Scalping

                    နာရီအလိုက် နေ့ရက်အလိုက်ထက် မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း ရောင်းဝယ်ကြသူများဖြစ်သည်။ Shorter Time Frame အတွင်း ဈေးနှုန်းသွားလာမှုကိုကြည့်ပြီး Analysing ပြုလုပ်ခြင်းဖြစ်သည်။ မြတ်လျှင်လည်း နည်းနည်း၊ ရှုံးလျှင်လည်း နည်းနည်းသာဖြစ်သည်။ Trading Session တစ်ခုအတွင်း ကြိမ်ရေများစွာ ရောင်းဝယ်ကြသည်။

                     Scalping သည် Pit Trader တို့ကြီးစိုးရာနယ်ပယ်ဖြစ်သည်။ ၎င်းတို့သည် ဈေးကွက်အတွင်းမှ Spread အပေါ်တွင် ကောင်းစွာအကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြသည်။ ဈေးကွက်အတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်ပြီး အမြတ်ယူကာ လျှင်မြန်စွာ ပြန်ထွက်သွားကြသည့် စတိုင်ကို အသုံးပြုလေ့ရှိသည်။ HFTs (High Frequency Tradings) နှင့် Algorithmic (ကွန်ပျူတာမှ တွက်ချက်ဖော်ပြချက်များအတိုင်း လိုက်နာပြီး) ပုံစံ တို့ဖြင့် ရောင်းဝယ်ကြသူများဖြစ်သည်။ FX Market တွင် အချို့ငွေကြေးအတွဲတို့မှာ Spread ကြီးကြသဖြင့် ဈေးကွက်အတွင်း ဝင်ရောက်ပြီးနောက် ပြန်ထွက်ချိန်တွင် ကြီးမားသော Spread က ခံနေသဖြင့် အမြတ်မရနိုင် ဟု စောဒက တက်စရာရှိသည်။ စည်းကမ်းတကျဖြင့် ကောင်းမွန်သော Strategy ကို အသုံးချပါလျှင် ( အမြတ်မရနိုင်စရာမရှိ ) အမြတ်ရနိုင်သည်သာ ဖြစ်ပေသည်။ Trader မှာမူ ကွန်ပျူတာရှေ့တွင် အချိန်ပြည့် ရှိနေဖို့ လိုအပ်မှာဖြစ်သည်။

                     Trader အသစ်တစ်ယောက်အဖို့ Scalper တစ်ယောက်ဖြစ်ဖို့ ကြိုးပမ်းရင်း ရှုံးနိမ့်မှုများနှင့် ကြုံတွေ့ရ လေ့ရှိပေသည်။ New Trader တို့အတွက် အလိုအပ်ဆုံးမှာ တက်ကြွမှုပင်ဖြစ်သည်။ New Trader အများစုမှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်သည်နှင့် အဝင်မှန်သဖြင့် ခက်ခက်ခဲခဲ မြတ်စွန်းကာစ အခြေအနေတွင် ရုတ်တရက် ဈေးနှုန်းပြောင်းလဲရိုက်ခတ်မှုကြောင့် အကြီးအကျယ် ရှုံးနိမ့်သွားပြီး ကြောင်တောင်တောင် ဖြစ်ကျန်ခဲ့မှုမျိုး မကြာခဏ ကြုံတွေ့ရတတ်ပေသည်။

Day Trading

                     ဈေးကွက်အတွင်း အခွင့်အလမ်းတစ်ခုကို တွေ့ရသောအခါ Day Trader တို့သည် ဈေးကွက်အတွင်းသို့ ဝင်ရောက် ရောင်းဝယ်ကြရာတွင် မည်သည့် Time Frame ကိုမဆို ကြည့်ရှုအကဲခပ်ပြီး ဝင်ရောက် ရောင်းဝယ် ကြသည်။ သို့ရာတွင် အဆိုပါ တစ်နေ့တာ မကုန်ဆုံးမီမှာပင် ဈေးကွက်အတွင်းမှ ပြန်ထွက်လေ့ရှိသည်။ နေ့မကူးမီ ညမသိပ်ပဲ ရောင်း / ဝယ် ထားသည်များကို Exit ပြုလုပ်လေ့ရှိကြသည်။ ထိုကဲ့သို့ နေ့မကူးဘဲ ဈေးကွက်အတွင်းမှ ပြန်ထွက်ခြင်းကြောင့် ညသိပ်ခလည်း မပေးရတော့ပေ။ ထို့အပြင် ညအိပ်ချိန်တွင် Data Release ထုတ်ပြန်လိုက်မှုကြောင့် ဈေးနှုန်းလွန်ကဲစွာ စိုက်ဆင်း၊ ထောင်တက်ခြင်းများကြောင့် ဒုက္ခရောက်ရ သည့် အခြေအနေမှလည်း ကင်းဝေးစေနိုင်ပါသည်။

                     ဈေးကွက်အတွင်း အခွင့်အလမ်းကို မြင်ရသောအခါကာလတို ဝင်ရောက် ရောင်းဝယ်ကြသော Price Action Strategy ကို အသုံးပြုပြီး ရောင်းဝယ်ကြသူမှာ Day Trader များ ဖြစ်ကြပါသည်။ Day Trader များသည် Price Action Strategy ကိုသာမက အခြား Techanic နှင့် Strategy များကိုလည်း အသုံးပြု အရောင်းအဝယ် ပြုကြပါသည်။

                     Scalping နှင့် Day Trader တို့မှာ ကာလတို ရောင်းဝယ်ကြခြင်း ဖြစ်သော်လည်း အနှစ်သာရခြင်း လုံးဝ မတူပါ။ Scalping သည် ဈေးကွက်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ပြီး အမြတ်(အနည်းငယ်)ရသည်နှင့် လျင်မြန်စွာ ပြန်ထွက်ရန်သာ ရည်ရွယ်ပါသည်။ စက္ကန့် သို့မဟုတ် မိနစ်မျှကြာသော ဈေးနှုန်း၏ လှုပ်ရှားမှာကို ဝင်ရောက်၍ အမြတ်ယူရန်သာ ဖြစ်ပါသည်။ Day Trading မှာမူ ဈေးကွက်ကို Analysing ပြုလုပ်ခြင်း Setup ရှာဖွေခြင်း၊ Setup တွေ့သောအခါ Stop Loss ချထားခြင်း၊ Entry ဝင်ရောက်ခြင်း၊ Trading Management ပြုလုပ်ခြင်း၊ Risk Management ပြုလုပ်ခြင်း၊ အမြတ်ယူပြီး ဈေးကွက်အတွင်းမှ စနစ်တကျ ပြန်ထွက်ခြင်း စသည်ဖြင့် စနစ်တကျ ဆောင်ရွက်သော Trading နည်းနာ ဖြစ်ပါသည်။

Swing Trading

                     Swing Trader တို့သည် မည်သည့်အချိန်မှ စတင်အရောင်းအဝယ်ပြုလုပ်သည်ဖြစ်စေ နာရီ အနည်းငယ်မှ ရက်အနည်းငယ် ကြာတတ်သည်။ ဆက်စပ်လျက်ရှိသော Time Frame အငယ်လေးများကို ကျော်ဖြတ်ကုန်လွန်စေပြီးနောက် ကြိုတင်မျှော်မှန်းထားသော TP(Take Profit) နေရာကို သို့မဟုတ် SL (Stop Loss)နေရာကို ဈေးနှုန်းက တိကျစွာ လှုပ်ရှားထိမှန်လိမ့်မည်ဟု Swing Trader တို့က ယုံကြည်ကြသည်။ (ရှုံးချင်ရှုံးမည် / မြတ်ချင်မြတ်မည်၊ ဈေးနှုန်းက တိကျသော လားရာအတိုင်း လှုပ်ရှားသွားလာလိမ့်မည်ဟု ဆိုလိုသည်)။ Swing Trading သည် သင့်တင့်သော လှုပ်ရှား တက်ကြွမှုရှိသည့် Strategy ပင်ဖြစ်သည်။ ၎င်း Strategy ဖြင့် ရက်သတ္တပတ်လျှင် အနည်းဆုံး တစ်ကြိမ်မှ အများဆုံး အကြိမ်(၃ဝ)အထိ အရောင်းအဝယ် လုပ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ Strategy အပေါ် လုံးလုံးလျားလျား မှီခိုပြုပီး အရောင်းအဝယ် ပြုလေ့ ရှိကြသည်။ Swing Trader တို့သည် ယေဘုယျအားဖြင့် Chart များကို ကြည့်ကာ TA ပညာဖြင့် Analysis ပြုလုပ်ပြီးနောက် အရောင်းအဝယ်ပြုလုပ်ကြသည်။ အများစုက TA Pattern များအပေါ် အခြေပြုကာ အရောင်း အဝယ်ပြုလုပ်ကြသည်။ ဤ စတိုင်ကို FX Trader များ အသုံးပြုလေ့ရှိကြပြီး အထူးအားဖြင့် Swing Trader ဖြစ်ကာစများနှင့် လေ့လာနေဆဲ Trader များ အသုံးပြုလေ့ ရှိကြသည်။ Fundamental ရှုထောင့်မှ Analysis ပြုလုပ်ပြီး TA ဖြင့် Setup ပြုလုပ်ကာ ၎င်းနှစ်ခုပေါင်း ရောင်းဝယ်ခြင်းသည် အလွန်ကောင်းမွန်သော Strategy ဖြစ်ပေသည်။

Position Trading

                     Position Trader တို့သည် FX Investor များသာ ဖြစ်ကြပေသည်။ ရေရှည်ကိုသာ ကြည့်ရှုသုံးသပ်ပြီး ယေဘုယျအားဖြင့် မေခရိုအီကောနောမစ် ( Macroeconomic)ကို အသုံးပြုကာ အရောင်းအဝယ်ပြုလုပ်ရန် ဆုံးဖြတ်ချက်ချကြလေသည်။ ၎င်းတို့၏ အရောင်းအဝယ်သည် ၁ လမှ ၁ နှစ် ၊ ၂ နှစ်ခန့် ကြာပြီးမှ အကျိုးအမြတ် ရယူတတ်ကြလေသည်။ အတွေ့အကြုံ နောကြေအောင်ရှိပြီးဖြစ်သော ဘဏ်ကဲ့သို့ Institutions ကြီးများက ဤနည်းလမ်းကို အသုံးချကာ ရောင်းဝယ်မှု ပြုကြလေသည်။

                     ကြီးမားသော Hedge Fund ကြီးများတွင် စီးပွားရေးကြီး တစ်ရပ်လုံးကို ကောင်းစွားသုံးသပ်နိုင်သော ရင်းမြစ်များစွာရှိပြီး ၎င်း(တို့) သုံးသပ်ချက်များအပေါ်မူတည်ကာ ကာလကြာရှည်စွာထားပြီး ရောင်းဝယ်မှု ပြုကြလေသည်။ ကြီးမားသော Size ကြီးများဖြင့် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာကာ ကာလကြာရှည်စွာ ထားပြီး ကြီးမားသော အမြတ်အစွန်းများကို ရယူကာ ဈေးကွက်အတွင်းမှ ပြန်လည်ထွက်ခွာသွားတတ်ကြ လေသည်။ ဤနည်းလမ်းကို အသုံးပြုကာ အချိန်ပြည့် ရောင်းဝယ်မှု ပြုနေသူများအနက် George Soros မှာ ထင်ရှားသူဖြစ်သည်။

အနှစ်ချုပ် _

                     အထက်ပါ ရောင်းဝယ်ပုံ နည်းလမ်း (၄)မျိုးမှာ FX လောကအတွင်း (Stock Market လည်း ပါပါသည်) လူတို့ ရောင်းဝယ်နေကြပုံဖြစ်သည်။ အောင်မြင်သော Trader တို့ အသုံးပြုနေကြသည် နည်းလမ်းများဟု ဆိုနိုင်ပါသည်။ ပြဿနာတစ်ရပ် / ကိစ္စတစ်ရပ် ကို တုန့်ပြန်ပုံမှာ လူတစ်ဦးနှင့်တစ်ဦး မတူနိုင်ကြသကဲ့သို့ ဤလောက၌ ရောင်းဝယ်ကြရာတွင် စတိုင်အမျိုးမျိုးကွဲလာခြင်းဖြစ်သည်။ ဥပမာ ငှက်ပစ်သူနှင့် ငါးမျှားသူတို့ ကို ဥပမာပေးနိုင်သည်။ ငှက်ပစ်သူသည် အခွင့်အလမ်းကို ကြာကြာမစောင့်နိုင်သူဖြစ်ပြီး ငါးမျှားသူများမှာမူ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနိုင်ကြသူများ ဖြစ်သည်။ Trader တစ်ယောက်သည် မိမိကိုယ်ကိုမိမိ မည်သည့် အမျိုးအစားထဲတွင် ပါဝင်သူဖြစ်သနည်း ဆိုသည်ကို အဖြေထုတ်ပြီး အထက်ပါသင့်လျော်သည့် ရောင်းဝယ်ရေး နည်းလမ်းကို ရွေးချယ်ရမှာ ဖြစ်ပါသည်။

                     သို့ရာတွင် Beginner များအဖို့မူ သို့မဟုတ် ပညာရည် / အတွေ့အကြုံ မပြည့်ဝသေးသူများအဖို့မူ မည်သည့်ရောင်းဝယ်ရေးနည်းလမ်းသည် မိမိနှင့် လိုက်ဖက်နိုင်သည်ဟု သုံးသပ်ပြီး ဈေးကွက်အတွင်းသို့ အစောတလျင် ဝင်ရောက်မည်ကိုမူ လုံးဝ(လုံးဝ) တားမြစ်ပါသည်။ အတွေ့အကြုံ ရင့်ကျက်နေပါပြီဆိုသော ဝါရင့် သမ္ဘာရင့်သူများပင်လျှင် တစ်ခါတစ်ရံ ပညာများ တစ်ပွေ့တစ်ပိုက်ကြီး ပေးလိုက်သော အရှုံးနှင့် ရင်ဆိုင်နိုင်ရတတ်ပါသည်။

                     ဤလောကတွင် ပညာနှင့် သမ္ဘာသည် ရွှေကဲ့သို့ အဖိုးတန်လှပါသည်။ အထပ်ထပ်အခါခါ လေ့ကျင့် ရပါသည်။ Paper Trading ၊ Demo Trading များဖြင့် လေ့ကျင့်ရပါသည်။ လေ့ကျင့်သားပြည့်ဝလာသောအခါ Real Money ဖြင့် (Size အသေးဆုံးဖြင့်) ရောင်းဝယ်ကြည့်ရပါသည်။ Demo Trading နှင့် Real Money ဖြင့် Trading တို့ Feeling ချင်းမတူပါ။ Demo Trading တွင် လေးနက်မှုနှင့် Psychology တို့ ဖိအား မပါသဖြင့် လေးနက်မှု မရှိဘဲ ငွေကြေးဖြင့် ရောင်းဝယ်သောအခါ မိမိ၏ လုပ်ကိုင်ပုံ၊ အကျင့်စရိုက်တို့ အမှန်ကို ပေါ်ပေါက် စေပါတော့သည်။

                     ထို့အပြင် Beginner တို့သည် မည်သည့်နည်းနှင့်မျှ Scalping ကို စတင်မကျင့်သုံးသင့်ပါ။ Day Tradig ဖြင့်သာ စသင့်ပါသည်။ Day Trading ဖြင့် စတင်မှသာ စနစ်တကျ ဈေးကွက်ကို အနိုင်ယူတတ်သော အလေ့ အကျင့်ရသွားမှာ ဖြစ်ပါသည်။

                     လွန်စွာ ပညာ၊ သမ္ဘာ၊ ဝါရင့်လာသူတစ်ဦးအဖို့မူ ဈေးနှုန်းသည် ဘာပြီးလျှင် ဘာလုပ်တော့မည်ကို ကြိုသိလာပါသည်။ ဈေးနှုန်းသွားရာနောက်သို့ Trading Management ဖြင့် ကောင်းစွာလိုက်ပါနိုင်လာပါသည်။ ဤအဆင့်သို့ ရောက်သွားပါလျှင် အထက်ပါရောင်းဝယ်ရေးနည်းလမ်းတို့က သိပ်ပြီး အရေးမပါတော့ပါ။

မေတ္တာဖြင့်…

                        ဦးခိုင်ဇင်ဝင်း  ၂၅.၅.၂ဝ၂ဝ ရက်နေ့  (တနင်္လာနေ့)

 

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency