မကြုံစဖူး စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ ကမ္ဘာ့ရွှေဈေးကွက်

ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန် ဗဟိုဘဏ်ဟာ QE ကို အသက်သွင်းဖို့ ဒေါ်လာ ၁.၅ ထရီလီယံ ကို ဈေးကွက်ထဲကို ထည့်သွင်းသွားမယ်လို့ ဆိုခဲ့ပါတယ်။ ဒေါ်လာလိုအပ်ချက်ကိုလည်း ၂၀၀၉ တုန်းကအတိုင်း လိုအပ်ရင် ရိုက်ထုတ်သွားမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဲဒီနေ့မှာဘဲ ကမ္ဘာ့ရွှေဈေးကွက်အတွင်းမှာ ကမောက်ကမတွေ ဖြစ်သွားခဲ့ပြီး တအောင်စ ၁၄၉၀ ဝန်းကျင်မှ ၁၅၆၅ ဝန်းကျင်အထိ ဈေးခုန်တက် သွားခဲ့ပါတယ်။ နောက်တရက်မှာတော့ တအောင်စကို ၁၆၄၀ ဝန်းကျင်အထိ ရောက်ရှိခဲ့ပြီး ၁၀စုနှစ်အတွင်း အတက်နိုင်ဆုံး နေ့ရက်များအဖြစ် စံချိန်တင် ခဲ့ပါတယ်။ XAUUSD D1 အကျိုးဆက် အနေနဲ့ ကမ္ဘာ့ရွှေဈေးကွက်အတွင်း Spread / ရောင်းဈေးဝယ်ဈေး အဟ များ တိုးလာခဲ့ရာ Spot ဈေးကွက်အတွင်း 3$ မှ 10$ အထိ ၎င်း၊ Future ဈေးကွက်အတွင်း ဒေါ်လာ ၃၀ ဝန်းကျင်အထိ ၎င်း၊ အသီးသီး တိုးတက်များပြားခဲ့ ပါတယ်။ အလားတူဘဲ CFD ဈေးကွက်အတွင်း Leverage များ ပြောင်းလဲခြင်း၊ Margin များ တိုးတက်လာခြင်း၊ Swap fee များ ပြောင်းလဲခြင်းတို့ကို Liquidity Provider များဖြစ်သည့် ဘဏ်ကြီးများမှ ဆောင်ရွက်ခဲ့ကြပါတယ်။ ယခု ကြုံတွေ့နေရတဲ့ ကမ္ဘာ့ရွှေဈေးကွက်ရဲ့ စိန်ခေါ်မှုများကို လေ့လာကြည့်ရင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

Challenge (1) Supply and Demand / စိန်ခေါ်မှု (၁) ဝယ်လိုအား ရောင်းလိုအား မညီမျှမှု ရွှေရဲ့ ပင်ကိုယ်အရည်အသွေး ၂ ခု ဖြစ်တဲ့ Fear ကနေလာတဲ့ Safe Heaven Assets ဖြစ်ခြင်း၊ Greed ကနေလာတဲ့ Wealth Creating Assets ဖြစ်ခြင်း တို့ကြောင့် ယခုလို ကမ္ဘာနဲ့အဝှမ်း ကပ်ရောဂါဆိုး ဖြစ်ပျက်နေချိန်မှာ ပိုင်ဆိုင်မှုတွေကို ရွှေအဖြစ် ပြောင်းလဲလိုခြင်းက Demand အမြောက်အများကို ဖန်တီးပါတယ်။ တချိန်တည်းမှာဘဲ Economic Crisis နဲ့ မတူညီဘဲ Supply တွေကို လိုအပ်တဲ့အချိန်မှာ လိုသလောက် မရနိုင်တာ ဖြစ်ပါတယ်။ Supply chain တလျောက် အဆင့်တိုင်းမှာ အခက်အခဲတွေ တွေ့ရာ ရှေးဦးစွာ ရွှေတွင်း အများစု ပိတ်ကုန်တာ တွေ့ရပါတယ်။ COVID-19 ကြောင့် အာဖရိက တစ်တိုက်လုံး အပါအဝင် နိုင်ငံအများစုက ရွှေတွင်းတွေ ပိတ်ခဲ့ကြပါတယ်။ အလားတူဘဲ ရွှေသန့်စင်လုပ်ငန်းအများစုလည်း ရပ်ဆိုင်းထားရပြီး ဆွစ်ဇာလန် အပါအဝင် ကီလိုဘား ထုတ်နိုင်တဲ့ နိုင်ငံတွေမှာ ရပ်တန့်နေခဲ့တာပါ။ နောက်ဆုံး သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်တဲ့ လေကြောင်းလိုင်းတွေပါ ရပ်ထားကြပြီး Physical Gold Delivery အတွက် အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်။ 

