ကမ္ဘာ့ရွှေဈေးသုံးသပ်ချက် (16.12.2019 - 20.12.2019)

    အထိ ယခင်အပတ်တွင် ကမ္ဘာ့ရွှေဈေးဟာ 1475ဝန်းကျင်ဖြင့်ဈေးဖွင့်ခဲ့ပြီး အမြင့်ဆုံးဈေး 1477 ဝန်းကျင် အနိမ့်ဆုံးဈေး1473 ဝန်းကျင် အပိတ်ဈေး 1476 ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့ပါတယ် ယခုအပတ်တွင် ကမ္ဘာ့ရွှေဈေးဟာ 1475 ဝန်းကျင်ဖြင့် ဈေးဖွင့်ခဲ့ပြီး လက်ရှိတွင် 1477 နှင့် 1473 ဝန်းကျင်တွင် အရောင်း အဝယ် ဖြစ်နေပါတယ် ကမ္ဘာ့ရွှေဈေးဟာ စက်တင်ဘာ ၅က်နေ့တွင် အမြင့်ဆုံးဈေး ဖြစ်တဲ့1556 ဈေးတန်း မှ ကျဆင်းလာကာ နိုဝင်ဘာ ၁၂ရက်နေ့တွင် အနိမ့်ဆုံးဈေးဖြစ်တဲ့ 1445 ဈေးတန်းသို့ ကျဆင်းလာခဲ့ပါတယ် ကမ္ဘာ့ရွှေဈေးဟာ နိုဝင်ဘာ ၁၂ရက်နေ့ မှ ယနေ့ ဒီဇင်ဘာ ၁၆ရက်နေ့အထိ Sideway အဖြစ်နဲ့ အရောင်းအဝယ် ဖြစ်လျှက် ရှိနေပါတယ် တပတ်တာသုံးသပ်ချက်အနေဖြင့် Resistance ဖြစ်တဲ့ 1480 ဈေးတန်းကို စောင့်ကြည့်သင့်ပါတယ် 1483 အထက်တွင် တည်ရှိပါက 1492 , 1516 ဝန်းကျင်အထိ ရောက်ရှိနိုင်ပြီး 1470 အောက်တွင် တည်ရှိပါက 1465 , 1458 , 1450 ဝန်းကျင်အထိ ရောက်ရှိနိုင်ပါသည်