၃၉ နှစ်အရွယ် Goldman Sachs မှ Hedge Fund Manager ဟောင်း ဟင်ဒူအမျိုးသား အင်္ဂလန်တွင် ဘဏ္ဏာရေးဝန်ကြီးဖြစ် . . .

ယနေ့ညနေ ၄ နာရီဝန်းကျင်တွင် ဝန်ကြီးချုပ် ဂျွန်ဆင်၏ Brexit အပြီး ကက်ဘိနက်အသစ်တွင် ပွဲထွက်လာသည့် လူတဦးကြောင့် ဈေးကွက်အတွင်း လှုပ်ခတ်မှု ဖြစ်ခဲ့ပြီး စတာလင်ပေါင် GBP တန်ဖိုး ထိုးတက်ခဲ့ပါတယ်။ အသက် ၃၉ နှစ်သာ ရှိသေးသည့် ရီရှီး ဆွန်နက် ဆိုသူ ဟင်ဒူအမျိုးသား ဟာ အင်္ဂလန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် ၁၀ ဦးတွင် ပါဝင်သော Chancellor of Exchequer အမျိုးသားဘဏ္ဏာရေး အဓိပတိ တယောက် ဖြစ်လာခဲ့ပါတယ်။ . . .

သူရဲ့ ဘဏ္ဏာရေး အမြင်တွေဟာ Brexit အလွန်ကာလတွေမှာ များစွာသက်ရောက်မှု ရှိခဲ့တာ ဖြစ်ပြီး Brexit နဲ့ ပါတ်သက်လို့ အကောင်းမြင်ထားပီး ဘဏ္ဏာရေးဝန်ကြီးဌာန အတွင်းရေးမှုးအဖြစ် ဝန်ကြီးချုပ် ဂျွန်ဆင်ကို အကြံပေးနေခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၂၀၁၅ ကမှ လွှတ်တော်အမတ်အဖြစ် နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့သူ ဖြစ်ပေမယ့် ကွန်ဆာဗေးတစ်တွေရဲ့ အားကိုးရတဲ့ ဘဏ္ဏာရေး ကျွမ်းကျင်သူ ဖြစ်ခဲ့ပါတယ်။ . . .

သူဟာ နာမည်ကြီး Winchester College မှာ ကျောင်းတက်ခဲ့ပြီး သူ့အဖေကတော့ ဟင်ဒူလူမျိုး ဆရာဝန်တယောက် ဖြစ်ပါတယ်။ ဘွဲ့တွေကိုတော့ Oxford နဲ့ Stanford တက္ကသိုလ်တွေက ရရှိထားပြီး ကျောင်းပီးတာနဲ့ Goldman Sachs မှာ အလုပ်ဝင်ခဲ့တာ ဖြစ်ပါတယ်။ ထိပ်တန်း Hedge Fund တခုဖြစ်တဲ့ TCI မှာလည်း ဘီလီယံတန်ဖိုးရှိ Hedge Fund Manager အဖြစ် ၃ နှစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။ နိုင်ငံရေးလောကထဲ မဝင်မီအချိန်ထိ Fund Manager နဲ့ Banker အဖြစ်ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ . . .

သူဟာ သမီးနှစ်ယောက် မွေးထားပြီး သူ့ယောက်ခမကတော့ အိန္ဒိယက ဘီလီယံနာ Infosys တည်ထောင်သူ သူဌေး ဖြစ်ပါတယ်။ သူ့ရဲ့ ထူးချွန်ထက်မြက်တဲ့ Personality ကြောင့် ဘဏ္ဏာရေး နယ်ပယ်မှာ နာမည်ကြီးခဲ့ပြီး ယခုလို အတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ သူဟာ Brexiteer တွေကို Corporation Tax တွေ လျော့ချပေးမယ်၊ Capital Gain Tax တွေ လျော့ချပေးမယ်၊ Infrastructure ပိုင်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေ ကို အင်္ဂလန်စီးပွားရေးအတွက် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ . . .

ရောင်းကံ ဝယ်ကံ ကောင်းကြပါစေ . . .

#NotesOfSayaHtet #WeekAhead #Forex