အပိုင်း(၁)

    အမြဲလိုလိုပင် လားရာဆန့်ကျင်ဘက်သို့ သွားလေ့ရှိသော ငွေကြေးအတွဲများ

          EUR/USD and USD/CHF

         GBP/USD and USD/JPY

         AUD/USD and USD/JPY

         GBP/USD and USD/CHF


     အမြဲလိုလိုပင် လားရာအတူ သွားလေ့ရှိသော ငွေကြေးအတွဲများ

         EUR/USD and GBP/USD

         EUR/USD and AUD/USD

         EUR/USD and NZD/USD

         USD/CHF and USD/JPY

         AUD/USD and NZD/USD


     Direction တူညီသော ငွေကြေးအတွဲများ

         EUR/USD နှင့် GBP/USD တို့သည် တူညီမှု +0.89%

         EUR/USD နှင့် AUD/USD တို့သည် တူညီမှု +0.81%

         EUR/USD နှင့် EUR/CHF တို့သည် တူညီမှု +0.93%

         AUD/USD နှင့် Gold တို့သည် တူညီမှု +0.75%


    Direction ဆန့်ကျင်ဘက် ငွေကြေးအတွဲများ

         EUR/USD နှင့် USD/CHF တို့သည် ဆန့်ကျင်မှု -0.85%

        AUD/USD နှင့် USD/CAD တို့သည် ဆန့်ကျင်မှု -0.88%

         AUD/ NZD နှင့် NZD/SGD တို့သည် ဆန့်ကျင်မှု -0.78%

         USD/JPY နှင့် Gold တို့သည် ဆန့်ကျင်မှု -0.78% 


    Commodities နှင့် ငွေကြေး တို့၏ ပတ်သက်ဆက်စပ်မှုများ

        - CAD နှင့် Crude Oil တို့သည်တိုက်ရိုက်အချိုးကျသည် လားရာတူသည်။

         - AUD နှင့် ရွှေတို့သည်လည်း တိုက်ရိုက်အချိုးကျသည် လားရာတူသည်။

         - စီးပွားရေး မသေချာ မရေရာမှုများ ဖြစ်ပေါ်နေချိန်တွင် ရွှေနှင့် JPY တို့သည် လွတ်မြောက်ရာ ကောင်းကင်ဘုံ အဖြစ် လူတို့ ရှုမြင်လာကြသည့်အလျောက် ၎င်းနှစ်ခုတို့သည်လည်း လားရာတူလာကြသည်။

        - ရွှေနှင့်ဒေါ်လာမှာမူ ဆန့်ကျင်ဘက်ဖြစ်သည်။ ငွေဖောင်းပွမှုကြောင့် ဒေါ်လာ တန်ဖိုး ကျဆင်းလာသည်နှင့် တပြိုင်နက် ရင်းနှီးမြုပ်နှံသူတို့က ရွှေကိုဘက်ပြောင်းပြီး ဝယ်ယူမှုကြောင့် ရွှေတန်ဖိုးများ ချက်ချင်းဆိုသလို တက်လာတတ်သည်။


     ငွေကြေးအတွဲတို့၏ အဆက်အစပ် အပြောင်းအလဲများ

         အထက်ပါ ငွေကြေး အဆက်အစပ်တို့သည် စီးပွားရေး အခြေအနေ၊ နိုင်ငံရေး အခြေအနေတို့အရ မကြာခဏ ပြောင်းလဲတတ်သည်ကို သိရှိထားရမည်။ အထက်ပါငွေကြေး အဆက်အစပ်တို့သည် ငွေကြေးမူဝါဒ အပြောင်းအလဲ၊ ကုန်စျေးနှုန်းများအပြောင်းအလဲ၊ ဗဟိုဘဏ်၏မူဝါဒ အပြောင်းအလဲတို့ကြောင့်လည်း မူလလမ်းကြောင်းမှ သွေဖယ်သွားတတ်သည်။ အလွန်အားကောင်းစွာ ဆက်စပ်လျက်ရှိပါသည်ဆိုသော ငွေကြေးတို့သည်ပင်လျှင် အနာဂါတ်တွင် ဆက်လက်ပြီးတူညီနေမည်၊ ဆက်စပ်နေမည်ဟု အာမခံမှုမပေးနိုင်ပါ။ ကျွန်ုပ်တို့သည် Yearly, Monthly, Weekly တို့ကဲ့သို့သော ပိုပိုကောင်းမွန်ခိုင်မာသည့် ကာလရှည် time frame ကြီးများကိုကြည့်ပြီး အထက်ပါငွေကြေး အဆက်အစပ်များကို တင်ပြထားခြင်းဖြစ်သည်။

         အထက်ပါ ငွေကြေး အဆက်အစပ်များကို အသုံးချပြီး အခွင့်အလမ်းများကို ဖန်တီးနိုင်သည့် ထိရောက် ထက်မြက်သော Strategy အဖြစ်အသုံးချနိုင်သည်။ ထို့အပြင် ၎င်းအဆက်အစပ်တို့က သင့်အား အဆုံးအရှုံး မဖြစ်ရအောင် အကာအကွယ်ပေးစွမ်းနိုင်ပါသည်။

မေတ္တာဖြင့် -

                     ဦးခိုင်ဇင်ဝင်း

                     3.8.2020 ရက်နေ့ 

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency