ဗဟိုဘဏ် ၃ ခု ရဲ့ QE တွေ ဘယ်လို လာမလဲ . . .

    Fundamental Analysis ရဲ့ သဘာဝမှာက ဦးစားပေး အစီအစဉ်ဆိုတာ ရှိတာကြောင့် COVID ကာလအတွင်း အထွေထွေ စီးပွားရေး ကိန်းဂဏန်းတွေဟာ ဈေးကွက်အပေါ် သက်ရောက်မှုတွေ အထိုက်အလျောက် လျော့ကျ နေတာကြောင့် တပါတ်တာ ရွေးချယ်ပေးတဲ့ အစီအစဉ်ကို ခဏနားထားတာပါ။ အခုတော့ လာမယ့် တပါတ်မှာ ဗဟိုဘဏ် ၃ ခုက အတိုးနှုန်း ဆုံးဖြတ်ချက်တွေနဲ့ ငွေကြေးမူဝါဒဆိုင်ရာ ကြေငြာချက်တွေ ရှိတာကြောင့် Week Ahead ကို တင်ပေးလိုက်ပါတယ်။ . . .

    ပထမဆုံး လာမယ့် ဇွန် ၁၆ရက် အင်္ဂါနေ့မှာ ဂျပန်ဗဟိုဘဏ်ဟာ အတိုးနှုန်းဆုံးဖြတ်ချက်နဲ့ ငွေကြေးဆိုင်ရာ မူဝါဒ ကြေငြာချက် ထုတ်ပြန်ဖို့ ရှိနေပြီး ထုံးစံအတိုင်း အချိန်အတိအကျ မပေးထားပေမယ့် မနက်ပိုင်းမှာ ဖြစ်လေ့ ရှိပါတယ်။ ဂျပန်အနေနဲ့ ဘယ်လို QE တွေ ထပ်တိုးလုပ်ဆောင်မလဲ မသိနိုင်ပေမယ့် လတ်တလောမှာ ဘီလီယံများစွာသုံးပီး တရုတ်နိုင်ငံအတွင်းက စီးပွားရေးတွေကို ပြောင်းရွှေ့နေတာကြောင့် ဈေးကွက်အတွင် ရိုက်ခတ်မှု ဖြစ်နေခဲ့တာပါ။ JPY အညွှန်းကိန်းဟာ ပြီးခဲ့တဲ့ တပါတ်ကမှ အနည်းငယ် ပြန်လည် ဦးမော့လာခဲ့တာပါ။ . . .

    လာမယ့် ဇွန် ၁၈ ရက် ကြာသပတေးနေ့မှာတော့ နေ့လည် ၂ နာရီမှာ ဆွဇ်ဇာလန် ဗဟိုဘဏ်၊ ညနေ ၅ နာရီ ခွဲမှာ အင်္ဂလန် ဗဟိုဘဏ်တို့ အသီးသီး အတိုးနှုန်း ဆုံးဖြတ်ချက် ကြေငြာကြမှာ ဖြစ်ပါတယ်။ လတ်တလော CHF အညွှန်းကိန်းဟာ JPY နဲ့ အတူ တူညီတဲ့ လားရာ သွားနေပြီး ကိုဗစ်ရဲ့ ရလဒ်တွေလို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် GBP အညွှန်းကိန်းကတော့ ကြားညပ်နေပြီး လားရာပျောက်နေသလို ဖြစ်နေပါတယ်။ အင်္ဂလန် ဗဟိုဘဏ် ဥက္ကဌအသစ် အန်ဒရူး ဘေလီ ဟာလည်း ပြီးခဲ့တဲ့ ၂၀၂၀ မတ်လ ကိုဗစ် ရောဂါဆိုးရွားနေချိန်မှာမှ ရာထူးလက်ခံ ရယူထားသူဖြစ်ပြီး လတ်တလော ဦးဆောင်မှု အရှိန်ယူဖို့ လိုနေဆဲ ဖြစ်ပါတယ်။ . . .

    ဘာဘဲဖြစ်ဖြစ် ဗဟိုဘဏ် ၃ ခုလုံးဟာ အတိုးနှုန်းမပြောင်းနိုင်ဘူးလို့ ဆိုပေမယ့် စီးပွားရေးနှိုးဆွနိုင်မယ့် QE အစီအစဉ်တွေ ထပ်ဖြည့်မလား မူလအတိုင်းဘဲ ထားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်သလို လိုအပ်တဲ့ ငွေဖောင်းပွမှုနှုန်းကို ရောက်ဖို့ လာမယ့် ၆ လအတွင်း အတိုးနှုန်းပြောင်းမလားဆိုတဲ့ မေးခွန်းကို ဥက္ကဌတွေ ဘယ်လိုဖြေမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးည FED အတိုးနှုန်းမှာတုန်းက ပေါင်းဝဲလ်က နှစ်ကုန်အထိ အတိုးနှုန်း မတိုးဘူးဆိုလို့ ရွှေဈေးတွေ တက်ခဲ့ပြီးပါပြီ။ . . .

    အခြား စောင့်ကြည့်သင့်တာကတော့ Fed ဥက္ကဌ ပေါင်းဝဲလ်ဟာ လွှတ်တော်မှာ ကိုယ်စားလှယ်တွေရဲ့ မေးခွန်းကို ဖြေကြားဖို့ ရှိနေပါတယ်။ ကြာသပတေးနေ့ မနက်အစောမှာ ကြေငြာဖို့ ရှိတဲ့ နယူးဇီလန်ရဲ့ သုံးလပါတ် GDP ဟာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နယူးဇီလန်ဟာ လက်ရှိ ကိုဗစ် ကင်းစင်သွားဘီ ဖြစ်ပေမယ့် ပညာရှင်တွေက GDP အနှုတ်ပြမယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ တပါတ်က အင်္ဂလန်ဟာ GDP အနှုတ် ၂၀% ဖြစ်ခဲ့လို့ သမိုင်းတလျောက် အဆိုးဝါးဆုံး ရလဒ် ဖြစ်ခဲ့ရပါတယ်။ . . .

ရောင်းကံဝယ်ကံ ကောင်းကြပါစေ . . .

#NotesOfSayaHtet

#WeekAhead

#Forex