Forex Trader တစ်ယောက်အဖို့ မတူကွဲပြားခြားနားသော ငွေကြေးအတွဲများကို စစ်ဆေးဆောင်ရွက် ခြင်းဖြင့် အရောင်းအဝယ်ပြုလုပ်ဖို့ရာ Set up တစ်ခုကို ရှာဖွေတွေ့ရှိသွားနိုင်သည်။

         ဤသို့ဆိုလျှင် ငွေကြေးအတွဲတို့၏ ပတ်သက်ဆက်နွယ်မှုကို သိထားမှ ဖြစ်မည်… 

အကြောင်းအချက်(၂)ရပ်ရှိသည်။

         ၁ - တစ်ချိန်တည်း တပြိုင်တည်းတွင် လားရာတူနေသော ပတ်သက်ချိတ်ဆက်လျက်ရှိသည့် ငွေကြေး တို့တွင် ဝင်ရောက်ရောင်းဝယ်ခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် စွန့်စားရမှု အန္တရာယ်ကို လျော့ချနိုင်သည်။

         ၂ - ငွေကြေးအတွဲတို့၏ ပတ်သက်ချိတ်ဆက်နေမှုကို သိရှိခြင်းအားဖြင့် ၎င်းငွေကြေးအတွဲတို့၏ လားရာကို ခန့်မှန်းရာတွင် အထောက်အကူဖြစ်စေနိုင်သည်။

         တခါတရံတွင် အခြားသော ငွေကြေးအတွဲတို့၏ အားကောင်းသောအချက်ပြမှုက အခြားသော ငွေကြေးအတွဲတို့အပေါ် အားကောင်းစွာသက်ရောက်တတ်ပေသည်။

         ငွေကြေးအတွဲတို့၏ ပတ်သက်ချိတ်ဆက်နေမှုများက ရောင်းဝယ်ရာတွင် သင့်ကို မည်ကဲ့သို့ အကူအညီ ပေးပါသနည်း။

         Currency အတွဲတစ်တွဲတွင် ပထမ Currency က ကုန်ပစ္စည်း(လို)ဖြစ်ပြီး ဒုတိယ Currency က အဆိုပါ ကုန်ပစ္စည်းကို ဝယ်ယူမည့် ပိုက်ဆံ(လို)ဖြစ်သည်။

         EURUSD ကို Buy သည်ဟုဆိုရာတွင် EUR ကို ဝယ်ယူဖို့ရာ USD ဖြင့် ပေးချေရသည်ဟူ၍ အဓိပ္ပါယ် ရသည်။

         EURUSD နှင့် GBPUSD အတွဲနှစ်တွဲတွင် USD က ငွေကြေးအနေနှင့် တာဝန်ထမ်းဆောင်သည်။

         ၎င်းအတွဲနှစ်တွဲအတွင်းက EUR နှင့် GBP တို့သည် အလွန်ကြီးမားသော ဥရောပစီးပွားရေးကြီးနှင့် ပတ်သက်ချိတ်ဆက်လျက်ရှိသည်။ ၎င်းနှစ်ခုသည် မြင့်မားစွာချိတ်ဆက်လျက်ရှိပြီး လှုပ်ရှားသွားလာရာ , ဦးတည်ရာအရပ်မှာလည်း ၉၉ % မျှ တူညီကြသည်။ အဝယ်အရောင်း Signal များကိုလည်း ပြိုင်တူပင်ပြကြ သည်။ လတ်တလောတွင် စီးပွားရေးအကြပ်အတည်းကြောင့် ၎င်းတို့၏ လှုပ်ရှားသွားလာမှုသည် အနည်းငယ် ကွဲပြားလာသည်။ သို့ရာတွင် ၎င်းနှစ်ခုအပေါ်လွှမ်းမိုးသက်ရောက်လျက်ရှိသော အရာတို့မှာ အတူတူပင် ဖြစ်နေဆဲဖြစ်သည်။

         ဆိုလိုသည်မှာ_

         အားကောင်းခြင်း, အားမကောင်းခြင်း ပြသသော Signal ပုံစံ ကွဲပြားမှုမှလွဲ၍ EURUSD က Buy Signal ပြလျှင် GBPUSD ကလည်း Buy Signal ပြသမှာဖြစ်သည်။

         တပြိုင်နက်တည်းတွင် EURUSD ကို Short ပြုလုပ်ဖို့ ဆုံးဖြတ်ပြီး GBPUSD ကို Buy လုပ်ဖို့ ဆုံးဖြတ်သည်ဆိုပါက ဈေးကွက်သုံးသပ်ချက်သည် မှားယွင်းနေပြီဖြစ်သည်။

         သို့ဖြစ်၍ အဆိုပါအတွဲနှစ်တွဲ၏ တူညီသော Signal ပြသမှုများကို မမြင်တွေ့ရမချင်း Position မဝင်သင့်ပေ။

         ၎င်းအတွဲနှစ်တွဲသည် ဖြစ်ထောင့်ဖြစ်ခဲ ဆန့်ကျင်ဘက်လားရာကို ပြဆိုနေပြီ ဆိုပါက EURGBP ကို အရောင်းအဝယ်ပြုလုပ်ဖို့ ညွှန်ပြနေပြီဖြစ်ကြောင်း သိရှိထားရမှာဖြစ်သည်။

         USDCHF နှင့် USDJPY တို့၏ ပြုမူ သွားလာပုံသည် အတူတူပင်ဖြစ်သည်။ သို့ရာတွင် EURUSD နှင့် GBPUSD တို့ သွားလာပုံလောက်တော့မတူပေ။ အဘယ်ကြောင့်ဆိုသော် USDCHF နှင့် USDJPY တို့တွင် ပိုက်ဆံမတူညီနေခြင်းကြောင့်ဖြစ်သည်။ ဆွစ်ဖရန့်နှင့်ဂျပန်ယန်း တို့သည် အချို့အချက်အလက်တို့တွင် တူညီကြသည်။ ၎င်းနှစ်နိုင်ငံစလုံး ရေနံဝယ်ယူကြသော နိုင်ငံများဖြစ်ခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ဂျပန်စက်မှုထုတ်ကုန်, ကုန်သွယ်ရေး ပမာဏက CHF နှင့် JPY ကိုကွဲပြားခြားနားစေသည်။

         Major Pairs များကို Analysis ပြုလုပ်ကြည့်သောအခါ အကယ်၍ EURUSD နှင့် GBPUSD တို့တွင် Buy Signal တွေရနေပြီဆိုပါက ထိုအချိန်တွင် USDJPY ကိုသွားကြည့်လျှင် အကြမ်းဖျဉ်းအားဖြင့် Sell Signal ကို တွေ့ရမှာ ဖြစ်သည်။ တဖန် USDCHF တွင်လည်း Sell Signal တွေ့နေရပြီဆိုပါလျှင် အဆိုပါ Analysis မှာ ပိုမိုကောင်းမွန်နေပြီဖြစ်သည်ဟု ဆိုရမှာဖြစ်သည်။

         သို့မဟုတ်ပါက ဈေးကွက် သုံးသပ်ချက်ကို ပြန်လည်ဆန်းစစ်ရတော့မှာဖြစ်သည်။ သို့မဟုတ်အခြား Trade Set up တစ်ခုကို စောင့်ဆိုင်းသင့်သည်။

ကျွန်တော့အနေဖြင့် မည်သည့်အရာကို ပိုမိုကြိုက်နှစ်သက်ပါသနည်း_

         အကယ်၍ ကျွန်တော်သည် EURUSD နှင့် GBPUSD တို့တွင် Sell Signal ကိုတွေ့ရပြီး USDJPY တွင် Buy Signal ကို တွေ့ရသည် ဆိုပါက EURUSD သို့မဟုတ် GBPUSD တို့အနက် တစ်ခုခုတွင် Short Position ဝင်ရသည်ကို ပိုမိုကြိုက်နှစ်သက်မှာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အောက်သို့ စိုက်ဆင်းသော လှုပ်ရှားမှုတို့သည် အရှိန်အဟုန်ဖြင့် လျင်လျင်မြန်မြန်စိုက်ဆင်းလေ့ရှိကြသောကြောင့်ဖြစ်သည်။

         EURUSD သို့မဟုတ် GBPUSD တွင် Short ဝင်ပြီး တချိန်တည်း တပြိုင်တည်းတွင် USDJPY တွင် Long မဝင်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် Position တစ်ခုလွဲမှားသွားပြီဆိုပါက နောက် Position တစ်ခုကလည်း ကျိန်းသေလိုက်ပြီး လွဲမှားမှာဖြစ်သောကြောင့်ဖြစ်သည်။

         ဆန့်ကျင်ဘက်လားရာရှိကြသော ငွေကြေးအတွဲ ၂ တွဲအား ဆန့်ကျင်ဘက် Position တပြိုင်နက်တည်း ဝင်ခြင်းဖြင့် အန္တရာယ် ၂ ဆရှိနိုင်ပေသည်။

         ဈေးနှုန်းလားရာကို ခန့်မှန်းရာတွင် ငွေကြေးအတွဲတို့၏ ဆက်နွယ်နေမှုကို မည်ကဲ့သို့ အသုံးချမည်နည်း_

         ငွေကြေးအတွဲတစ်ခုသည် Signal ပြသလာပြီဆိုပါလျှင် သေခြာလား / မသေခြာလားဆိုသည်ကို အခြားငွေကြေးအတွဲများကို သွားကြည့်ပြီး Confirm ပြုလုပ်၍ ရပါသည်။

         ဥပမာအားဖြင့် USDCAD Chart ၏ 4H နှင့် 1H တို့တွင် ဈေးနှုန်းသည် Support မျဉ်းကို ဖေါက်ထွက်ဖို့ အလွန်နီးကပ်နေပြီဆိုပါစို့ _

         ထိုအခြေအနေသည် Short Position ဝင်ချင်စရာဖြစ်သည်။ Confirmation လည်းလုပ်ဖို့ လိုအပ်နေသည်။

         Confirmation အတွက် စောင့်ဆိုင်းနေရမည်ဆိုပါလျှင် အလွန်နောက်ကျသွားပြီး အခွင့်အလမ်းနှင့် လွဲချော်သွားနိုင်သည်။ Confirmation အတွက် USDSGD သို့ သွားကြည့်ကာ အဆိုပါ Chart တွင် Support မျဉ်းကို Break Out ဖြစ်ပြီဆိုပါက USDCAD တွင် Short ဝင်ယုံသာဖြစ်ပါသည်။

         မေးစရာရှိသည်မှာ USDSGD တွင် Short မဝင်ပါဘဲ အဘယ်ကြောင့် USDCAD တွင်မှ Short ဝင်ရပါ သနည်း ဟူ၍ ဖြစ်ပါသည်။

         လိုရင်းကို ဖြေရလျှင် USDCAD တွင် ပိုမိုဝေးဝေးရောက်ပြီး ပိုမိုအမြတ်ရစေသောကြောင့် ဖြစ်ပါသည်။

         USDCAD ကို အရောင်းအဝယ်ပြုလုပ်နိုင်ရန်အလို့ငှာ USDSGD ကို Indicator အဖြစ် အသုံးပြုခြင်း ဖြစ်သည်။

         ဤကဲ့သို့ USDSGD ကို သွားကြည့်ခြင်းအားဖြင့် USDCAD ကို ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် သို့မဟုတ် ဈေးကွက်အတွင်းမှ ပြန်ထွက်ဖို့ ဆုံးဖြတ်ရန် အကူအညီပေးပါသည်။

        

မေတ္တာဖြင့်_

         ဦးခိုင်ဇင်ဝင်း

         26.7.2020 ရက်နေ့ (တနင်္ဂနွေနေ့) 

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency