ကမ္ဘာ့ရွှေဈေးသုံးသပ်ချက် ( 7-10-19 to 11-10-19 ) -----------------------------------

    - ကမ္ဘာ့ရွှေဈေးဟာ ဒီမနက်မှာတော့ 1511 ဝန်းကျင်မှာဈေးဖွင့်ခဲ့ပြီး လက်ရှိမှာတော့ 1507 ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။

    -ပြီးခဲ့တဲ့တပါတ် အင်္ဂါနေ့ကစတင်တက်ခဲ့တဲ့ ရွှေဈေးဟာ 1460 ဝန်းကျင်မှ 1520 ဝန်းကျင်ထိ အတက်အားကောင်းခဲ့ပါတယ်။ -လက်ရှိကမ္ဘာ့ရွှေဈေးအနေအထားကို ကြည့်မယ်ဆိုရင် Down Channel တခုဖြစ်ပေါ်ထားပါတယ်။

    -သုံးသပ်ချက် အနေနဲ့ ကြည့်မယ်ဆိုရင် ကမ္ဘာ့ရွှေဈေးဟာ Daily Uptrend မှာရှိနေပြီ လတ်တလော အကျအားသာနေပါတယ်။

    - ကမ္ဘာ့ရွှေဈေးဟာ 1500 ဈေးတန်းအောက်မှာ တည်ရှိမယ်ဆို support level များဖြစ်တဲ့ 1481- 1450 ဝန်းကျင်ရောက်ရှိနိုင်ပြီး 1515 အထက်မှာ တည်ရှိနိုင်မယ်ဆို Resistance Level များဖြစ်တဲ့ 1532 - 1568 ဝန်းကျင်ထိရောက်ရှိနိူင်ပါသည်။