အမြော်အမြင် ရှိတဲ့ ဆုံးဖြတ်ချက်ကြောင့် တက်သွားတဲ့ NZD . . .

ယနေ့မနက် ၇ နာရီခွဲ အချိန်မှာ နယူးဇီလန် ဗဟိုဘဏ်မှ အတိုးနှုန်း 1% ကို မပြောင်းလဲဘဲ ဆက်လက်ထိန်သိမ်းသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီ ကြေငြာချက်အပြီးမှာ နယူးဇီလန်ဒေါ်လာ တန်ဖိုးအညွှန်းကိန်းဟာ ထိုးတက်ခဲ့ပါတယ်။ ဗဟိုဘဏ် ဥက္ကဌ အေဒရီယန် သြော (ကိုသြ) ဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချအပြီးမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ . . .

ပြောခဲ့တဲ့ အချက်တွေထဲက ကောက်နှုတ်တင်ပြရမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ ပါတ်သက်ပြီး လတ်တလော နှေးကွေးနေကြောင်း လောလို့မရကြောင်း ပုံမှန်ကြိုးစားသွားရမှာ ဖြစ်ကြောင်း၊ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပါတ်သက်ပြီး နိုင်ငံ့ စီးပွားရေးမှာ ထိခိုက်မှု ရှိလာနေသောကြာင့် ကောင်းစွာပြင်ဆင်ထားကြောင်း၊ ယခု ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုဟာ နောက်ထပ် ရက်သတ္တ ခြောက်ပါတ်ခန့် ကြာမြင့်နိုင်ကြောင်း၊ အဓိကအားဖြင့် ခရီးသွားလုပ်ငန်းကဏ္ဏအတွက် မူဝါဒဆိုင်ရာနဲ့ နည်းဥပဒေများ update ပြင်ဆင်ထားကြောင်း ပြောကြားပါတယ်။ . . .

အတိုးနှုန်းနဲ့ ပါတ်သက်ပြီး မေးမြန်းရာတွင် ယခုနှစ်ထဲ နောက်ထပ် အတိုးနှုန်း ထပ်ချဖို့ မစဉ်းစားသေးကြောင်း၊ ဗဟိုဘဏ် အနေနဲ့ နိုင်ငံစီးပွားရေးကို ငွေဈေးလေးထိန်းကြောင်းရုံနဲ့ မြင့်တင်နိုင်မယ်ဆိုတာ လက်တွေ့မဆန်ကြောင်း၊ အများပြည်သူ ချောင်လည်စွာ သုံးစွဲနိုင်ရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ရေးတို့သာ လက်တွေ့ဆန်တဲ့ အလုပ်တွေဖြစ်လို့ ဦးစားပေးလုပ်သွားမယ်လို့ ဖြေကြားသွားပါတယ်။ . . .

နယူးဇီလန် ဒေါ်လာ အညွှန်းကိန်းဟာ 2020 နှစ်ဆန်းကစလို့ ကျဆင်းလာခဲ့ပြီး စီးပွားရေးနှေးကွေးမှု နဲ့ ဝူဟန်အန္တရယ်တွေကြောင့် ကျဆင်းနေခဲ့ရာက Support Zone ရောက်နေခဲ့ပြီးမှ ပြန်လည် တက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းဟာ 1.9% ရှိနေခဲ့ပြီး Balance Sheet ဟာလည်း ကောင်းမွန်နေတာ ဖြစ်ပါတယ်။ . . .

ရောင်းကံ ဝယ်ကံ ကောင်းကြပါစေ . . .

#NotesOfSayaHtet #WeekAhead #Forex