Challenge (2) Risk Of Liquidity Provider / စိန်ခေါ်မှု (၂) ရွှေဘဏ်ကြီးများရဲ့ စွန့်စားမှု ယေဘုယျအားဖြင့် ကမ္ဘာ့ဈေးကွက်အတွင်း အရောင်းအဝယ် ဆောင်ရွက်ပေးရသော ရွှေဘဏ်ကြီးများဟာ ဈေးကွက်ဆိုင်ရာ စွန့်စားမှုတွေကို အဓိက ထမ်းထားရတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဈေးကွက်အတွင်း ရောင်းဝယ်နေကြသည့် Physical Gold Bar တွေရဲ့ လုံခြုံရေးကို စီမံဆောင်ရွက်ရခြင်း၊ တက်လာသမျှ အရောင်းအဝယ် အော်ဒါများကို တချိန်လုံး Deal လုပ်ပေးနေရခြင်း၊ ရွှေတူးဖော်သည့် ကုမ္ပဏီများကို ငွေထုတ်ချေးရခြင်း၊ သတ်မှတ်အချိန် တူးဖော်ပြီး လာအပ်သည့် ရွှေများအား လက်ခံပြီး ဈေးကွက်တင်ပေးရခြင်း စသည်ဖြင့် မြောက်များစွာသော လုပ်ငန်းများကို ဆောင်ရွက်ရပါတယ်။ ဒီလို စွန့်စားမှုများတဲ့ အလုပ်တွေကို အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့ အာမခံထားရှိခြင်း၊ Future ဈေးကွက်တွင် ကိုယ်တိုင် ဝင်ရောက် အရောင်းအဝယ် လုပ်ခြင်း၊ စသည့် အမျိုးမျိုးသော Risk Management တွေကိုလည်း ဆောင်ရွက်ရပါတယ်။ လတ်တလော မတ်လ ၂၅ ရက်နေ့က ဆိုလျင် Future ဈေးနဲ့ Spot ဈေးဟာ ကွာဟချက် အတော်များသွားခဲ့တာကို တွေ့ရပါတယ်။ Gold Price ( Spot Vs Future ) ဆိုရသော် Gold Bank တွေဟာ Risk တွေကို လျော့ချနိုင်ဖို့ နည်းအမျိုးမျိုး လုပ်ဆောင်ခဲ့ကြပါတယ်။ ရလဒ်အနေနဲ့ကတော့ ကမ္ဘာ့ဈေးကွက်အတွင်း မကြုံစဖူး ဝယ်ဈေးရောင်းဈေး ဟချက်တွေ များနေတာကို အားလုံးကြုံတွေ့ခဲ့ရပါတယ်။ ကျွနု်ပ်တို့အနေနဲ့ကတော့ သိပ်ပီးအဆန်းတကျယ်တော့ မဟုတ်ပါဘူး . . အကြောင်းက မြန်မာပြည်မှာ ဒေါ်လာဈေးတွေ အတက်အကျ ကြမ်းတဲ့အချိန်တိုင်း ငွေလဲကောင်တာတွေမှာ ဝယ်ဈေးရောင်းဈေး စံချိန်တင် ဟနေကြ ဖြစ်လို့ပါဘဲ။ ( ဤကားစကားချပ် :D ) ကမ္ဘာ့ရွှေ အရောင်းအဝယ်သမားတွေကို သေချာမှာချင်တာကတော့ Margin ခံနိုင်အောင် ဆောင်ရွက်ထားကြဖို့နဲ့ ဒီလို ကမ္ဘာ့ရေးရာတွေ ရှုပ်ထွေးနေချိန်မှာ သတိကြီးကြီးထားပြီး ဆောင်ရွက်ကြဖို့ဘဲ ဖြစ်ပါတယ်။ ရောင်းကံဝယ်ကံ ကောင်းကြပါစေ

News & Photo Ref : Bloomberg, Goldman Sachs #NotesOfSayaHtet #Forex #WorldGoldPrice