၂၀၂၀ နှစ်သစ်ကို ကြိုဆိုကြမယ့် ဘဏ်များနဲ့ ထူးထူးခြားခြား WEF . . .

ဒီတပါတ်မှာ Fundamental ဒေတာတွေထဲက အရေးကြီးတဲ့ အတိုးနှုန်းကြေငြာချက်တွေ ပါဝင်ပါတယ်။ ဒီနေ့ ၂၂ ရက် ဗုဒ္ဓဟူးနေ့ည ၉ နာရီခွဲမှာ ကနေဒါ ဗဟိုဘဏ်ရဲ့ အတိုးနှုန်း၊ မနက်ဖြန် ၂၃ ရက် ကြာသပတေးနေ့ည ၇ နာရီခွဲမှာ ဥရောပ ဗဟိုဘဏ်ရဲ့ အတိုးနှုန်း တို့ဘဲ ဖြစ်ပါတယ်။ အာရှဘဏ်ကြီး ၂ ခုဖြစ်တဲ့ ဂျပန် ဗဟိုဘဏ်နဲ့ တရုတ် ဗဟိုဘဏ် တို့ကတော့ မနေ့က အတိုးနှုန်း မပြောင်းလဲဘဲ ထားရှိခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။ ထူးထူးခြားခြား အမေရိကန်ဒေတာတွေ ဒီတပါတ်မရှိဘဲ နှစ် ၅၀ ပြည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာတော့ ထရမ့်ဟာ ထုံးစံအတိုင်း ပြောချင်ရာတွေ ပြောခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတခုအဖြစ်သာ သတ်မှတ်ခဲ့ပုံ ရပါတယ်။ . . .

ကနေဒါဟာ အတိုးနှုန်းမထွက်ခင် ၁နာရီကျော်စောပြီး လပါတ် စားသုံးသူအညွှန်းကိန်း (CPI) ထွက်ဖို့ ရှိပါတယ်။ ဒါပေမယ့် အတိုးနှုန်းဒေတာက ပိုအရေးကြီးတဲ့ အတွက် များများစားစား လှုပ်ခတ်မယ် မထင်ပါဘူး။ ကနေဒါဟာ လက်ရှိ အတိုးနှုန်း 1.75% မှာ ရှိနေပြီး မပြောင်းနိုင်ဘူးလို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းဟာ ပီးခဲ့တဲ့ နိုဝင်ဘာအထိ 2.2% ရှိနေခဲ့ပြီး ကွာဟချက်သိပ်မများတာကို တွေ့ရပါတယ်။ CAD အညွှန်းကိန်းဟာ အမြင့်တန်းမှာ ရှိနေပြီး ၂၀၂၀ ဇန်နဝါရီအတွင်း Resistance Zone မှာ တည်ရှိနေတာကို တွေ့ရပါတယ်။ သောကြာနေ့မှာတော့ Retail Sales ဒေတာ ထွက်ရှိမှာ ဖြစ်ပါတယ်။ . . .

ဥရောပဟာ ငွေကြေးဆိုင်ရာ နည်းဗျူဟာ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ဥက္ကဌသစ် လာဂါဒေး အနေနဲ့လည်း ဘယ်နည်းလမ်း သုံးရင်ကောင်းမလဲဆိုတာ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်သေးဘူး ထင်ပါတယ်။ သူမအနေနဲ့ တကွက်ရွှေ့ပြီး ၂ ကောင်လောက် ကင်းဝင်ချင်နေပုံ ရပါတယ်။ မီဒီယာမေးမြန်းချက်တွေမှာလည်း ပြတ်သားတဲ့ လူပုံစံတွေ့ရပေမယ့် သူမဘယ်လိုဆောင်ရွက်မယ်ဆိုတာကိုတော့ ယခုထိ ပြတ်ပြတ်သားသား မသိရသေးပါဘူး။ ဥရောပ ဗဟိုဘဏ်ဟာ ကြာသပတေးနေ့ညမှာ အတိုးနှုန်း မပြောင်းနိုင်ဘူးလို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ စိန်ခေါ်မှုတွေ အများအပြား ရှိနေတဲ့ကြားက လာမယ့် ဇန်နဝါရီ ၃၁ မှာတော့ Brexit ကိစ္စအပြီးသပ် လုပ်ဆောင်တော့မှာပါ။ လာဂါဒေးအနေနဲ့ လက်ရှိအကြပ်အတည်း အပြင် Brexit အလွန် ကိစ္စရပ်တွေအတွက် ကြိုတင်ပြင်ဆင်နေပုံရပါတယ်။ EUR အညွှန်းကိန်းဟာ Support Zone မှာ ရောက်နေတာ လအနည်းငယ် ကြာနေပြီဖြစ်ပါတယ်။ . . .

အခြားဒေတာတွေ အနေနဲ့ သြဇီရဲ့ အလုပ်အကိုင်ဒေတာနဲ့ နယူးဇီလန်ရဲ့ စားသုံးသူ အညွှန်းကိန်းတို့သာ ရှိပါတယ်။ ဒီတပါတ်အတွက် ရွေးချယ်ပေးချင်တဲ့ Currency တွေ အနေနဲ့ CAD, EUR နဲ့ NZD တို့ဘဲ ဖြစ်ပါတယ်။ . . .

ရောင်းကံ ဝယ်ကံ ကောင်းကြပါစေ . . . . .

#NotesOfSayaHtet #WeekAhead #Forex