Supprise ထပ် လုပ်လိုက်တဲ့ ပေါင်းဝဲလ်၊ လက်ဦးသွားတဲ့ ကိုသြ နဲ့ ဗဟိုဘဏ်များ . . .

ဒီနေ့အာရှဈေးကွက်အဖွင့် မနက်အစော ၃ နာရီခွဲမှာတော့ အမေရိကန်ဗဟိုဘဏ်ဟာ အတိုးနှုန်းကို သုညနီးပါးဖြစ်သော ဝ.၂၅% အထိ ရုတ်တရက် လျော့ချခဲ့ပါတယ်။ တကယ်ဆိုလျှင် လာမယ့် ၁၈ ရက်နေ့မှာ အတိုးနှုန်းထပ်မံဆုံးဖြတ်မယ့် အစီအစဉ်ရှိပေမယ့် ထရမ့်ရဲ့ မှတ်ချက်တွေကို မခံစားနိုင်တော့တဲ့ ပေါင်းဝဲလ်ဟာ ဈေးကွက်ကို Supprise လုပ်ခဲ့ပါတယ်။ အဓိကဆင်ခြေကတော့ COVID-19 ဖြစ်ပြီ ဈေးကွက်တန်ဖိုး စုစုပေါင်း ၇၀၀ ဘီလီယံဒေါ်လာကို ထည့်သွင်းပေးခဲ့တဲ့အပြင် အစိုးရဘွန်းများကိုလည်း အမြောက်အမြား ဝယ်ယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ . . .

ပေါင်းဝဲလ်မတိုင်ခင် မနက် ၁နာရီခွဲမှာတော့ နယူးဇီလန် ဗဟိုဘဏ်ဥက္ကဌ ကိုသြဟာ ဝ.၂၅%သို့ ရုတ်တရက်လျော့ချသွားခဲ့ပြီး လက်ဦးမှု ရယူခဲ့ပါတယ်။ တကယ်ဆိုရင် RBNZ ဟာ နောက်တပါတ်မှသာ အတိုးနှုန်း ဆုံးဖြတ်မှာပါ။ ယခင်တပါတ်ကလည်း အင်္ဂလန်ဗဟိုဘဏ်ဟာ ဝ.၂၅% အထိ ရုတ်တရက်အတိုးလျော့ချခဲ့ပါသေးတယ်။ ဥရောပဗဟိုဘဏ်ကတော့ အတိုးနှုန်း သုည ဖြစ်နေတာကြောင့် ထပ်မံမလျော့ချတော့ဘဲ အတိုးမဲ့ချေးငွေပုံစံသစ် တခုကိုသာ မိတ်ဆက်ပေးခဲ့ ပါတယ်။ ဥရောပဇုန်ထဲက အီတလီဟာ လက်ရှိ Impact အများဆုံး ဖြစ်နေတာ တွေ့ရပါတယ်။ . . .

ဒီတပါတ်ထဲ နောက်ထပ် အတိုးနှုန်းချမယ့် ဘဏ်တွေ ရှိသလို အဓိကဘဏ်ကြီးတွေဖြစ်တဲ့ ဂျပန်နဲ့ ဆွဇ်ဇာလန် ဘဏ်ကြီးတွေလည်း ပါဝင်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက အဲဒီ ဘဏ် ၂ ခုလုံးဟာ အနှုတ်အတိုးနှုန်းကျင့်သုံးလျှက်ရှိပြီး ဘယ်လို စီးပွားရေးနှိုးဆွမှုတွေ လုပ်သွားမယ်ဆိုတာ စောင့်ကြည့်ရမှာပါ။ မနက်ဖြန်မှာလည်း သြစတေးလျ ဗဟိုဘဏ်က ငွေကြေးပေါ်လစီ အစည်းအဝေး ရှိပါတယ်။ လာမယ့် ၂၀ ရက်နေ့မှာတော့ တရုတ်နဲ့ ရုရှား ဗဟိုဘဏ်ကြီးတွေ အတိုးနှုန်း ကြေငြာသွားဖို့ ရှိနေပါတယ်။ . . .

လတ်တလော ငွေကြေး အညွှန်းကိန်းများ အနေနဲ့ မတ်လဆန်းကစပြီး ဒေါ်လာ၊ ယန်း၊ ယူရိုနဲ့ ဆွဇ်ဖရန့်တေ ဈေးတက်နေပြီး ကျန်ငွေကြေးတွေ တန်ဖိုးကျနေပါတယ်။ အခြေခံ Fundamental Data တွေထက် ရုတ်တရက်အတိုးနှုန်းချတဲ့ Breaking သတင်းတွေကို အာရုံစိုက်ဖို့ လိုပါတယ်။ ကမ္ဘာ့ဈေးကွက်ဟာ ပုံမှန်အခြေအနေ မဟုတ်တဲ့အတွက် သတိထားပြီး အရောင်းအဝယ်လုပ်ဖို့ မပေါ့ဆဖို့ အထူးအရေးကြီးပါတယ်။ . . .

ရောင်းကံဝယ်ကံ ကောင်းကြပါစေ . . .

#NotesOfSayaHtet #Forex #CentralBanks