(ဤဆောင်းပါးသည် ဘာသာပြန်ထားသောဆောင်းပါးဖြစ်ပါသည်။ ဆောင်းပါးပါ အကြောင်းအရာများသည် သူတို့ဆီက အဖြစ်အပျက်အကြောင်းအရာများသာဖြစ်ပြီး မြန်မာပြည်တွင် ဖြစ်လေ့ဖြစ်ထရှိသော အကြောင်းအရာများ တော့ မဟုတ်ပါ။ သို့ရာတွင် ဆောင်းပါးပါ အချို့အချက်အလက်များကိုမူ မြန်မာပြည်မှ Trader များအတွက် အကျိုးရှိနိုင် ကောင်း သည်ဟု ယုံကြည်ပါသဖြင့် ဖော်ပြလိုက်ပါသည်။ ဦးခိုင်ဇင်ဝင်း)

                Bank Trader တို့သည် Forex Trader အရေအတွက် အားလုံးတို့၏ 5% မျှရှိသည်။

                ပထမဆုံးအနေဖြင့် Banker တို့အပေါ် လူတွေ အထင်အမြင်လွဲမှားနေမှုကို ပြောပြချင်ပါသည်။ Banker တို့သည် အရောင်းအဝယ်အတွက် ဆုံးဖြတ်ချက်တစ်ခုချဖို့ ကွန်ပျူတာရှေ့မှာ တစ်နေ့လုံးထိုင်နေခြင်းမရှိဆိုသည့် အချက်ဖြစ်သည်။ ၎င်းတို့၏ အချိန်အများစုကို ဖောက်သည်တို့အတွက် အရောင်းအဝယ်ပြုလုပ်ပေးနေခြင်းဖြစ်သည်။ ၎င်းကို Clear The Floor ဟုခေါ်ဆိုလေ့ရှိကြသည်။ တစ်နေ့လျင် ဖောက်သည်ထုကြီးအတွက် အရောင်းအဝယ် အမြောက်အများဆောင်ရွက် ပေးနေသော်လည်း ၎င်းးတို့ကိုယ်တိုင် အရောင်းအဝယ်ပြုလုပ်မှုမှာ မဆိုသလောက်ပင်ဖြစ်သည်။

Forex ကို ဘဏ်တွေ ဘယ်လိုအရောင်းအဝယ် ပြုလုပ်ကြသလဲ…

                 Banker တို့သည် ၎င်းတို့ကိုယ်တိုင် Forex ကို အရောင်းအဝယ်ပြုလုပ်ကြသည်မှာ ရက်သတ္တတစ်ပါတ်လျှင် ၂ ကြိမ် ၃ ကြိမ်မျှသာ ရှိပေသည်။ အဆိုပါ ပြုလုပ်လိုက်သော အရောင်းအဝယ်တို့အနက်မှ အချို့ဆိုလျှင် အရောင်းအဝယ် ပြုလုပ်လိုက်ပြီး ဒီအတိုင်း ပစ်ထားလိုက်ကာ တစ်နှစ်လောက်ကြာပါမှ အမြတ်ရရှိမှုအခြေအနေကိုကြည့်ကြခြင်းဖြစ်သည်။

                ထို့ကြောင့် Banker တို့သည် သင်ထင်နေသလို နေ့စဉ်နေ့တိုင်း အကြိမ်ရေများစွာ ရောင်းဝယ်နေကြခြင်း မဟုတ်ပေ။ သူတို့သည် မည်သည့်ငွေကြေးအတွဲက အခွင့်အလမ်းပေါ်တွင် ရှိနေကြောင်းကို ပညာပိုင်းဆိုင်ရာ ချဉ်းကပ်ရာ၌ TA ကိုရော FA ကိုပါ အစွမ်းကုန် အသုံးချကြသည်။

                သူတို့သည် TA လောက်ကိုသာ အားပြုသုံးစွဲမည်ဆိုသော ယူဆချက်မှာ ရိုးလွန်းလှပါသည်။ ကျွန်တော့်ထံသို့ ပထမဦးဆုံး ရောက်ရှိလာသော ဖောက်သည်များနှင့် တွေ့လိုက်ရသည့်အခါတိုင်း ကျွန်တော့်မှာ အံဩလွန်းပါသဖြင့် စကားပင် မပြောနိုင်လောက်အောင် ဖြစ်သွားရလေ့ရှိပါသည်။ သူတို့သည် သူတို့၏ Chart များပေါ်တွင် indicator မြောက်များစွာတင်ထားလေ့ရှိပါသည်။ အဆိုပါ indicator များသည် ၃-၄ နာရီမျှ နောက်ကျရုံသာမက တစ်ခုနှင့်တစ်ခုသည် ကွဲလွဲဆန့်ကျင်နေကြပါသည်။ ဤကဲ့သို့indicator များစွာကို အသုံးပြုပြီး ရောင်းဝယ်မည်ဆိုလျှင် account ထဲမှ ငွေကြေးများ လျင်မြန်စွာ ကုန်ခမ်းသွားမည်သာ ဖြစ်ပါသည်။

                 Banker တို့သည် indicator များစွာကို အသုံးပြု၍ ရောင်းဝယ်လေ့မရှိကြပေ။ မရှိယုံမျှမက ထိုကဲ့သို့ အသုံးပြုခြင်းကို လုံးလုံးလျားလျားပင် ဆန့်ကျင်ပေသည်. သူတို့အဓိက သိချင်သည်မှာ ဘယ်နေရာသည် အဓိကအချက် အခြာကျသော နေရာလဲ ဆိုသည်ပင်ဖြစ်သည်။

                အမှန်စင်စစ် Banker များသည်သာ ဈေးကွက်များ ဖြစ်ပေသည်။ သင်သည် Banker တို့ ရောင်းဝယ်ပုံကို သိနေပါ လျှင် သင့်အဖို့ indicator များ မလိုအပ်ပါပေ။ ၎င်းတို့သည် TA အမြင်ရော FA အမြင်ရော ၂ စုခွဲကာ အဓိက အပြောင်းအလဲ များကို ကြည့်ရှုပြီး Trading Decision များကို ချမှတ်ကြခြင်း ဖြစ်ပေသည်။

                TA သည် အောင်မြင်သော Trader တစ်ယောက် ဖြစ်လာဖို့ ပထမအဆင့် အဖြစ်ဟုသာ Banker တို့က ရှုမြင်ကြ ပေသည်။ သင်သည် ဈေးကွက်နှင့် အတူသာ ရောင်းဝယ်မှုပြုပါ။ ဈေးကွက်ကို ဆန့်ကျင်မှု မပြုပါနှင့်။

နောက်ဆုံး ရိုးရိုးလေးမှာ - Support နှင့် Resistance တို့သာပင်တည်း။

                ဘာမှ ရှုပ်ရှုပ်ထွေးထွေး တွေးနေစရာမလိုပါ။ ရောင်းဝယ်ရေးဆုံးဖြတ်ချက်ကို ပြင်နေစရာလည်း မလိုပါ။ အဓိက အချက်အခြာကျသော Key Level နေရာကိုသာ ဦးစားပေး ကြည့်ရှုဖို့သာပင် ဖြစ်ပါသည်။ ကျွန်တော့် အနေဖြင့် အဝင် အထွက်မျးများ ပြုလုပ်နေဖို့ စိတ်မဝင်စားပါ။ ဈေးကွက်အတွင်းသို့ အမှန်တကယ် ဝင်ရောက်ရမည့် နေရာမှာ သင်ထင်သလို မဟုတ်ပါ။ Trend Line တို့ မည်သည် အဓိကအချက်အခြာကျသော Support နှင့် Resistance မျဉ်းနေရာ တို့မှ အစပြုသောကြောင့် ဖြစ်ပါသည်။

How To Make Money in Forex?

                 Banker တို့၏ ဈေးကွက်အတွင်းသို့ ဝင်ရောက်မည် ဆုံးဖြတ်ချက်သည် Economic Fundamental များမှ ဆင်းသက်လာခြင်းဖြစ်သည်။ Fundamental နောက်ခံဖြစ်ရပ်များသည် ဈေးကွက်အတွင်း အတိအကျ သတ်မှတ်ပြဌာန်း ထားခြင်းဖြစ်ပြီး တခါတရံမူ ဈေးနှုန်း၏လားရာကို အတိအကျ ဖော်ညွှန်းရန် ခက်ခဲလေ့ရှိသည်။   

                Central Bank ၏ ထုတ်ပြန်ချက် ဖြစ်ပေါ်ချိန်တွင် ကြီးမားသော နိုင်ငံရေးဖြစ်ရပ်ကြီး ပေါ်ပေါက်လာပါက ဈေးနှုန်း၏ လားရာကို တစ်စုံတရာသော အတိုင်းအတာအထိ နှောင့်ယှက်မှု ရှိမည်ဖြစ်သည်။ အဆိုပါ Central Bank မှ ပုံမှန် ထုတ်ပြန်ချက်ဖြစ်ပေါ်ချိန်တွင် နိုင်ငံရေးအကြောင်းအရာ ကိစ္စအထွေအထူးမရှိပါက ဈေးနှုန်း၏ စစ်မှန်သော လားရာနှင့် Trend ကို ဖြစ်ပေါ်စေပေလိမ့်မည်။ Trend Line ကြီးကို ဖြစ်ပေါ်စေလိမ့်မည်။        

                ဤနေရာ ဤအချိန်သည် Bank Trader များ စောင့်မျှော်နေသည့်နေရာဖြစ်ပေတော့သည်။

                 ဈေးကွက်၏ Fundamental ဖြစ်ရပ်များသည် လွန်စွာရှုပ်ထွေးလှပြီး ဈေးနှုန်း၏ လားရာကို ဖြစ်ပေါ်စေသည်။ ၎င်းဖြစ်ရပ်များကို နားလည်အောင်ပြုလုပ်ထားခြင်းအားဖြင့် ရေရှည်အောင်မြင်မှုကို ရရှိပေလိမ့်မည်။ Economic Data Release မှ ငွေကြေးများစွာ ရရှိနိုင်သည်။       

                Data ထုတ်ပြန်လိုက်ပြီးသည့်နောက် အကြောင်းတရား (၂)ရပ်ကို ဆောင်ရွက်ရပေမည်။

                 ပထမ မှာ - Fundamental ဖြစ်ရပ်များအပေါ် ကောင်းမွန်ကြေညက်စွာ သဘောပေါက်နားလည်ထား ရန်နှင့် ထုတ်ပြန်ချက် တစ်ခုချင်းစီသည် ဈေးကွက်ကို မည်သို့မည်ပုံ ရိုက်ခက်နိုင်သည်ကို ကောင်းစွာသိရှိနားလည် ထားရမည်။

                 ဒုတိယမှာ - နှောင့်နှေးကြန့်ကြာမှုမရှိ ဈေးကွက်အတွင်းသို့ အတိအကျ ဝင်ရောက်နိုင်ရေးဖြစ်သည်။

                အထက်ပါအကြောင်းတရား (၂) ရပ်ကို ကောင်းမွန်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီး ယုံကြည်ချက် အပြည့်ဖြင့် ပြင်ဆင်ဆောင်ရွက်ထားလျှင် အမြတ်အစွန်းကြီးစွာ ရရှိမှာဖြစ်သည်။ ဤကဲ့သို့ Economic ထုတ်ပြန်ချက်များ ထုတ်ပြန် ပြီးတိုင်း ဈေးနှုန်းတို့အပေါ် အမှန်ပင်သက်ရောက်မှုရှိပေသည်။ Central Bank တို့၏ စီးပွားရေးထုတ်ပြန်မှုတို့မှာလည်း ဒါပြီးရင်း ဒါဆိုသလို ပတ်လည်ထုတ်ပြန်နေခြင်းသာ ဖြစ်ပေသည်။ အဆိုပါ ထုတ်ပြန်ချက်များအပေါ် လိုက်လံဆက်စပ် ကြည့်ရှုရောင်းဝယ်ခြင်းအားဖြင့် Central Bank တို့၏ မူဝါဒများကို သိရှိလာမည့်အပြင် တပြိုင်နက်တည်းလိုလို သင်သည်လည်း ငွေကြေးမြောက်များစွာ မြတ်စွန်းလာမှာ ဖြစ်ပေသည်။

                အမှန်တကယ် အောင်မြင်လိုပါက အလွန်ကောင်းမြတ်ပြည့်စုံသော အရင်းအနှီး စီမံခန့်ခွဲမှု တစ်ရပ် လိုအပ်ပေ သည်။ ဤစနစ်က မသေခြာမရေရာမှုများကို ရှောင်လွှဲနိုင်ယုံမျှမက အရင်းအနှီးတိုးပွားမှုကိုလည်း ဖြစ်စေလိမ့်မည် ဖြစ်သည်။ ဤစနစ်သည် ရောင်းဝယ်ရေးစီမံချက်ပင်ဖြစ်ပြီး အရေးကြီလှသဖြင့် စနစ်တကျရေးသားပြုစုထားရမည် ဖြစ်ပေသည်။

                ဤအရင်းအနှီးစီမံခန့်ခွဲမှုစနစ်တွင် Risk to Reward အချိုး၊ အရင်းအနှီးငွေကြေးများကို ထိန်းချုပ်ခြင်းတို့ပါဝင်ရ မည့်နည်းတူ စနစ်တကျရေးဆွဲထားသော Trading Plan လည်းပါဝင်ရပေမည်။

                ဤနည်းအားဖြင့် (ယခင်က) သင်ရောင်းဝယ်မှုပြုရာ၌ ဈေးကွက်အတွင်းသို့ ဝင်ရောက်ချိန် ကြုံတွေ့ရတတ်သော ပူပန်သောကများကို ဤစနစ်က လျော့ချဖြေဖျောက်ပေးနိုင်ပေမည်။ ထို့အပြင် Monitor ရှေ့တွင် အဆုံးမရှိ တစ်နေ့လုံး ထိုင်ကြည့်နေစရာလည်း မလိုအပ်တော့ပေ။

