အတက်ပြခဲ့ပါတယ်။

    လက်ရှိအနေအထားမှာတော့ Resistance Zone ဖြစ်တဲ့ 1517 - 1522 ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေပြီး ကြီးမားသော Sideway Zone ဖြစ်တဲ့ 1522 နဲ့ 1486 ကြား တည်ရှိနေပါတယ်။

     ဈေးကွက်သုံးသပ်ချက်အရ ကြည့်မယ်ဆိုရင် ကမ္ဘာ့ရွှေဈေးဟာ အတက်လားရာမှာ ဆက်လက်တည်ရှိနေပါသေးတယ်။  

    တပါတ်တာအတွက် သုံးသပ်ချက်အရ ကမ္ဘာ့ရွှေဈေးဟာ 1522 အထက်မှာတည်ရှိနိုင်မယ်ဆိုရင် Resistance Zone ဖြစ်တဲ့ 1534 -1537 ထိရောက်ရှိနိုင်ပြီး အတက်အားကောင်းခဲ့မယ်ဆိုရင် 1554 - 1557 ကိုပြန်လည်ရောက်ရှိသွားနိုင်ပြီး 1522 ကိုကျော်ဖြတ်နိုင်စွမ်းမရှိခဲ့ရင် Trend Line Support ဖြစ်တဲ့ 1505-1499 ကိုရောက်ရှိနိူင်ပြီး အကျအားကောင်းခဲ့မယ်ဆို 1486 -1484 ထိပြန်လည်ရောက်ရှိနိုင်ပါသည်။  

    ဒီတပါတ်စောင့်ကြည့်သင့်တဲ့ ဈေးတန်းကတော့ အတက်လားရာအတွက်ဆိုရင် 1517-1522 ဖြစ်ပြီး အကျလားရာအတွက်ကတော့ 1505-1499 တို့ပဲဖြစ်ပါတယ်။