GBPUSD တစ်ပါတ်စာသုံးသပ်ချက် ( 23.12.2019 - 27.12.2019 )

    ပြီးခဲ့တဲ့တစ်ပါတ်မှာတော့ GBPUSD ဟာ 1.33350 နဲ့ စျေးဖွင့်ခဲ့ပြီး အမြင့်ဆုံးစျေး 1.34217 နဲ့ အနိမ့်ဆုံးစျေး 1.29773 ကြား အတက်အကျဖြစ်ခဲ့ပြီး 1.29962 နဲ့စျေးပိတ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပါတ်တာကာလလုံးစျေးအကျသာအားသာခဲ့ပြီး စျေးကွက်လှုပ်ခပ်မှုကြမ်းခဲ့ပါတယ်။ ဒီတပါတ်မှာတော့ 1.30001 နဲ့စျေးဖွင့်ခဲ့ပြီး လတ်တလောမှာတော့ အဖွင့်စျေးနားမှာပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။

    လက်ရှိစျေးကွက်အနေအထားကိုကြည့်မယ်ဆိုရင် GBPUSD ဟာ စျေးအတက်လားရာမှာပဲ ဆက်လက်ရှိနေပြီး Daily Support Zone မှာတည်ရှိနေပါတယ်။ တပါတ်စာစောင့်ကြည့်သင့်တဲ့ စျေးတန်းကတော့ 1.30160 ပဲဖြစ်ပါတယ်။ သုံးသပ်ချက် အနေနဲ့ကြည့်မယ်ဆိုရင် 1.30160 အထက်မှာတည်ရှိပြီး Bullish Reversal ပြခဲ့မယ်ဆို နောက်ထပ် Resistance Level ဖြစ်တဲ့ 1.313 - 1.331 - 1.342 နဲ့ 1.352 တို့ထိစျေးတက်နိုင်ပါတယ်။

    စျေးကွက်ဟာ အကျဖက်ကိုဆက်လက်အားကောင်းပြီး Daily Support Zone ကို ချိူးဖောက်ခဲ့မယ်ဆိုရင်တော့ နောက်ထပ် Support Level များဖြစ်တဲ့ 1.298 - 1.29 - 1.279 နဲ့ 1.258 တို့ထိစျေးကျနိုင်ပါတယ်။