နှစ်သစ်ရဲ့ လားရာအသစ်ကြောင့် မှေးမှိန်နေတဲ့ FA ဒေတာတွေ . . .

ဒီတပါတ်မှာ Fundamental ဒေတာတွေထဲအနက် အမေရိကန်နဲ့ အင်္ဂလန်ရဲ့ CPI နဲ့ Retail Sales ဒေတာတွေသာ ရှေ့ဆုံးရောက်နေပါတယ်။ ဒါပေမယ့် နှစ်သစ်ကူးအပြီး ထုံးစံအတိုင်း ဈေးကွက် လားရာတွေ ပြောင်းလဲတတ်တာကြောင့် လတ်တလော ထွက်ရှိတဲ့ FA ဒေတာတွေဟာ သက်ရောက်မှု အားနည်းနေတာတော့ အမှန်ပါ။ ဈေးကွက်ဟာ ယူအက်စ် အီရန် တင်းမာမှု၊ ယူအက်စ် ချိုင်းနား ကုန်သွယ်ရေး သဘောတူညီချက် နဲ့ ဥရောပဇုံက အင်္ဂလန် နုတ်ထွက်မယ့် အခြေအနေတွေကို စောင့်ကြည့် နေကြပါတယ်။ . . .

Consumer Price Index ခေါ်တဲ့ CPI အညွှန်းကိန်းမှာ US ကော UK ပါ သိပ်မပြောင်းလဲနိုင်ဘူးလို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။ Retail Sales မှာတော့ US ကော UK ပါ တိုးတက်လာတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါကိုလေ့လာကြည့်ရင် ငွေကြေးဖောင်းပွမှုဟာ နိုင်ငံကြီးတွေမှာ အကြမ်းအားဖြင့် တည်ငြိမ်နေတယ်လို့ ခန့်မှန်းရပြီး Emerging Market တွေထဲက တရုတ်နဲ့ အိန္ဒိယဟာ ဆိုးဝါးတဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကို စတင်ခံစားနေရတယ်လို့ သိရပါတယ်။ ဒါတွေဟာ လက်ရှိ Trade War ရဲ့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ဗီယက်နမ်နဲ့ ထိုင်းဟာ ရင်းနှီးမြုပ်နှံမှု အသစ်တွေ တိုးတက်လာတာကြောင့် Deflation ငွေကျုံ့သွားလို့ အခက်အခဲ ဖြစ်နေရတယ်လို့ သိရပါတယ်။ . . .

ယခုတပါတ် သတိထားစောင့်ကြည့်ရမယ့် Speaks တွေထဲမှာတော့ ဂျပန်ဗဟိုဘဏ် ဥက္ကဌ ကူရိုဒါနဲ့ ဥရောပ ဗဟိုဘဏ် ဥက္ကဌ လာဂါဒေး တို့ ပါဝင်ပါတယ်။ ယန်းတန်ဖိုးဟာ ယခုနှစ်သစ်ကူးမှာ သိသိသာသာ တိုးတက်လာတာတွေ့ရပီး ပထဝီနိုင်ငံရေး အနေအထားတွေကြောင့်လို့ သုံးသပ်နိုင်ပါတယ်။ ယူရိုတန်ဖိုးကတော့ ဒေသတွင်း စိန်ခေါ်မှုနဲ့ အကြပ်အတည်းများကြောင့် တိုးတက်မှု အရှိန်မရလာသေးတာ တွေ့ရပါတယ်။ လာဂါဒေးအနေနဲ့ ဒီတခေါက်မှာလည်း ဘယ်လိုဗျူဟာတွေ ချပြသွားမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။ . . .

လက်ရှိ Currency Index များအနေနဲ့ အာရှငွေကြေးတွေဖြစ်တဲ့ NZD, AUD, JPY တွေ ထိပ်ဆုံးရောက်နေပြီး GBP ကတော့ အောက်ဆုံးမှာ ရောက်နေပါတယ်။ USD အညွှန်းကိန်း တိုးတက်လာတာ တွေ့ရပြီး CAD အညွှန်းကိန်းကတော့ ကျဆင်းနေပါတယ်။ ဒီတပါတ် တော့ ဈေးကွက်လှုပ်ခတ်မှု အားအကောင်းဆုံး ငွေကြေးတွေအဖြစ် GBP, USD နဲ့ JPY ကို ရွေးချယ်ပေးချင်ပါတယ်။ . . .

ရောင်းကံ ဝယ်ကံ ကောင်းကြပါစေ . . .

#NotesOfSayaHtet #WeekAhead #Forex