ဒီတပါတ်ရဲ့ အကြိုက်ဆုံး Currency ၃ ခု

...

            Fundamental ပိုင်းသုံးသပ်ချက်တွေကို မရေးဖြစ်တာကြာပါဘီ။ ဒီတပါတ်ထဲမှာ Trade လို့ ကောင်းခဲ့တဲ့ Currency တွေအကြောင်းနဲ့ FA အချက်အလက်လေးတွေကို တင်ပြလိုက်ပါတယ်။

...

            အခုက စပီး နောက်ထပ် ၁ လ အတွင်း အရမ်းသတိထားပြီး စောင့်ကြည့်ရမယ့် အဓိက ငွေကြေးကတော့ USD ဘဲ ဖြစ်ပါတယ်။ USD ဟာ နံပါတ် ၁ Major Currency ဖြစ်တဲ့အလျောက် အခြားဈေးကွက်တွေဖြစ်တဲ့ ရွှေ နဲ့ စတော့ တွေနဲ့ ဆက်စပ်နေသလို အခြား Currency တွေအပေါ်မှာလည်း သြဇာလွှမ်းမိုးမှု ရှိတဲ့အတွက် အရောင်းအဝယ် မလုပ်ဖြစ်ရင်တောင် ထိုင်ကြည့်နေဖို့ လိုပါတယ်။ လာမယ့် နိုဝင်ဘာ ၃ ရက်နေ့မှာ အမေရိကန် ရွေးကောက်ပွဲ ရှိတဲ့အတွက် အဲဒီ ရလဒ်တွေဟာ သေချာပေါက် USD အပေါ်မှာ သက်ရောက်မှာပါ။ ရွေးကောက်ပွဲ မတိုင်မီမှာတော့ စီးပွားရေးနှိုးဆွမှု အစီအစဉ်တွေကို နားစွင့်နေဖို့ လိုပါတယ်။ လတ်တလော ဒေါ်လာအညွှန်းကိန်းဟာ ၂ နှစ်ရဲ့ အနိမ့်ဆုံးဈေး ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေတာ တွေ့ရပါတယ်။

...

            ဒီတပါတ် အလှုပ်အခတ်ကောင်းခဲ့တဲ့အထဲက နောက်ထပ်ငွေကြေး တခုကတော့ GBP ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ကိုဗစ် ကပ်ဆိုးမှာ အထိအခိုက်အများဆုံး ဖြစ်ခဲ့တဲ့ ထိပ်တန်းနိုင်ငံ ဖြစ်တဲ့အလျောက် ဒီကာလအတွင်းမှာ GBP တန်ဖိုးဟာ အတက်အကျ ကြမ်းနေခဲ့ တာပါ။ တဘက်မှာလည်း မလုပ်မဖြစ်တဲ့ Brexit သဘောတူညီချက်တွေရဲ့ နောက်ဆက်တွဲ ဆွေးနွေးမှုတွေကြောင့်လည်း GBP တန်ဖိုးဟာ အလှုပ်အခတ် ရှိနေခဲ့တာပါ။ ယမန်နေ့ အောက်တိုဘာ ၁၄ ရက် တုန်းကဆိုရင် ဝန်ကြီးချုပ် Boris Johnson ဟာ ဒီကနေ့ ကျင်းပပြုလုပ်မယ့် EU Summit မှာ Brexit ညှိနှိုင်းမှုတွေကို ရွှေ့ဆိုင်းခြင်းမပြုဘဲ ဆက်လက်ပြုလုပ်သွားမယ်လို့ ပြောကြား ခဲ့တာကြောင့် GBP တန်ဖိုး အတက်ပြခဲ့ပါတယ်။ လတ်တလော BGP အညွှန်းကိန်းဟာ ၃လပါတ် ပျမ်းမျှဈေးတန်းနားမှာဘဲ အရောင်းအဝယ် ဖြစ်နေတာကို တွေ့ရပါတယ်။

...

            နောက်ဆုံးအနေနဲ့ ဆွေးနွေးချင်တာကတော့ AUD ဖြစ်ပါတယ်။ အော်ဇီဟာ ကိုဗစ်ကို ရင်ဆိုင်ရာမှာ အတော်နာမည်ကြီးခဲ့တဲ့ ထိပ်တန်းနိုင်ငံတခု ဖြစ်ခဲ့ပြီး ထိခိုက်နစ်နာသူအမျိုးမျိုးတို့ အတွက် ကိုဗစ်ထောက်ပံ့မှုတွေကို ကမ္ဘာမှာ အများဆုံးပေးနိုင်ခဲ့တဲ့ နိုင်ငံတွေထဲမှာ တနိုင်ငံ အပါအဝင်ဖြစ်ခဲ့တာလည်း ပါပါတယ်။ ၂၀၂၀ ဒုတိယ ၃ လပါတ်နဲ့ တတိယ ၃ လပါတ်မှာ ထိပ်သီး ငွေကြေးတွေ ဖြစ်တဲ့ USD နဲ့ JPY တို့ တန်ဖိုး ကျဆင်းနေခဲ့ပေမယ့်လည်း AUD ကတော့ တောက်လျောက် တန်ဖိုးတက်ခဲ့ပြီး စင်ပေါ်ရောက်နေခဲ့ပါတယ်။ ယခုတပါတ်မှာတော့ အော်ဇီဗဟိုဘဏ် ဥက္ကဌ လိုဝီ စကားပြောခဲ့ပြီး NFP ဒေတာ ကောင်းခဲ့ပေမယ့် ယခင်လများထက် အလုပ်လက်မဲ့နှုန်း တိုးတက်လာတာကြောင့် တန်ဖိုးကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ သတိပြုရမှာကတော့ AUD တန်ဖိုးတက်ခဲ့ခြင်းဟာ အဓိက ပြိုင်ဘက် USD ကြောင့် ဖြစ်ခဲ့တာမို့ အိမ်ရှင်ပြန်လာရင် ဧည့်သည် ပြန်ဖယ်ပေးရနိုင်တယ်လို့ သုံးသပ်ရင်း ..

...

            ရောင်းကံဝယ်ကံ ကောင်းကြပါစေ

...

#NotesofSayaHtet

#FinancialMarket

#Forex


(Zawgyi)

             ဒီတပါတ္ရဲ႕ အႀကိဳက္ဆုံး Currency ၃ ခု

...

            Fundamental ပိုင္းသုံးသပ္ခ်က္ေတြကို မေရးျဖစ္တာၾကာပါဘီ။ ဒီတပါတ္ထဲမွာ Trade လို႔ ေကာင္းခဲ့တဲ့ Currency ေတြအေၾကာင္းနဲ႔ FA အခ်က္အလက္ေလးေတြကို တင္ျပလိုက္ပါတယ္။

...

            အခုက စပီး ေနာက္ထပ္ ၁ လ အတြင္း အရမ္းသတိထားၿပီး ေစာင့္ၾကည့္ရမယ့္ အဓိက ေငြေၾကးကေတာ့ USD ဘဲ ျဖစ္ပါတယ္။ USD ဟာ နံပါတ္ ၁ Major Currency ျဖစ္တဲ့အေလ်ာက္ အျခားေဈးကြက္ေတြျဖစ္တဲ့ ေ႐ႊ နဲ႔ စေတာ့ ေတြနဲ႔ ဆက္စပ္ေနသလို အျခား Currency ေတြအေပၚမွာလည္း ၾသဇာလႊမ္းမိုးမႈ ရွိတဲ့အတြက္ အေရာင္းအဝယ္ မလုပ္ျဖစ္ရင္ေတာင္ ထိုင္ၾကည့္ေနဖို႔ လိုပါတယ္။ လာမယ့္ ႏိုဝင္ဘာ ၃ ရက္ေန႔မွာ အေမရိကန္ ေ႐ြးေကာက္ပြဲ ရွိတဲ့အတြက္ အဲဒီ ရလဒ္ေတြဟာ ေသခ်ာေပါက္ USD အေပၚမွာ သက္ေရာက္မွာပါ။ ေ႐ြးေကာက္ပြဲ မတိုင္မီမွာေတာ့ စီးပြားေရးႏႈိးဆြမႈ အစီအစဥ္ေတြကို နားစြင့္ေနဖို႔ လိုပါတယ္။ လတ္တေလာ ေဒၚလာအၫႊန္းကိန္းဟာ ၂ ႏွစ္ရဲ႕ အနိမ့္ဆုံးေဈး ဝန္းက်င္မွာ အေရာင္းအဝယ္ျဖစ္ေနတာ ေတြ႕ရပါတယ္။

...

            ဒီတပါတ္ အလႈပ္အခတ္ေကာင္းခဲ့တဲ့အထဲက ေနာက္ထပ္ေငြေၾကး တခုကေတာ့ GBP ျဖစ္ပါတယ္။ အဂၤလန္ဟာ ကိုဗစ္ ကပ္ဆိုးမွာ အထိအခိုက္အမ်ားဆုံး ျဖစ္ခဲ့တဲ့ ထိပ္တန္းႏိုင္ငံ ျဖစ္တဲ့အေလ်ာက္ ဒီကာလအတြင္းမွာ GBP တန္ဖိုးဟာ အတက္အက် ၾကမ္းေနခဲ့ တာပါ။ တဘက္မွာလည္း မလုပ္မျဖစ္တဲ့ Brexit သေဘာတူညီခ်က္ေတြရဲ႕ ေနာက္ဆက္တြဲ ေဆြးေႏြးမႈေတြေၾကာင့္လည္း GBP တန္ဖိုးဟာ အလႈပ္အခတ္ ရွိေနခဲ့တာပါ။ ယမန္ေန႔ ေအာက္တိုဘာ ၁၄ ရက္ တုန္းကဆိုရင္ ဝန္ႀကီးခ်ဳပ္ Boris Johnson ဟာ ဒီကေန႔ က်င္းပျပဳလုပ္မယ့္ EU Summit မွာ Brexit ညႇိႏႈိင္းမႈေတြကို ေ႐ႊ႕ဆိုင္းျခင္းမျပဳဘဲ ဆက္လက္ျပဳလုပ္သြားမယ္လို႔ ေျပာၾကား ခဲ့တာေၾကာင့္ GBP တန္ဖိုး အတက္ျပခဲ့ပါတယ္။ လတ္တေလာ BGP အၫႊန္းကိန္းဟာ ၃လပါတ္ ပ်မ္းမွ်ေဈးတန္းနားမွာဘဲ အေရာင္းအဝယ္ ျဖစ္ေနတာကို ေတြ႕ရပါတယ္။

...

            ေနာက္ဆုံးအေနနဲ႔ ေဆြးေႏြးခ်င္တာကေတာ့ AUD ျဖစ္ပါတယ္။ ေအာ္ဇီဟာ ကိုဗစ္ကို ရင္ဆိုင္ရာမွာ အေတာ္နာမည္ႀကီးခဲ့တဲ့ ထိပ္တန္းႏိုင္ငံတခု ျဖစ္ခဲ့ၿပီး ထိခိုက္နစ္နာသူအမ်ိဳးမ်ိဳးတို႔ အတြက္ ကိုဗစ္ေထာက္ပံ့မႈေတြကို ကမာၻမွာ အမ်ားဆုံးေပးႏိုင္ခဲ့တဲ့ ႏိုင္ငံေတြထဲမွာ တႏိုင္ငံ အပါအဝင္ျဖစ္ခဲ့တာလည္း ပါပါတယ္။ ၂၀၂၀ ဒုတိယ ၃ လပါတ္နဲ႔ တတိယ ၃ လပါတ္မွာ ထိပ္သီး ေငြေၾကးေတြ ျဖစ္တဲ့ USD နဲ႔ JPY တို႔ တန္ဖိုး က်ဆင္းေနခဲ့ေပမယ့္လည္း AUD ကေတာ့ ေတာက္ေလ်ာက္ တန္ဖိုးတက္ခဲ့ၿပီး စင္ေပၚေရာက္ေနခဲ့ပါတယ္။ ယခုတပါတ္မွာေတာ့ ေအာ္ဇီဗဟိုဘဏ္ ဥကၠဌ လိုဝီ စကားေျပာခဲ့ၿပီး NFP ေဒတာ ေကာင္းခဲ့ေပမယ့္ ယခင္လမ်ားထက္ အလုပ္လက္မဲ့ႏႈန္း တိုးတက္လာတာေၾကာင့္ တန္ဖိုးက်ဆင္းလာခဲ့တာ ျဖစ္ပါတယ္။ သတိျပဳရမွာကေတာ့ AUD တန္ဖိုးတက္ခဲ့ျခင္းဟာ အဓိက ၿပိဳင္ဘက္ USD ေၾကာင့္ ျဖစ္ခဲ့တာမို႔ အိမ္ရွင္ျပန္လာရင္ ဧည့္သည္ ျပန္ဖယ္ေပးရႏိုင္တယ္လို႔ သုံးသပ္ရင္း ..

...

            ေရာင္းကံဝယ္ကံ ေကာင္းၾကပါေစ

...

#NotesofSayaHtet

#FinancialMarket

#Forex