မင်းသားလေးရဲ့ အမျက် နဲ့ တပူပေါ် ၂ ပူဆင့်တဲ့ အာရှဈေးကွက် . . .

ပြီးခဲ့တဲ့ တပါတ်ကတော့ ကမ္ဘာကို လှုပ်ခတ်တဲ့ စံချိန်တင် FA သတင်းတွေ လှိုင်လှိုင်ထ ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ စီစဉ်ထားမှုမရှိဘဲ အင်္ဂါနေ့မှာ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း ၂ဆလျော့လို့ ရွှေဈေးတွေ ထိန်းမရအောင်တက်ခဲ့၊ ဒေါ်လာနဲ့ စတော့တွေ ကျဆင်းခဲ့တာ တွေ့ရပါတယ်။ အဲ သောကြာနေ့မှာတော့ အိုပက်+ ထိပ်သီးအစည်းအဝေးမှာ ပူတင်ဟာ ရေနံလျော့ထုတ်ဖို့ သဘောမတူဘဲ Price War ဖြစ်ဖို့ မီးစမွှေးခဲ့တာ ဖြစ်ပါတယ်။ . . .

အရမ်ကို ရှယ်ယာဈေး ၂ ဆ ဖြစ်အောင် ရည်မှန်းထားပေမယ့် အိုင်ပီအိုဈေးအောက် ရောက်သွားလို့ စိုးရိမ်နေတဲ့ ဆော်ဒီ အိမ်ရှေ့မင်းသားကို ဒေါသဆွ ပေးထားခဲ့ပါတယ်။ ခါတိုင်း လက်ဝါးခြင်းရိုက်နေတဲ့ သူတို့ ၂ရောက် တစိမ်းပြင်ပြင် ဖြစ်ခဲ့ကြတာပါ။ ဒီသက်ရောက်မှုက ဆော်ဒီကို ထုတ်နိုင်သမျှရေနံ အားလုံးထုတ်မယ်လို့ ဆုံးဖြတ်စေခဲ့ပြီး Price War အသွင်ဆောင်ကာ ALL IN လုပ်စေခဲ့ပါတယ်။ ရုရှားဟာ US Energy Sector ကို ရည်မှန်းတိုက်ခိုက်ခဲ့ပေမယ့် လတ်တလော ခံစားနေရတာတော့ အိုပက် အဖွဲ့ဝင်တွေပါ။ . . .

US Energy Sector ဟာလည်း နှစ် ၂၀ အတွင်း အဆိုးဝါးဆုံး အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ဘာဘဲဖြစ်ဖြစ် ဒီအခြေအနေတွေကနေ ကယ်တင်နိုင်သူဟာ ထရမ့်ဘဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ ရေနံဈေးဟာ ပြီးခဲ့တဲ့ ပင်လယ်ကွေ့စစ်ပွဲအတွင်းက ဈေးတန်းမှာ ရောက်နေဘီ ဖြစ်ပါတယ်။ Support Zone ရောက်နေဘီ ဆိုပေမယ့် ခိုင်မာတဲ့ အကြောင်းပြချက် မတွေ့မချင်း အဝယ်မြင်တွေ့မှာ မဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။ . . .

COVID-19 နဲ့ ရေနံ Price War တွေကြောင့် အာရှဈေးကွက်အတွင်း Big Market Sell Off တွေ ဖြစ်ခဲ့ပါတယ်။ အဓိက Commodity Currency တွေဖြစ်တဲ့ CAD, AUD နဲ့ NZD တွေ အားလုံးနီးပါး ကျဆင်းခဲ့ပြီး JPY, CHF စတဲ့ Safe Heaven တွေ တက်နေခဲ့တာပါ။ ဒီတပါတ်အတွက် လာမယ့် ကြာသပတေးမှာ Euro ဗဟိုဘဏ် အတိုးနှုန်း စဉ်းစားဖို့ ရှိနေပြီး ဈေးကွက်အတွင်း မှာ Fear နဲ့ Anger တွေ လွှမ်းမိုးနေတာ မြင်တွေ့ရပါတယ်။ . . .

***အရောင်းအဝယ် လုပ်သူတွေကို အထူးမှာချင်တာကတော့ SL TP အမြဲထားပါ။ မထားနိုင်ရင် Lock ခတ်ပါ။

ရောင်းကံဝယ်ကံ ကောင်းကြပါစေ။ . . .

NotesOfSayaHtet #Forex #PriceWar