COVID-19 Fear နှင့် Fed နောက်လိုက်ကြသော ဗဟိုဘဏ်များ . . .

ဒီတပါတ် ပုံမှန် မတ်လအတိုးနှုန်း အစီအစဉ်အရ သြဇီ နဲ့ ကနေဒါ ဘဏ်ကြီး ၂ ခုသာ အတိုးနှုန်း စဉ်းစားဖို့ ရှိနေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အင်္ဂါနေ့က အမေရိကန် ဗဟိုဘဏ် ရဲ့ အစီအစဉ်မရှိဘဲ ရုတ်တရက်အတိုးနှုန်း 50bps လျော့ချလိုက်တာကြောင့် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း လှုပ်ခတ်မှု ပြင်းထန်ခဲ့ပါတယ်။ COVID-19 အရေးပေါ်အခြေအနေကြောင့် ဆိုပြီး အတိုးနှုန်း ရုတ်တရက်လျော့ချလိုက်တဲ့ Fed အပြီးမှာတော့ ကမ္ဘာအရပ်ရပ်က ဗဟိုဘဏ်တွေဟာ အတိုးနှုန်း လိုက်လံလျော့ချခဲ့ပါတယ်။ . . .

Fed အတွက်တော့ ပြီးခဲ့တဲ့ 2008 Recession အပြီး ပထမဆုံးအကြိမ် အရေးပေါ်အခြေအနေနဲ့ အတိုးနှုန်း လျော့ချလိုက်ခြင်းဘဲ ဖြစ်ပါတယ်။ Fed ထက်စောပြီး သြဇီ ဗဟိုဘဏ်၊ အင်ဒိုနီးရှား ဗဟိုဘဏ် နဲ့ မလေးရှား ဗဟိုဘဏ်တို့ဟာ 25 bps စီ အသီးသီး လျော့ချခဲ့ပါတယ်။ အဓိက အကြောင်းရင်းဟာလည်း COVID-19 ဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် Fed အတိုးနှုန်းပြီးတာနဲ့ မတ်လ ၃ ရက်နေ့မှာဘဲ ဆော်ဒီ 50bps ဘာရိန်း 50bps ယူအေအီး 50bps ဟောင်ကောင် 50bps မကာအို 50bps ကာတာ 75bps ကူဝိတ် 25bps ဂျော်ဒန် 50bps မော်ဒိုဗာ 100bps ကနေဒါ 50bps စသည်ဖြင့် အသီးသီး အတိုးနှုန်းများကို လိုက်လံ လျော့ချခဲ့ကြပါတယ်။ . . .

ယခုတခေါက် Fed အတိုးနှုန်းအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဥက္ကဌ ပေါင်းဝဲလ် ရဲ့ ဖြေကြားမှုတွေဟာ အားရစရာမရှိဘူးလို့ အတော်များများက သုံးသပ်ထားကြပါတယ်။ အဓိက အနေနဲ့ State of Emergency မှာ Fed ပေါ်လစီပိုင်း မခိုင်မာမှာ ဥက္ကဌအနေနဲ့ တွန့်ဆုတ်နေမှာတွေကို အများပြည်သူက စိုးရိမ်နေကြပါတယ်။ COVID-19 အလွန် ကာလတွေမှာလည်း စီးပွားရေးတိုးတက်အောင် ဆောင်ရွက်မယ့် အစီအစဉ်တွေကိုလည်း သိရှိလိုကြတာ ဖြစ်ပါတယ်။ ဗဟိုဘဏ် ဥက္ကဌ အဆက်ဆက် ပေါင်းဝဲလ် ဟာ အညံ့ဆုံးဘဲလို့ ဆိုရှယ်မီဒီယာတွေမှာ ပစ်တင်ပြောဆို ခံနေရပါတယ်။ . . .

ဒီတပါတ် အစောပိုင်းမှာတော့ Fed, ECB, BOE, BOJ စတဲ့ ထိပ်သီး ဗဟိုဘဏ်ကြီးတွေဟာ COVID-19 နဲ့ ပတ်သက်ပြီး သင့်တော်သလို တုန့်ပြန်သွားမယ်လို့ OECD ဆွေးနွေးပွဲမှာ ကြေငြာသွားခဲ့ပါတယ်။ Fed ရဲ့ Supprise လုပ်မှုကြောင့် ရွှေဟာ တအောင်စ ဒေါ်လာ ၅၀ ခန့် ခုန်တက်သွားပြီး US စတော့တွေကတော့ Point 200 လောက် ပြုတ်ကျ သွားခဲ့ပါတယ်။ ဘာဘဲဖြစ်ဖြစ် ထရမ့်ကတော့ သူ့စိတ်တိုင်းကျ ဖြစ်သွားခဲ့ပေမယ့် မလုံလောက်သေးဘူးလို့ ဆိုပါတယ်။ . . .

ရောင်းကံဝယ်ကံ ကောင်းကြပါစေ။ . . .

#NotesOfSayaHtet #Forex #InterestRate