ဘာသာပြန် - မှတ်စု

1. Risking 2% of your account

                     Beginner Trader များအတွက်မူ အထက်ပါ Rule ကို တိကျစွာ လိုက်နာကျင့်သုံးအပ်ပါသည်။ Trading ပညာရပ်များကို စနစ်တကျ သင်ကြားပြီးနောက် အစပထမတွင် Paper Trading ပြုလုပ်ခြင်း, Demo Account ဖြင့် ရောင်းဝယ်ကြည့်ခြင်းပြုရပါမည်။ Demo Account ဖြင့် ရောင်းဝယ်ခြင်းသည် လေ့ကျင့်မှုဖြစ် ပါသည်။ ကျွမ်းကျင်လာပါလျှင် တကယ့်ငွေကြေးအစစ်ဖြင့် ရောင်းဝယ်သောအခါ အနိုင်ရမည်ဟု အာမခံချက် တော့ မရှိပါ။ အဘယ်ကြောင့်ဆိုသော် Demo Account ဖြင့် ရောင်းဝယ်ခြင်းသည် ဖိအားမရှိပါ။ တကယ့် ငွေကြေးအစစ်ဖြင့် ရောင်းဝယ်သောအခါ စိတ်ပိုင်းဆိုင်ရာ ဖိအားများ ဝင်လာပါတော့သည်။ စိတ်ပိုင်းဆိုင်ရာ ဖိအားသည် ဆုံးဖြတ်ချက်အမှားကို ဖြစ်စေပါသည်။ ဆုံးဖြတ်ချက်အမှားကြောင့် ရှုံးပြီးရင်းရှုံးရင်း ဖြစ်လာစေပါ သည်။ ဤဖြစ်စဉ်ကို Trader တိုင်းလိုလို ကြုံတွေ့ဖြတ်သန်းရမှာ ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် အောင်မြင်နေသော Trader တိုင်းလိုလို ကြုံတွေ့ဖြတ်သန်းရမှာ ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် အောင်မြင်နေသော Trader တစ်ယောက်သည် ဘယ်တုန်းကမျှ မရှုံးခဲ့ သို့မဟုတ် ဆက်တိုက်အရှုံးနှင့်မကြုံခဲ့ဟု ဆိုပါလျှင် ယုံရအတော်ပင် ခက်ခဲသည့် ကိစ္စဖြစ်ပါမည်။ အနည်းနှင့်အများဆိုသလို အရှုံးနှင့်ကြုံတွေ့ခဲ့ကြရသူ ချည်းသာ ဖြစ်ပါသည်။ (ထို့ကြောင့် အရှုံးများနှင့်ကြုံတွေ့နေရသော Beginner များ စိတ်ဓါတ်မကျကြစေလိုပါ။)

                     ဆက်တိုက်အရှုံးဖြစ်စဉ်ကို အကောင်းဆုံး ကျော်ဖြတ်ရန်မှာ အရောင်းအဝယ် Size အသေးဆုံးဖြင့်သာ ရောင်းဝယ်ကြရန်ဖြစ်ပါသည်။ ကြုံလာသမျှ အရှုံးကိုလည်း စနစ်တကျ မှတ်သားရပါမည်။ ထို့ကြောင့် Trading Diary, Trading Journal များ ရေးခိုင်းခြင်းဖြစ်ပါသည်။ အရှုံးမှ ရရှိသော သင်ခန်းစာသည် အကောင်းဆုံးပညာ သာဖြစ်ပါသည်။ ပြင်ပမှ ဆက်တိုက်ဆည်းပူးလေ့လာနေသော ပညာနှင့် Trading အရှုံးမှ ရရှိသော သင်ခန်းစာ တို့ကို ပေါင်းစပ်ကာ အကောင်းဆုံးပညာအဖြစ် ရယူရန်ဖြစ်ပါသည်။ ဤအဆင့်ကို စိတ်ရှည်လက်ရှည် ကာလ ကြာရှည်စွာ ဖြတ်သန်းရပါမည်။ ကာလအတိုအရှည်သည် သင်၏ ကံ, ဉာဏ်, လုံ့လ, ဝိရိယ, သင့်ကိုသင်ကြား ပြသပေးသော ဆရာကောင်းရှိမှု စသည်တို့ အပေါ်တွင် မူတည်ပါသည်။

                    Beginner ဘဝမှ လွန်မြောက်၍ ပညာပြည့်ဝသော Trader ဘဝသို့ ရောက်သွားသောအခါ အရှုံး 2% ထားခြင်းသည် အဆင်မပြေတော့ပါ။ မျှော်မှန်းထားသော လားရာအတိုင်းမသွားတော့ဘဲ ဈေးနှုန်းက ပြောင်း ပြန်သွားသောအခါ ပညာပြည့်ဝနေသော Trader သည် ခဏတာ ပြောင်းပြန်သွားခြင်းလား, မျှော်မှန်းလားရာ အတိုင်း ပြန်မလာတော့ပြီလား ဆိုသည်ကို သိပါသည်။ ခဏတာ ပြောင်းပြန်သွားသည့် အခြေအနေတွင် အရှုံး 2% ကော်ပြီဆိုပြီး ထွက်ပစ်လိုက်လျှင် ရှုံးသွားမှာဖြစ်သည်။ ထို့ကြောင့် ပညာပြည့်ဝနေသူ Trader တစ်ယောက် အဖို့မူ အရှုံး 2% ကို အသေချည်မထားတတ်ပါ။ ပညာပြည့်ဝနေသူသည် ခဏနောက်ပြန်လှည့်တာလား, မူလမျှော်မှန်းလားရာကို ပြန်မလာတော့ပြီလား, Set up ပျက်ယွင်းသွားပြီလား ဆိုသည်ကို သိနိုင်စွမ်းပါသည်။ ထို့ကြောင့်ပညာပြည့်ဝနေသူ Trader တစ်ယောက်အဖို့ အရှုံး 2% သည် အဓိပ္ပါယ်မရှိတတ်ပါ။

2. Being a greedy idiot

                     Risk ၏ ၂ ဆ သို့မဟုတ် ၃ ဆ ထားပြီး နိုင်အောင် Trade နိုင်လျှင် အတော်ဟုတ်နေပြီ ဖြစ်ပါသည်။ ဤသည်မှာ Professional တို့ လုပ်သည့်နည်းဖြစ်သည်။ လုံးဝ အမှားအယွင်း မရှိသော နည်းလမ်း (လက်ကိုင် ပြုရမည့် နည်းလမ်း) ဖြစ်ပါသည်။ ကာလကြာရှည်စွာ အမြတ်ကို လိုက်ယူနေမည်ဆိုလျှင် ကာလကြာရှည်လာ သည်နှင့်အမျှ မမြတ်မရှုူံး အခြေအနေ သို့မဟုတ် နည်းနည်းလေးသာမြတ်ပြီး, ပြီးလိုက်ရမည့် အခြေအနေတို့နှင့် သံသရာလည်နေပေလိမ့်မည်။ ထို့ကြောင့် လောဘကြီးသော မိုက်မဲသူမျိုး အဖြစ်မခံဘဲ လက်တွေ့ကျကျသာ စတင်စေချင်ပါသည်။ 

3. Day – Trading and Scalping

                     Beginner သို့မဟုတ် Struggling Trader တို့သည် Scalping ဖြင့် အစမပြုအပ်ပေ။ (ထိုအကြောင်းကို ရှေ့က ဆောင်းပါးတွင်လည်း ဖော်ပြခဲ့ပြီးဖြစ်သည်။) ဤ Trading လောကသို့ စတင်ဝင်ရောက်လာသည်နှင့် Scalping ဖြင့်စတင်လျှင် ၎င်းတို့၏ အကောင့်ထဲမှ ငွေကြေးများ လွင့်စင်ကုန်ခမ်းသွားမှာဖြစ်သည်။ Scalping ဖြင့် စတင်သူတို့ကို ထိုကဲ့သို့ မစတင်ဖို့ အကြံပေးသော်ငြား အကောင့်ထဲမှ ငွေကြေးများ မကုန်မချင်း နားမ ထောင်ဘဲ လုပ်မြဲအတိုင်းသာ လုပ်နေတတ်ကြပေသည်။ အကောင့်ထဲမှ ငွေများကုန်ခမ်းသွားသော အခါမှ Swing Trading, Position Trading တို့သို့ ပြောင်း၍ ရောင်းဝယ်ခြင်း ပြုကြတော့သည်။ အချို့မှာလည်း အကောင့်ထဲမှ ငွေကြေးများ ကုန်ခမ်းသွားပြီးနောက် ဤရောင်းဝယ်ရေးလောကမှ အပြီးတိုင် ထွက်ခွာသွားရပေ တော့သည်။

4. Combining Trading Method

                     အလားအလာ အစပ်အဟပ်မတည့် မဆီလျော်သော Method ၂ ခုကို ပေါင်းစပ် အသုံးပြုနေသူ တစ်ဦး အဖို့ အရှုူံးနှင့်သာ ရင်ဆိုင်ကြုံတွေ့ရဖွယ်သာရှိပါသည်။

5. Cockiness and Arrogance

                     မာနကြီးမှု၊ စိတ်ကြီးဝင်မှုတို့သည် ပျက်စီးဆုံးရှုံးစေနိုင်ပေသည်။ အမှန်မှာ ရောင်းဝယ်ရာတွင် ကြုံ တွေ့နေရသော ပြဿနာများကို ဖေါ်ထုတ်ကြည့်ရမှာဖြစ်သည်။ ပြီးလျှင် ရောင်းဝယ်ရာတွင် ပြုကျင့်တတ်သော မိမိ၏ မကောင်းသည့် အမူအကျင့်များကို ရှောင်ကျဉ်ရမှာဖြစ်သည်။ Trader အများစုသည် ဤအဆင့်သို့ မရောက် ကြပါ။ သူတို့၏ အတ္တနှင့်မာနကို ခဝါမချနိုင်ကြပါ။ သူတို့ကိုယ်သူတို့ ပြုမူနေသည်မှာ လောင်းကစားသမားလို သာပင်ဖြစ်နေသည်ကိုလည်း လက်မခံကြပါ။

အတ္တနှင့်မာနတို့ကို အမျိုးသမီးများထက် အမျိုးသားရောင်းဝယ်သူများတွင် ပိုမိုတွေ့ရလေ့ရှိပါသည်။

6. Following exotic currency pairs

                     Trader အများစုသည် Crosses များ Exotic များနောက်သို့သာ တကောက်ကောက်လိုက်နေကြပါ သည်။ အခွင့်အလမ်းများ ပိုမိုတွေ့လိမ့်နိုးနှင့် ဖြစ်ပါသည်။ တကယ်တန်းတွင်မူ ပိုမိုရှုပ်ထွေးခြင်း၊ over analysis နှင့် Over Trading တို့ဖြင့်သာ ကြုံတွေ့ကြရပါသည်။

7. Thinking too much

                     Trader အများစုသည် လွန်ကဲစွာ တွေးတောခြင်း, Over analysis ပြုလုပ်ရခြင်းကို လွန်စွာနှစ်သက်ပါ သည်။ ဘိန်းစွဲသကဲ့သို့ စွဲနေတတ်ပါသည်။အခြားပြဿနာတစ်ခုမှာ လွန်ကဲစွာ တွေးတောနေခြင်းသည် ဈေးကွက်ထဲသို့ ဝင်ရောက်ဖို့ရာ နောက်တွန့်ကြောက်ရွံ့မှုကို ဖြစ်စေတတ်ပါသည်။ Trade အတွင်းဝင်ရောက်ရန် ကြောက်ရွံ့နေတတ်သလို Trade ထဲက ထွက်လိုက်ရမှာကိုလည်း ကြောက်ရွံ့နေတတ်ပြန်ပါသေးသည်။ အချို့မှာ အတွေးများကို ရပ်ပြီး ဈေးကွက်အတွင်းသို့လည်း မဝင်ရဲ၊ အတွေးပေါင်းမြောက်များစွာနှင့် ကယောင်ခြောက်ခြား ဖြစ်နေတတ်ပါ သည်။ အဘယ်ကြောင့် ဈေးကွက်အတွင်းသို့ မဝင်ရသည် ဆိုသည်ကို ဓမ္မဓိဌာန်ကျကျ စဉ်းစားသုံးသပ် ဆုံးဖြတ် နိုင်မှ အမှန်ကိုရမှာ ဖြစ်ပါသည်။

                     အရေးအကြီးဆုံးမှာ လွန်ကဲအောင်စဉ်းစားမနေပါနှင့်၊ အကောင်းဆုံး Trading Plan တစ်ခုကို ချမှတ်ပါ။ အကောင်းဆုံး Set up တစ်ခုကို တွေ့ရသောအခါ ဈေးကွက်အတွင်းသို့ ဝင်ရောက်၍ အမြတ်ထုတ်ပါ ဟူ၏။

                     (အထက်ပါ ဘာသာပြန် မှတ်စုကို မူရင်းအတိုင်းပြန်လည်တင်ပြခြင်းမပြုဘဲ ဖတ်ရှုသူ (Beginner များ) ပိုမိုအကျိုးရှိစေရန် ပြင်ဆင်ဖြည့်စွက်လျက် ရေးသားတင်ပြထားခြင်းဖြစ်ပါသည်။)


မေတ္တာဖြင့် _

                        ဦးခိုင်ဇင်ဝင်း (7.6.2020 ရက်နေ့) 

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency