GBPAUD သုံးသပ်ချက် ******************

    - 19Aug 2019 ကာလမှ စျေးစတင်တက်လာခဲ့တဲ့ GBPAUD ဟာ 2019 Dec ဒုတိယအပါတ်ကျော်လောက်မှာတော့ Strong Resistance Zone ကိုရောက်ရှိခဲ့ပြီး အတက်အား ရပ်တန့်ခဲ့ပါတယ်။ -2019 Dec လမှာ စျေးကွက်လှုပ်ခပ်မှုများခဲ့ပြီး လက်ရှိအနေအထားမှာတော့ အကျဖက်ကိုအားသာလျှက်ရှိနေပါတယ်။

    - Jan ပထမအပါတ်ရဲ့ အနေအထားကိုကြည့်မယ်ဆိုရင်လည်း စျေးအတက်နဲ့ပိတ်ခဲ့ပေမယ့် Seller များဆွဲချခဲ့တဲ့ အားကို တွေ့မြင်နိုင်ပါလိမ့်မယ်။ -စျေးကွက်သုံးသပ်ချက်အရ GBPAUD ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ Weekly Chart ၏ Strong Resistance မှ Reject ဖြစ်လာခြင်း / Daily Time Frame တွင်လည်း အမြင့်မှတ်တခုကို Reject လုပ်ခဲ့ခြင်း / Head & Shoulder Pattern ပုံဖော်နေခြင်းတွေကြောင့် စျေးကွက်သည်အကျဖက်သို့ ဦးတည်မည်ဟု သုံးသပ်မိပါသည်။     

    -သတိထားစောင့်ကြည့်ရမယ့်နေရာကတော့ 1.85200 level ဖြစ်ပြီး အကျအား ဆက်လက်အားကောင်းမယ်ဆို Weekly Trend Line ထိရောက်ရှိနိုင်ပါတယ်။

    -နောက်ထပ် Strong Support Zone ဖြစ်တဲ့ 1.766 ကိုရောက်ရှိနိုင်ဖို့ဆိုရင်တော့ Weekly Trend Line ကိုစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။