ဇန်နဝါရီ နောက်ဆုံးပါတ်ရဲ့ Fed အတိုးနှုန်း နဲ့ Brexit Deadline . . .

ဒီတပါတ်မှာ တော့ ကမ္ဘာ့ထိပ်သီး ဗဟိုဘဏ်ကြီးဖြစ်တဲ့ အမေရိကန် ဗဟိုဘဏ် (Fed) ရဲ့ အတိုးနှုန်းက ဦးစားပေး ထိပ်ဆုံးမှာ ရှိပါတယ်။ ကြာသပတေးနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ဖြစ်ပြီး ၂ နာရီမှာတော့ Fed ဥက္ကဌ ပေါင်းဝဲလ် သတင်းစာရှင်းလင်းပွဲ လုပ်မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာဘဲ ညနေ ၆ နာရီခွဲမှာ အင်္ဂလန် ဗဟိုဘဏ်ဟာ အတိုးနှုန်းကြေငြာမှာ ဖြစ်ပြီး ၇နာရီမှာတော့ ဥက္ကဌ ကာနေရဲ့ သတင်းစာ ရှင်းလင်းပွဲ ဖြစ်ပါတယ်။ ကာနေးရဲ့ သက်တမ်း နောက်ဆုံး အတိုးနှုန်း ဆုံးဖြတ်ချက် ဖြစ်မလာဘဲ။ နောက်ဆုံးရက် ဇန်နဝါရီ ၃၁ ကမ္ဘာစံတော်ချိန် GMT ည ၁၁ နာရီမှာတော့ အင်္ဂလန်ဟာ ဥရောပဇုံမှ အောင်မြင်စွာ ထွက်ခွာမှာ ဖြစ်ပါတယ်။ . . .

၂၀၂၀ နှစ်သစ် စကတည်းက ဇန်နဝါရီ တလလုံးနီးပါး အနိဌာရုံတွေဘဲ မြင်ရကြားရ ဖြစ်နေပြီး Market Psychology မှာ Fear တွေ လွှမ်းမိုးချုပ်ကိုင်နေတယ် ဆိုပါတယ်။ Safe Heaven Assets တွေဖြစ်တဲ့ ရွှေ နဲ့ JPY တန်ဖိုးတွေ မြင့်တက်နေပြီး Commodity Assets တွေဖြစ်တဲ့ ရေနံ နဲ့ CAD တန်ဖိုးတွေ ကျဆင်းနေပါတယ်။ ဒါတွေဟာ TA လည်းမဟုတ် FA လည်းမဟုတ်ဘဲ SA Setiment သဘောအရ ဈေးကွက်ကို လာပြီး သက်ရောက်နေတာ ဖြစ်ပါတယ်။ ဈေးကွက်ဟာ လုပ်ရိုးလုပ်စဉ်နည်းလမ်းတွေ အသုံးမဝင်တော့တဲ့အခါ လူသားတွေရဲ့ အခြေခံ ပင်ကိုယ်အသိညဏ် (Basic Instinct) နဲ့သာ သွားလာတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် သတိထားပြီး အရောင်းအဝယ် လုပ်စေလိုပါတယ်။ အထူးသဖြင့် Over Trade မဖြစ်အောင် ဂရုစိုက်ရပါမယ်။ . . .

ed ဟာ လက်ရှိအတိုးနှုန်း 1.75% မှာဘဲ ဆက်လက် ထိန်းထားနိုင်ပြီး လတ်တလော ပြင်ဆင်ရန်မလိုသေးတဲ့ အခြေအနေ ရှိပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ တခေါက်က ပေါင်းဝဲလ်ကအတိုးနှုန်းကို အလောသုံးဆယ် မပြောင်းဘူးလို့ ဆိုထားပါတယ်။ US China Phase One Deal ဖြစ်သွားခဲ့ပေမယ့် ငွေလဲနှုန်းနဲ့ပါတ်သက်တဲ့ အသေးစိတ်အခြေအနေတွေကို ၂ ဖက်လုံးက ပြောမသွားခဲ့ပါဘူး။ ဒေါ်လာ အညွှန်းကိန်းဟာ ဒီနှစ် ဇန်နဝါရီလအစ ကနေ 2% နီးပါး တိုးတက်လာတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Minor Resistance Zone မှာ တည်ရှိနေတာ တွေ့ရပါတယ်။ . . .

BOE အနေနဲ့ အတိုးနှုန်း ကြေငြာဖို့ ရှိပေမယ့် လက်ရှိအတိုးနှုန်း 0.75% ကိုဘဲ မပြောင်းလဲလိုတာ တွေ့ရပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကလည်း 1.3% သာ ရှိတာကြောင့် သိပ်ပီး အပြောင်းအလဲ လုပ်စရာမလိုဘူးလို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။ ကာနေးအနေနဲ့ နောက်ဆုံးလက်ကျန် သက်တမ်းအတွင်း ထူးထူးခြားခြား အပြောင်းအလဲ လုပ်မှာ မဟုတ်သလို အရင်တခေါက် အတိုးနှုန်းကြေငြာစဉ် ကြိုတင်သတင်းပေါက်ကြားမှု ရှိခဲ့တာကြောင့် အတော်ဂရုစိုက်ရမှာပါ။ အင်္ဂလန် ဗဟိုဘဏ်အတွက် အဓိက စိန်ခေါ်မှုကတော့ ၃၁ ရက်နေ့ Brexit အပြီး အပြောင်းအလဲ ကာလ စတင်လိုက်ချိန်မှာ GBP ရဲ့ ငွေကြေးတန်ဖိုး ဆိုးဆိုးဝါးဝါး မပြောင်းလဲအောင် ဂရုစိုက်ရမှာဘဲ ဖြစ်ပါတယ်။ . . . ဒီတပါတ်အတွက် လှုပ်ခတ်မှု အများဆုံး ဖြစ်နိုင်တဲ့ Currency တွေ ကတော့ GBP, USD နဲ့ CAD တို့ဘဲ ဖြစ်ပါတယ်။ . . .

ရောင်းကံ ဝယ်ကံ ကောင်းကြပါစေ . . .

#NotesOfSayaHtet #WeekAhead #Forex