အပိုင်း(၂)

         Trading တွင် Entry ဝင်ခြင်းသည် အခက်အခဲဆုံး မဟုတ်၊ Entry ဝင်ပြီး နောက်ပိုင်းသည်သာ အခက်အခဲဆုံးဖြစ်သည်။ Entry ဝင်ပြီးနောက် ဖြစ်ပေါ်လာသော ဖြစ်စဉ် အဆင့်ဆင့်အပေါ် သင်မည်သို့ ခံစားသည်, မည်ကဲ့သို့အတွေးဝင်လာသည် နှင့် ကြောက်ရွှံလာမှုတို့ကို ရင်ဆိုင်ရသည်မှာ အခက်ဆုံးပင်ဖြစ်သည်။

အောင်မြင်သော Trader တစ်ယောက် ဖြစ်ဖို့အတွက် -

Step.1

         1. အရောင်းအဝယ်ပြုလုပ်ခြင်းကို Trading Plan မရှိဘဲနှင့် အလွတ်သဘောမျိုး အရောင်းအဝယ် မပြုအပ်။ Trading Plan မရှိဘဲနှင့် အရောင်းအဝယ်ပြုလုပ်လျှင် အန္တာရယ် ရှိသည်။ Trading Plan ရေးဆွဲပြီး အရာင်းအဝယ် ပြုလုပ်သောအခါ ကြုံတွေ့သောအခက်အခဲနှင့် လိုအပ်ချက်တို့အပေါ်မူတည်ပြီး Trading Planကို ပြုပြင်မွမ်းမံခြင်း၊ အသေးစိတ်ညှိနှိုင်းပြန်လည် ပြင်ဆင်ခြင်းများကို အခါအားလျှော်စွာပြုလုပ်ရမည်။

         2. ရက်သတ္တပါတ်လုံး ဈေးနှုန်းသွားရာနောက်သို့လိုက်ပါလွှင့်မြောပြီး မနေပါနှင့်။ အချိန်အများစုကို ဈေးကွက်ထဲမှာ လိုက်ပါစီးမြောပြီး မနေသင့်ပါ။ ဈေးကွက်က အလိုလို ဖန်တီး ဖြစ်ပေါ်လာမည့်အကောင်းဆုံး Set Up အခြေအနေ တစ်ရပ်သို့ ရောက်ရှိလာသည်အထိ စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းနေသင့်သည်။ အချိန်အများစုကို စိတ်ရှည်စွာစောင့်ဆိုင်းနေသော အခြေအနေတွင်သာ သုံးစွဲသင့်သည်။

         ငွေရဖို့အတွက် အရောင်းအဝယ်များစွာ ပြုလုပ်ရမည် ဟူသော ယူဆချက်ကိုလည်း ဖယ်ထုတ်ပစ်ရမည်။ အခွင့်အလမ်းတစ်ရပ် မရမချင်း စိတ်ရှည်စွာ စောင့်ဆိုင်းနေမည်, ရောင်းဝယ်ရာတွင်လည်း စည်းကမ်းတကျလိုက်နာ ကျင့်သုံးမည်ဟူသော အတွေးအမြင်မျိုးသာ ထားသင့်သည်။

Step.2

         1. အရောင်းအဝယ်ကို ဖြေးဖြေးမှန်မှန် နိုင်နေရန်သာ၊ အမြတ်ရနေရန်သာ၊ ဆောင်ရွက်သွားရမည်။ အမြန်နိုင်လိုဇော, များများမြတ်လိုဇောဖြင့် စိတ်လိုက်မာန်ပါမပြုလုပ်ရ၊ လ တစ်လချင်း ဖြေးဖြေးမှန်မှန် အောင်မြင်သွားအောင်ဆောင်ရွက်သွားရမည်။

         2. ဈေးကွက်ထဲတွင် အခွင့်အလမ်းများ အဆက်မပြတ်ဖြစ်ပေါ်နေသည် ဟူသောအတွေး အမြင်မျိုး မထားရ။ အရောင်းအဝယ်ပြုလုပ်ခြင်းသည် ငွေကြေးရရှိရန် အလားလာရှိသော ပြူတင်းတစ်ချပ် ဆိုသော်ငြားလည်း အန္တရယ်ရှိသော ထောင်ချောက် များလည်းရှိနေကြောင်း သိထားရမည်။

         3. ရောင်းဝယ်မှုအတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်အောင် တတ်မြောက်ထားခြင်း၊ ဈေးနှုန်းသွားလာ ပြုမှုပုံကို ကြေညက်စွာနားလည် သဘောပေါက်ထားခြင်း၊ အတွေ့အကြုံပြည့်ဝခြင်းဖြင့် နောက်ဆုံးတွင် အန္တရယ်ရှိသော မှားယွင်းသည့် အချက်ပြမှုများနှင့် ဈေးကွက်အတွင်းဖြစ်ပေါ်နေသည့် ထောင်ချောက်များကို ကောင်းစွာရှောင်ရှားလာနိုင်မှာဖြစ်သည်။ဤသို့ဖြင့် မလိုလားအပ်သော အရှုံးများကို ရှောင်ရှားလာနိုင်မှာ ဖြစ်သည်။

Step.3

         လူတို့သည်ရောင်းဝယ်မှု ပုံစံ ၂ မျိုးဖြင့် ရောင်းဝယ်ကြသည်။ ပထမတစ်မျိုးမှာ လောင်းကစားသမား ကဲ့သို့ ကြုံရာကျဖမ်းလာသမျှတို့ကို အရောင်းအဝယ်ပြုလုပ်နေသူနှင့် ဒုတိယတစ်မျိုးမှာ ကျွမ်းကျင်လိမ္မာပါးနပ် ပြီးအခွင့်အလမ်းကို သည်းခံစောင့်ဆိုင်းကာ ရောင်းဝယ်မှုပြုလုပ်သူဟူ၍ ဖြစ်သည်။

သင်သည်မည်သို့သော ရောင်းဝယ်သူ အမျိုးအစားဖြစ်သနည်း?

အပိုင်း(၃)

Chart Pattern များကိုအသုံးပြုပုံ

- Chart Pattern များကို ကြည့်ရှုသုံးသပ်ပြီး ရောင်းမလား၊ ဝယ်မလား ဆုံးဖြတ်နိုင်သည်။

- Chart Pattern တို့၏အပေါ်/အောက် တို့တွင် Stop Loss ချထားခြင်းဖြင့်အရှုံးကိုကန့်သတ်ထားနိုင်သည်။ အရှုံးကိုမများရအောင် ကာကွယ်နိုင်သည်။

Chart Pattern များကို အကောင်းဆုံးအသုံးချနိုင်ရန် အောက်ပါအချက် ၃ချက်ကိုရှာပါ။

     1. Trend

     2. Area of Value

     3. Build Up

    Trend – Up Trend လား၊ Down Trend လား၊ Side Way လားခွဲခြားပါ။

          Area of Value – စတင်အရောင်းအဝယ်ပြုလုပ်ရန် အကောင်းဆုံးနေရာပင်ဖြစ်သည်။

         ဥပမာ-အောက်တွင် Support မျဉ်းရှိသည်(တွေ့မြင်အောင်ရှာဖွေတတ်ရမည်)။ Inverse Head and Shoulder ဖြစ်လာသည်။ (တွေ့မြင်အောင်ရှာဖွေတတ်ရမည်)။ ထို့နောက် ဈေးနှုန်းသည် အပေါ်ကမျဉ်းစောင်း Nickline ကိုဖောက်တတ်သွားသောအခါ Buy ရုံသာဖြစ်သည်။ (၄င်းဖောက်တတ်သွားသော) နေရာကို Area of Value ဟုခေါ်သည်။၄င်းကို Support, Resistance, Moving Average, Trend Line သုံးခုဖြင့်ပေါင်း၍ ရှာဖွေအသုံးချနိုင်သည်။

        Build Up – အင်နှင့် အားနှင့် Break Out ဖြစ်ခြင်း ဖြစ်သည်။ တချို့မှာ Resistance ကို တစ်တုံးထဲသော Candle ဖြင့် ဖြတ်သွားခြင်းမျိုးသည် Break Out Without Build Up ဖြစ်သည်။ တချို့ဖြစ်စဉ်တို့တွင် အထူးသဖြင့် ကြီးမားသော Resistance ကြီးနားတစ်ဝိုက်တွင် အရောင်းနှင့် အဝယ်တို့ လွန်ဆွဲနေတတ်သည်။ Candle တို့ တစ်သီတစ်တန်းကြီး ရှိနေတတ်သည်။ ထိုသို့ ပြုမူနေမှုသည် တခါတရံ အလွန်ကြာတတ်သည်။ ပြီးမှ ဖေါက်တက်သွားတတ်သည်။ ထိုသို့ ဖေါာက်တက်ခြင်းကို အင်နှင့်အားနှင့် ဖေါက်တက်ခြင်း Break Out With Build Up ဟုခေါ်သည်။

အောက်ပါအချက်များကို မှတ်သားထားအပ်ပါသည်။

– Chart Pattern ပျက်ယွင်းသွားသောနေရာတွင် Stoploss ချထားပါ။ ( တက်/ကျ)

– ကျဆင်းနေသော Down Trend ထဲတွင် အတက်ပြ Chart Pattern သည် အလုပ်မဖြစ်ပေ။

– တက်နေသော Up Trend ထဲတွင်လည်း အကျပြ Chart Pattern သည် အလုပ်မဖြစ်ပေ။

– အမြတ်အရနိုင်ဆုံးသော Chart Pattern ဆိုသည်မှာ မရှိနိုင်ပါ။

– Chart Pattern တို့ကို ကြည့်ပြီး အနာဂါတ်ဈေးနှုန်းတို့ မည်သို့ရှိလိမ့်မည်ကို မည်သူမျှ တိကျစွာ မပြောနိုင်ပါ။

– တွေ့သမျှ Chart Pattern တိုင်းကို လိုက်လံ အရောင်းအဝယ် မလုပ်သင့်ပါ။

– Chart Pattern များကို ပိုင်နိုင်လိုပါလျှင် Trend Line လှုပ်ရှားမှုများ, နောက်ပြန်သွားမှုများ, Swing အတွင်းမှ အနိမ့်အမြင့်များကို လေ့လာရပါမည်။

– Trend Line အတွင်းရှိသော Chart Pattern တို့မှာ အသုံးပြုရန် အကောင်းဆုံးဖြစ်သည်။

– Area of Value နေရာနှင့် Break Out With Build Up အင်နှင့် အားနှင့် ဖေါက်ထွက်သော ဖြစ်စဉ်များသည်လည်း အကောင်းဆုံးပင်ဖြစ်ပါသည်။

မေတ္တာဖြင့် –

         ဦးခိုင်ဇင်ဝင်း

         ၁ဝ.၈.၂၀၂၀ ရက်နေ့ (တနင်္လာနေ့) 

#MyGoldMyanmar

#Financial

#Trading

#Forex

#Stock

#Commodity

#Currency