ပင်ကိုယ်ပုံစံများကို ပြောင်းလဲခြင်း

        ထကြွလုံံ့လဝီရိယရှိမှု၊ စိတ်ဓါတ်တက်ကြွမှုတို့သည် လူ၏အကျင့်စရိုက်ပုံစံများကို ရပ်တန့်ပစ်ရန် အမြန်ဆုံးနည်းလမ်းပင်ဖြစ်သည်။

         စိတ်ပိုင်းဆိုင်ရာ ခံစားရမှုများ ဖြစ်ပေါ်လာပြီးနောက်ပိုင်း လမ်းတစ်ပတ်ထွက်လျှောက်လိုက်ပါ။

         သင်ကျင့်သုံးနေသော ရောင်းဝယ်ရေးစနစ်ကို စနစ်တကျ ပြန်စစ်ဆေးပါ။

         သင်ကျင့်သုံးနေသော ရောင်းဝယ်ရေးစနစ်သည် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ဖို့ လိုအပ်နေပါလျှင် ဖြည့်ဆည်းဆောင်ရွက်ပေးရမှာဖြစ်ပြီး ၎င်းနောက် ၎င်းစနစ်ကို အပြည့်အဝ အသုံးချပါ။

         သင်ကျင့်သုံးနေသော ရောင်းဝယ်ရေးစနစ်ကို ဖြစ်ပေါ်လာသော အကြောင်းအကျိုး၊ အကောင်းအဆိုးကို လက်သင့်ခံရန် ဖြစ်ပါသည်။

         (အစပထမပိုင်းများတွင်) အကျိုးအမြတ်နည်းချင်နည်းပါစေ ရောင်းဝယ်ရေးပမာဏ (Size)နည်းနည်း ဖြင့်သာ ရောင်းဝယ်ပါ။ (ဖိအားပြင်းသော စိတ်ခံစားချက်များကို ဖြစ်ပေါ်စေသည်မှာ ရောင်းဝယ်ရေးပမာဏ Size ကြီးကြီးဖြင့် ရောင်းဝယ်မှုကြောင့် ဖြစ်ပေသည်။ မကျွမ်းကျင်သေးမီ Size သေးသေးဖြင့်သာ စတင်သင့် ပါသည်။ အရှုံးနည်းမှုက နည်းပါးသော (သို့မဟုတ်) မရှိသလောက်သော Emotion ကိုသာ ဖြစ်စေပေလိမ့်မည်။)

ပင်ကိုယ်ပုံစံများကို မည်ကဲ့သို့ ပြောင်းလဲမည်နည်း

        သင့်တွင် မကောင်းသော အကျင့်စရိုက်ပုံစံများ ရှိနေပြီဆိုပါလျှင် မည်မျှပင်ခက်ခဲနေပါစေ အဆိုပါ မကောင်းသော အကျင့်စရိုက်များကို ဖယ်ရှားပစ်ရမှာ ဖြစ်သည်။

         ဥပမာ - ရောင်းဝယ်လိုက်သော အရောင်းအဝယ် သုံးခုစလုံးမှာ ရှုံးပုံရှုံးနည်း တူညီနေကြသည် ဆိုပါစို့။ ထိုအခြေအနေတွင် အဆိုပါ ရှုံးပုံရှုံးနည်း တူညီနေမှုကို စနစ်တကျ အသေးစိတ် ဆန်းစစ်အဖြေရှာနိုင်ဖို့မှာ အလွန်ပင် အရေးကြီးလှပါသည်။ အဖြေကိုကောင်းစွာတွေ့ရှိပြီးသည့်နောက် သင်၏ရောင်းဝယ်မှုပုံနည်းလမ်း၊ ချဉ်းကပ်ပုံ အပြုအမူများကို ပြုပြင်ရမှာဖြစ်သည်။ ထိုကဲ့သို့ မပြုပြင်နိုင်ပါလျှင် သင်၏ ထပ်ခါထပ်ခါ ရှုံးလာမှုသည် အလွန်ဆိုးဝါးစွာမြင့်တက်လာတော့မှာ ဖြစ်သည်။

         အထက်ပါနည်းလမ်းကို တိကျစွာ လိုက်နာကျင့်သုံးခြင်းအားဖြင့် အဆိုပါမကောင်းသော အကျင့်စရိုက် ပုံစံများကို ရပ်တန့်ပစ်နိုင်မှာ ဖြစ်ပါသည်။

စိတ်ခံစားချက်များကို ရပ်တန့်ပစ်ခြင်း

        Emotion များကို ဖယ်ရှားပစ်ရန် အကောင်းဆုံးနည်းလမ်းမှာ မိမိ၏စိတ်ကို ကောင်းမြတ်သော မေးခွန်းများ မေးပေးရမှာဖြစ်သည်။ ဤကဲ့သို့သော မေးခွန်းများက စိတ်တွင်ခံစားဖြစ်ပေါ်နေသော emotion များကို လျော့ပါးသက်သာသွားအောင် ဆောင်ကျဉ်းပေးလေသည်။ ဤကဲ့သို့သော တိကျသော မေးခွန်းများ မေးမြန်းခြင်းကြောင့် အဖြေမှန်ကို ရှာဖွေတွေ့ရှိနိုင်လေသည်။ သင်လုပ်ကိုင်ဆောင်ရွက်နေသော Trading ကို သင်ကိုင်တွယ် ထိန်းချုပ်နိုင်မှု မရှိတော့သောအခါ “ငါအခုဘာလုပ်နေတာလဲ, စိတ်ထဲမှာ အမှန်မြင်မှုကို တားဆီးပိတ်ဆို့နေတဲ့ Strong Emotion ကြီးဝင်နေပြီလား” ဆိုသည်ကို ကိုယ့်ကိုယ်ကို မေးခွန်းမေးကြည့်ဖို့ မမေ့ပါနှင့်။ ဤကဲ့သို့ ဆောင်ရွက်လိုက်မည်ဆိုပါလျှင် သင်ခံစားနေရသော Strong emotion မှာ လျော့ပါး သက်သာသွားတော့မှာ ဖြစ်သည်။

၁၉၂၃ ခုနှစ်လောက်တုန်းက စတော့ရောင်းဝယ်သူတစ်ဦး၏ ဖြစ်ရပ်အတွေ့အကြုံများ

        အရောင်းအဝယ်ပြုလုပ်ရာတွင် အကြီးမားဆုံးရန်သူမှာ သင်ကိုယ်တိုင်သာလျှင်ဖြစ်ပေသည်။ သင်၏ စိတ်ခံစားမှုကို မည်ကဲ့သို့ ထိန်းကျောင်း, ထိန်းချုပ်ရပါမည်လဲဟု လေ့လာပြီး အရောင်းအဝယ်ပြုလုပ်ပါလျှင် အရောင်းအဝယ်မှာ အောင်မြင်လာတော့မှာဖြစ်သည်။ ၁၉၂၃ ခုနှစ်က စတော့အရောင်းအဝယ်သမား Edwin Lefevre ၏ (Emotion ထိန်းချုပ်နည်း) အကြံပြုချက်များမှာ ယနေ့အထိတိုင်အောင် အသုံးဝင်နေဆဲ ဖြစ်ပါသည်။

သတိပြုရမည့်အချက် -  စိတ်လှုပ်ရှားမှုနှင့် တပါတည်း လိုက်ပါလာသော ကြောက်ရွံ့မှုက အခွင့်အလမ်းနှင့် လွဲချော်တတ်ပေသည်။ အောင်မြင်မှုမရမီစပ်ကြား ၎င်းစိတ်ခံစားမှုက အရှုံးဆီသို့ တွန်းပို့ ခေါ်ဆောင်သွား တတ်ကြောင်း သိထားရပေမည်။

သည်းခံနိုင်မှု -  ရောင်းဝယ်မှုပြုတော့မည်ဆိုလျှင် ဈေးကွက်အခြေအနေအပေါ် စိတ်ရှည်စွာ သည်းခံစောင့် ဆိုင်းပါ။ ဈေးနှုန်းများ ဘေးတိုက်သွားနေချိန်တွင် ဈေးကွက်အပြင်မှ စနစ်တကျ/စိတ်ရှည်လက်ရှည် စောင့်ကြည့်နေခြင်းသည် ဉာဏ်ပညာရှိရာ ရောက်ပေသည်။

ခိုင်မာသော ယုံကြည်ချက်ရှိခြင်း -  မိမိ၏ ယုံကြည်ချက်ကို သတ္တိရှိစွာ ဆက်လက်ဆွဲကိုင်ထားပါ။ ဥပမာ - Trend Line သည် တက်နေသည်။ ထိုသို့တက်နေရာမှ အားနည်းလာသည်/ပြန်ဆင်းလာသည်ကို မြင်ရသည်။ ကြောက်ပြီးထွက်လိုက်လျှင် အမြတ်မရနိုင်တော့ပေ။ သင်၏ ယုံကြည်ချက် ( Trend Line သည် ဆက်တက် မည်ဟု ယုံကြည်ချက်)ကို တင်းကျပ်စွာ ဆက်လက်ကိုင်စွဲထားပါ။ ရှုံးနိမ့်သွားစေမည့် ကြောက်ရွံ့မှုကို စိတ်ထဲသို့ အဝင်မခံပါနှင့်။ အမြတ်ရနိုင်မှု၊ မရနိုင်မှုမှာ သင်၏အဆုံးအဖြတ်ပေါ်တွင်သာ တည်နေပါသည်။

လစ်လျူရှုထားပါ -  ငွေကြေးအမြတ်အစွန်းပေါ်ထက် TA ရှုထောင့်အပေါ်မှာသာ အာရုံစိုက်ထားပါ။ သင်၏ ရောင်းဝယ်မှုသည် TA အရ မှန်ကန်ကောင်းမွန်နေမည် ဆိုပါလျှင် အမြတ်အစွန်းက နောက်က လိုက်လာမှာ ဖြစ်သည်။ စိတ်ခံစားမှု, စိတ်ဖိစီးမှုများကို လစ်လျူရှုထားပါ။ ကွန်ပျူတာဖန်သားပြင်ကို အမြဲတမ်းထိုင်ကြည့်နေမှုကိုလည်း လုံးဝမပြုလုပ်သင့်ပါ။

        ကွန်ပျူတာ ဖန်သားပြင်ကို နာရီများစွာထိုင်ကြည့်ခြင်း (ဈေးနှုန်းသွားလာမှုကို မပြတ်တမ်းထိုင်ကြည့်နေမှု)သည် သင်၏ Strategy ကို မယုံကြည်တော့သလိုဖြစ်လာပြီး သင်ရှုံးနိမ့်ဖို့ ဖြစ်လာတော့မှာ ဖြစ်သည်။

မမျှော်မှန်းနိုင်သည်များရှိနေကြောင်းသိထားပါ -  ရောင်းဝယ်ခြင်းသည် ဖြစ်နိုင်ခြေအကြောင်း အချက်များ အပေါ်တွင်သာ ကြည့်ရှုဆောင်ရွက်ရခြင်းဖြစ်ပြီး သေခြာခြင်းဆိုသည်မှာ မရှိကြောင်း နားလည် သဘောပေါက် ထားပါ။ ဈေးကွက်ကို အချိန်ပြည့် မှန်ကန်အောင်သုံးသပ်နိုင်စွမ်းမည့်သူ တစ်ဦးတစ်ယောက်မှ မရှိကြပါ။ လောင်းကစားသမားအတွေးမျိုးကို ရှောင်ကြဉ်ပါ။

ပျမ်းမျှအနိုင်ရရှိမှုကို မြင့်တက်စေရမည် မကျဆင်းစေရ -  အရောင်းအဝယ်တစ်ကြိမ်ပြုလုပ်တိုင်း (Position) Order ထည့်သွင်းမှုကို များစွာထည့်သွင်းလျှင် ဈေးနှုန်းက သင်မျှော်မှန်းသည့်ဘက်သို့ မသွားဘဲ ဆန့်ကျင် ဘက်သို့ ဦးတည်သွားပါက order များစွာ သွင်းထားမှုကြောင့် ပိုဆိုးစေမှာ ဖြစ်သည်။ ဈေးနှုန်းက မျှော်မှန်း လားရာသို့ သွားပြီဆိုပါမှ ဈေးကွက်ထဲသို့ order များထပ်မံထည့်သွင်းသင့်ပါသည်။

အရှုံးကို သေးသေးလေးသာ ရှုံးရအောင် စီစဉ်ဆောင်ရွက်ပါ -  Stop Loss ကို အသုံးပြုပြီး သင်၏ အရှုံးကို ကာကွယ်ပါ။ Stop Loss ကို နေရာချထားရာတွင် အလျင်စလို မပြုလုပ်ရသလို ချက်ခြင်းလည်း ထည့်ဖို့လိုအပ် ပါသည်။ အကြီးမားဆုံး အမှားမှာ ရှုံးနေသော အခြေအနေတွင် ပြန်မြတ်လာလိမ့်ဦးမည်ဟူသော မျှော်လင့်ချက်ဖြင့် အရှုံးကို ဆက်ကိုင်ထားခြင်းဖြစ်သည်။ Stop Loss ချထားခြင်းမရှိဘဲ အရှုံးကို ခွင့်ပြုထားခြင်းဖြစ်သည်။ ဈေးကွက်တို့သည် သင်မျှော်လင့်တွက်ချက်ထားသည်ထက် ပိုမိုကျော်လွန် သွားတတ်သည့်သဘောရှိတတ်ပေသည်။ ထို့ကြောင့် နောက်ဆုံးတွင် သင်မြောက်များစွာ အရှုံးကြီးရှုံးပြီးမှ ဈေးကွက်ထဲက ထွက်လိုက်ရသည့် အဖြစ်မျိုးနှင့် ကြုံရလေတော့သည်။ အရှုံးသေးသေးလေးသာ ရှုံးရအောင် မစီစဉ်မဆောင်ရွက်နိုင်ခြင်းဖြစ်သည်။

စိတ်အေးအေးထားပါ -  စိတ်ကိုတည်ငြိမ်အောင် , အေးချမ်းအောင်ထားပါ။ ဈေးကွက်အတွင်းသို့ မဝင်မီ, ဈေးကွက်၏ အကောင်းဆုံး အခြေအနေကို စိတ်ရှည်စွာ စောင့်ဆိုင်းပါ။ ရှုံးလာသောအခါတွင် တည်တည်ငြိမ်ငြိမ်သာ ဆက်ထိုင်နေပါ။ ကြောက်စရာမလိုပါ။ ကြောက်စိတ်ကို ခွင့်မပြုရပါ။ သင်၏ ယုံကြည်ချက်အပေါ်တွင် / သင်၏ Analysis ပြုထားချက်အပေါ်တွင် ယုံယုံကြည်ကြည် ခိုင်ခိုင်မာမာ သတ္တိရှိရှိ ရပ်တည်ထားပါ။ အားကောင်းသော ပညာနှင့် အကဲဖြတ်ထားချက်/ သုံးသပ်ဆုံးဖြတ်ထားချက်ကသာ အဓိက ဖြစ်ကြောင်း ယုံကြည်နေပါ။ ထိုအခြေအနေတွင် Computer Screen ကိုမကြည့်ဘဲ လစ်လျူရှုထားခြင်း ကလည်း သင့်အားကူညီမှာ ဖြစ်ပေသည်။ သင့်အနေဖြင့် Stop Loss ထည့်သွင်းထားပြီးဖြစ်၍ Computer Screen ကို စဉ်ဆက်မပြတ်ကြည့်နေဖို့ မလိုအပ်တော့ပေ။

         ဤသည်တို့မှာ Edwin Lefevre ၏ အားတက်ဖွယ်ကောင်းသော ခွန်အားကို ပေးစွမ်းသော အကြံပြုစာများပင်ဖြစ်သည်။

         Beginner တစ်ယောက်အတွက် အနှစ်ချုပ်မှတ်သားရန်မှာ _

         (က) TA ပညာကို စနစ်တကျ သင်ယူပါ။

         (ခ) Paper Trading, Demo Trading များဖြင့် လေ့ကျင့်ပါ။

         (ဂ) Size အသေးဆုံးဖြင့် (ပိုက်ဆံအစစ်ဖြင့်) စတင်ရောင်းဝယ်ကြည့်ပါ။

         (ဃ) ရောင်းဝယ်ရာမှ ရရှိလာသော ပညာ/အတွေ့အကြုံများကို စနစ်တကျ မှတ်သားထားပါ။

         (င) အကောင်းဆုံး Trading Strategy ကို တည်ဆောက်ပါ။

         (စ) အကောင်းဆုံး Trading System ကို တည်ဆောက်ပါ။

         (ဆ) (င)နှင့်(စ)ကို အမြဲမပြတ် မွန်းမံနေပြီး အကောင်းဆုံး အခြေအနေကို တည်ဆောက်ရယူပါ။

         (ဇ) ဤကဲ့သို့ ဆောင်ရွက်လာလျှင် အမြဲမပြတ် အနိုင်ရလာသော Successful Trader တစ်ယောက် ဖြစ်လာတော့မှာ ဖြစ်ပါသည်။


မေတ္တာဖြင့် _

                        ဦးခိုင်ဇင်ဝင်း

                         ၁၃.၇.၂၀၂၀  

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency