ကောင်းဆုံး ဗဟိုဘဏ် ၂ ခုရဲ့ မူဝါဒတွေနဲ့ ဈေးကွက် သက်ရောက်မှုများ . . .

    ပြီးခဲ့တဲ့ တပါတ် အတွင်း ဗဟိုဘဏ်ကြီး ၂ ခုရဲ့ ငွေကြေးမူဝါဒတွေကို ထုတ်ပြန်ခဲ့ရာမှာ နယူးဇီလန် ဗဟိုဘဏ်က မေ ၁၃ ရက်နေ့မှာ ၎င်း၊ ကနေဒါ ဗဟိုဘဏ်က မေ ၁၄ ရက်နေ့မှာ ၎င်း အသီးသီး ဆောင်ရွက်ခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် (ယခင် ကိုဗစ်ကာလမတိုင်မီ) ယခုလို ရက်များဟာ အတိုးနှုန်း ကြေငြာချက်တွေ ထွက်လေ့ရှိပါတယ်။ ဒါပေမယ့် ကိုဗစ်ကပ်ဘေး ကာလအတွင်း ဗဟိုဘဏ်များဟာ တတ်နိုင်သလောက် အနိမ့်ဆုံး အတိုးနှုန်းတွေ ချထားပြီး စီးပွားရေး ပံ့ပိုးမှုတွေ ဆောင်ရွက်နေကြတာပါ။ . . .

    ရှေးဦးစွာ နယူးဇီလန် ဗဟိုဘဏ်က ငွေကြေးမူဝါဒတွေ ထုတ်ပြန်ရာမှာ လိုအပ်လျှင် လက်ရှိအတိုးနှုန်း အပြင် အနှုတ်အတိုးနှုန်း အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြာခဲ့ပြီးနောက် NZD တန်ဖိုး ထိုးကျခဲ့ပါတယ်။ ဒါ့အပြင် ဒီမတိုင်ခင်က ဒေါ်လာ သန်း ၆၀၀ တန် စီးပွားရေး လှုံဆော်မှုအစီအစဉ် စတင်မိတ်ဆက်ခဲ့ပြီး အစိုးရဘွန်း အမြောက်အများ ပြန်လည်ဝယ်ယူရေး အစီအစဉ်လည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ဗဟိုဘဏ်တွေထဲမှာ ရဲရင့်ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ထင်ရှားလာတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ . . .

    ကနေဒါ ဗဟိုဘဏ်အနေနဲ့ ကတော့ လက်ရှိအတိုးနှုန်း ဟာ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ သိပ်မကွာတာကြောင့် အဆင်ပြေနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလ စိန်ခေါ်မှုများကြောင့် ဈေးကွက်အတွင်း Liquidity Provider တွေ လိုအပ်လာတဲ့ ပမာဏ အမြောက်အများကို ပံ့ပိုးပေးထားပါတယ်။ ရလဒ်အနေနဲ့ကတော့ ဧပြီလနောက်ဆုံး ၂ ပါတ် မှာ ကြံတွေ့ခဲ့ရတဲ့ Spread ကွာဟမှု တွေကို အောင်မြင်စွာ လျော့ချ နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Stay Home ကာလအတွင်း အိမ်မှနေရင်း ငွေရှာနိုင်ဖို့ Digital ငွေကြေးများနဲ့ ပါတ်သက်တဲ့ စည်းကမ်း တင်းကြပ်မှုတွေကို လျော့ချ ခဲ့ပါတယ်။ (စကားမစပ် အားကျတယ်ဗျာ :'( . . .

    ဗဟိုဘဏ် ၂ ခုလုံးရဲ့ မူဝါဒထုတ်ပြန်ချက်တွေမှာ တူညီစွာ ဖော်ပြထားတာကတော့ (၁) ကိုဗစ်ကပ်ဆိုးကြောင့် ကမ္ဘာ့စီးပွားရေးပါ ကပ်ဆိုက်နေကြောင်း (၂) အနာဂတ်အတွက် မရေရာတဲ့ ခန့်မှန်းမှုတွေနဲ့သာ ကြုံတွေ့နေရကြောင်း (၃) အားလုံးအတူ ကြိုးစားပြီး ရင်ဆိုင်ဖြေရှင်းကြမည် ဖြစ်ကြောင်း (၄) ဗဟိုဘဏ်အနေနဲ့ အကောင်းဆုံး နည်းလမ်းတွေနဲ့ ကယ်တင်သွားမည် ဖြစ်ကြောင်း (၅) ငွေကြေးနဲ့ စီးပွားရေး အဆောက်အအုံ တွေ တောင့်တင်းခိုင်မာလျက် ရှိကြောင်း တွေ တွေ့ရပါတယ်။ ဒါအပြင် သတင်းစာ ရှင်းလင်းပွဲကိုလည်း အွန်လိုင်းကနေဘဲ ဆောင်ရွက်သွားတာ တွေ့ရပါတယ်။ . . . ဒီတပါတ်အတွင်း ငွေကြေးမူဝါဒ ထုတ်ပြန်ချက်များအပေါ် မူတည်ပြီး ၎င်းနိုင်ငံများရဲ့ ငွေကြေးတန်ဖိုးဟာလည်း အတက်အကျ ဖြစ်ခဲ့တာ တွေ့ရပါတယ်။ NZD တန်ဖိုး ဟာလည်း ကျဆင်းခဲ့တာ တွေ့ရပြီး CAD တန်ဖိုးလည်း အထိုက်အလျောက် တက်ခဲ့တာ တွေ့ရပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီဗဟိုဘဏ် ၂ ခု စလုံးဟာ Integrity ကော Strength ပါ ကောင်းကြပြီး စာရေးသူ အနှစ်သက်ဆုံး ဘဏ်တွေလည်း ဖြစ်ပါတယ်။ . . .

ရောင်းကံဝယ်ကံ ကောင်းကြပါစေ . . .

#NotesOfSayaHtet #Forex #InterestRate #MonetaryPolicy