                Trader အများစုသည် ဘဏ်အတွင်း ဟိုယောင်ယောင် ဒီယောင်ယောင်ဖြင့် (အကြံပေးတို့ဖြင့်) စကားပြောနိုင်ရန် ကြိုးပမ်းကာ အချိန်ကုန်နေကြခြင်းဖြစ်သည်။

                 TA ရော FA ပါ ကျွမ်းကျင်ပိုင်နိုင်ပြီး ပြီးပြည့်စုံသော အရင်းအနှီးစီမံခန့်ခွဲမှု စနစ်ပါထားရှိဆောင်ရွက်ပါလျှင် ဈေးကွက်ကို ကောင်းမွန်စွာအောင်နိုင်လိမ့်မည် ဖြစ်သည်။

                Banker များ မည်သို့မည်ပုံ ရောင်းဝယ်ကြသည်ကို သိရှိလာပြီဆိုပါလျှင် ယခင်ကထက် ပိုမိုချမ်းသာကြွယ်ဝလာ မည်ကို ယုံမှားသံသယ မရှိစေလိုပါ။ များလှစွာသော စာအုပ်တို့က Banker များကို မည်သို့မည်ပုံ တိုက်ခိုက်ရမည်ဟု ရေးသားကြသည့်အပေါ် များစွာသော သာမန် ရောင်းဝယ်သူတို့က လိုက်လံတုပ နည်းယူလာကြပေသည်။

                Banker များကို တိုက်ခိုက်ဖို့ မလိုအပ်ပါ။ ဈေးကွက်အတွင်း Banker များနည်းတူ လိုက်လံ ရောင်းဝယ်ရမည်သာဖြစ်ပါသည်။

                နိဂုံးချုပ်အနေဖြင့် ပြောရပါလျှင် အံ့ဖွယ်ကောင်းသော လျှို့ဝှက်ရောင်းဝယ်ရေးစနစ်ဟူသည် မရှိပေ။

                အထူးပြု လပ်ထားသော Indicator များ၊ Robot များလည်း မရှိပေ။ ရိုးရိုးလေး နားလည်ထားဖို့ လိုအပ်သည်မှာ အဓိက ရောင်းဝယ်ကြသူများ (Banker များ) ဈေးကွက်ကို မည်ကဲ့သို့ သုံးသပ်ခန့်မှန်းကြသည်, ဘယ်ပုံ ဘယ်နည်း ရောင်းဝယ်ကြသည်ကို သိရှိအောင် ပြုလုပ်ရန်ပင်ဖြစ်ပါသည်။

                 ဤအချက်ကို သိရှိပြီဆိုပါက အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိပြီဖြစ်ပါသည်။

                (မှတ်ချက်။ ဤဆောင်းပါးအတွင်း သုံးနှုန်းဖော်ပြသော Bankers များဆိုသည်မှာ မြန်မာပြည်က ဘဏ် အမျိုးအစားများကဲ့သို့ မဟုတ်ပေ။ မြန်မာပြည်က ဘဏ်များ၏ အများစုမှာ Commercial Bank ကူးသန်းရောင်းဝယ်ရေး ဘဏ်များဖြစ်ကြပြီး Development Bank ဖွံ့ဖြိုးရေးဘဏ်များ အနည်းငယ်ရှိပါသည်။ ဤဆောင်းပါးပါ ဘဏ်များမှာ Investment Bank ရင်းနှီးမြှုပ်နှံမှုဘဏ်များသာ ဖြစ်ကြပါသည်။ အဆိုပါ Investment Bank ကြီးများသည် အင်အားအလွန်ကြီးမားကြသည်။ Commercial Bank များကဲ့သို့ ငွေလွှဲ, ငွေစု, ထုတ်ချေး စသည်တို့ မပြုလုပ်ကြပါ။ Stock Market , Bond Market, Currency Market , အိမ်ခြံမြေဈေးကွက်တို့နှင့် ပတ်သက်မှုူရှိပြီး လူအများအတွက်လည်း ရောင်းဝယ်ပေး ကိုယ်တိုင်လည်း ရောင်းဝယ်မှုပြုသော ဘဏ်ကြီးများ ဖြစ်ကြောင်း နားလည်ထားရမှာ ဖြစ်ပါသည်။ ဦးခိုင်ဇင်ဝင်း)


မေတ္တာဖြင့်...

                    ဦးခိုင်ဇင်ဝင်း (၁၄.၆.၂၀၂၀ ရက်နေ့)

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency