(FA Concept , ဘာသာပြန်ဆောင်းပါး)

             Full Time Pro Trader တစ်ယောက်အတွက် အရေးအကြီးဆုံးလိုအပ်ချက်မှာ ငွေကြေး၏ လားရာကို သိရှိနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။

             ဤကဲ့သို့ သိရှိနိုင်ဖို့ရာ ဘဏ်တို့ကပေးသော Junior Trader သင်တန်းများ တက်ရောက်နေဖို့ မလိုအပ်ပါ။ ငွေကြေး၏ လားရာကို သိအောင်လုပ်ရခြင်းသည် Trader တစ်ယောက်၏ အနာဂါတ်ကာလ အတွက် လွန်စွာအရေးကြီးသော်လည်း နှစ်ကာလကြာရှည်လာသည်နှင့်အမျှ ဤအကြောင်းအရာကို ကျောခိုင်းလိုက်လေတော့သည်။ မေ့ပျောက်သွားပေတော့သည်။ Junior Trader ဘဝမှ Senior Trader ဘဝသို့ ရောက်ရှိလာသောအခါ ဈေးကွက်ကို တိုက်ခိုက်ကြတော့သည်။ ၎င်းတို့၏ Chart ပေါ်တွင် မြောက်များလှစွာသော Indicator များကိုတင်ပြီး Analysis လုပ်တော့သည်။ ၎င်းအခြင်းအရာက Trader ကို မှားယွင်းစေပေတော့သည်။

             ဗဟိုဘဏ်တို့သည် လစဉ်ထုတ်ပြန်သော စီးပွားရေး အချက်အလက်များကို လေ့လာစောင့်ကြည့်ပြီး နောက် ၎င်းနှင့်လိုက်ဖတ်မည့် ငွေကြေးမူဝါဒများကို ချမှတ်ကျင့်သုံးကာ စီးပွားရေးကောင်းမွန်အောင် ပဲ့ကိုင်ထိန်းကျောင်းလေတော့သည်။

             အဆိုပါ စီးပွားရေး အချက်အလက်များကို ထုတ်ပြန်ရန် (ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်တွင် ထုတ်ပြန်မည် ဆိုသည်ကို) တစ်နှစ်စာကြိုတင် စီစဉ်ထားပြီးဖြစ်လေသည်။ ဤသည်မှာ ပွင့်လင်းမြင်သာမှုရှိပြီး အကောင်းဆုံးအချက်လည်း ဖြစ်ပေသည်။ ၎င်းသတင်းအချက်အလက်များ ထုတ်ပြန်ချိန်တွင် ထုတ်ပြန်ချက် အပေါ်မူတည်၍ ရောင်းဝယ်ယုံသာ ဖြစ်လေသည်။

            ငွေကြေးဖေါင်းပွမှုနှုန်းသည် ဗဟိုဘဏ်တို့ သတ်မှတ်ထားသော ဘောင်မှ 2 - 3 % မျှကျော်လွန် သွားလျှင် ဗဟိုဘဏ်တို့ အတိုးနှုန်းကို ပြင်ဆင်တော့သည်။

             ငွေကြေးဖောင်းပွမှုနှုန်းသည် 3% အထက်ကို ကျော်လွန်အောင် တက်သွားလျှင် ပုံမှန်အားဖြင့် 0.25% တဝိုက်ရှိသော အတိုးနှုန်းကို ဗဟိုဘဏ်တို့က မြှင့်တင်လိုက်ကြတော့သည်။ ငွေကြေးဖောင်းပွမှုနှုန်း 2% အောက်သို့ ကျဆင်းသွားလျှင် ပုံမှန်အားဖြင့် 0.25% တဝိုက်တွင်ရှိသော အတိုးနှုန်းကို ဗဟိုဘဏ်တို့က ချလိုက်ကြတော့၏။

             ယခု CPI ထုတ်ပြန်ချက်ကို ထိုင်စောင့်ကြည့်နေစဉ်တွင် ဈေးနှုန်းတို့သည် အထူးရိုက်ခတ် ပြောင်းလဲလာသည်မှာ အဘယ်ကြောင့်နည်း။

             Employment Data, Manufacturing, Consumer Confidence, Industrial Production စသည့် အချက်တို့သည် ငွေဖောင်းပွမှုအပေါ် သက်ရောက်လျက်ရှိကြသည်။

             ထို့ကြောင့် လစဉ်ထုတ်ပြန်သော အထက်ပါ အချက်အလက်များ မထုတ်ပြန်မီ မျှော်မှန်း Inflation Rate ကို ကောင်းစွာတိုင်းတာထားရပေမည်။

ထုတ်ပြန်လိုက်သော အချက်အလက်များ အားကောင်းပါလျှင် Inflation လည်း အားကောင်းမည် ဖြစ်ပြီး ထုတ်ပြန်လိုက်သော အချက်အလက်များ အားမကောင်းပါက Inflation လည်း အားကောင်းမည် မဟုတ်ပေ။ အားကောင်းတချို့ အားမကောင်းတချို့ ရောနှောနေပါက CPI ကို အဓိက ထားကြည့်ရမှာ ဖြစ်သည်။

             ဗဟိုဘဏ်တို့သည် ကြိုတင်စီစဉ်လေ့ရှိပြီး ဆောင်ရွက်မှုမှာလည်း ပွင့်လင်းမြင်သာမှုရှိသည်။ ဗဟိုဘဏ်တို့သည် အချက်အလက်များကို စုဆောင်းပြီးနောက်, အနာဂါတ်တွင် မူဝါဒများ ပြောင်းလဲရန် စီမံတော့သည်။ ၎င်းတို့သည် (ဗဟိုဘဏ်တို့သည်) ဈေးနှုန်းအတက်အကျ ပြင်းထန်မှုကို မလိုလားပေ။ ထို့ကြောင့် အတိုးနှုန်းကို ပြင်ဆင်နိုင်ရန် လများစွာ ကြိုတင်ပြင်ဆင်တော့သည်။ အတိုးနှုန်းပြင်ဆင် သတ်မှတ်ကြောင်း ထုတ်ပြန်သည့်အချိန်တွင် ရှင်းလင်းဖေါ်ပြချက်ကိုပါ တပါတည်း ထုတ်ပြန်လိုက်တော့သည်။ ဤသည်ကို ကြိုတင်ထိန်းကျောင်းမှုဟုခေါ်ပြီး ဗဟိုဘဏ်တို့အဖို့ လုပ်ရိုးလုပ်စဉ် လုပ်ငန်းပုံစံသာဖြစ်သည်။

            ထို့ကြောင့် Trader တို့သည် ထုတ်ပြန်လာသော Economic Data တို့ကို အလေးထားကြည့်ရှုပါ။ ဗဟိုဘဏ်မှ ထုတ်ပြန်သော Statement ကို သေခြာစွာဖတ်ရှုပါ။ ပြီးနောက် ဗဟိုဘဏ်တို့ စောင့်မျှော်နေသော အဓိက အကြောင်းအချက်များကို ရွေးထုတ်ပါ။

             သတင်းအချက်အလက်များ ထုတ်ပြန်ပြီးသည်နှင့် ချက်ခြင်းအရောင်းအဝယ်ပြလုပ်ပါ။ နောက်တစ် ကြိမ်ပြုလုပ်မည့် ဗဟိုဘဏ် အစည်းအဝေးကို စောင့်မျှော်နေရန် မလိုအပ်ပါ။ အဘယ်ကြောင့်ဆိုသော် ထုတ်ပြန်ခဲ့သော အချက်အလက်တို့က အနာဂါတ်၏ အကျိုးဆက်များကို ပြဆိုနေသောကြောင့်ဖြစ်သည်။

             ငွေကြေးဈေးနှုန်း၏ လားရာကို သေခြာစွာသိရှိပြီးဖြစ်၍ ထိုအချိန် ရောင်းဝယ်ရာတွင် အဆတိုး ရောင်းဝယ်ရန်သာ ဖြစ်လေသည်။ ထိုကဲ့သို့သော ထုတ်ပြန်ချက်မျိုး အမြောက်အများလာနေဦးမှာဖြစ်ပြီး ထုတ်ပြန်ချက်များ၏ သဘောသဘာဝများကို ကောင်းစွာနားလည်သဘောပေါက်ကာ Banker များ ဆောင်ရွက်သကဲ့သို့ ဈေးကွက် အတွင်းသို့ ဝင်ရောက်ရန်သာ ဖြစ်လေသည်။

မေတ္တာဖြင့် _

                 ဦးခိုင်ဇင်ဝင်း

                 ၁၉.၇.၂ဝ၂ဝ ရက်နေ့ (တနင်္ဂနွေနေ့)

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency