ယခုလာမယ့် နိုဝင်ဘာ ၃ ရက် အင်္ဂါနေ့မှာတော့ အမေရိကန်နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။ ရက်သတ္တ တပါတ် တိတိသာ လိုတော့တာမို့ ကမ္ဘာ့ဈေးကွက်အတွင်းက ရင်းနှီးမြုပ်နှံသူတွေ အရောင်းအဝယ် လုပ်သူတွေအားလုံး စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။ ဒီရက်ပိုင်အတွင်း အများဆုံးကြားနေရတဲ့ မေးခွန်းကတော့ ထရမ့်နိုင်ရင် ရွှေဈေးဘာဖြစ်မလဲ ဘိုင်ဒင်နိုင်ရင် ရွှေဈေးဘာဖြစ်မလဲ ဆိုတာပါဘဲ။ စာရေးသူအနေနဲ့ အခြားပညာရှင်တွေရဲ့ ထင်မြင်ယူဆချက်တွေအစား မိမိရဲ့ ထင်မြင်ယူဆချက်နဲ့ သိထားသင့်တဲ့ ဗဟုသုတတွေကို တင်ပြလိုက်ပါတယ်။

            သက်ရောက်မှု (Impact) ရှေးဦးစွာ ဈေးကွက်အပေါ်သက်ရောက်မှုကို အနည်းငယ် ဆွေးနွေးလိုပါတယ်။ ရွေးကောက်ပွဲ ရလဒ်ဟာ ရွှေဈေးကွက်ထက် စတော့ဈေးကွက်အပေါ် (Primary Impact) အရင်ဆုံးသက်ရောက်နိုင်ပါတယ်။ ရလဒ်ဟာ မျှော်လင့်မထားတာမျိုး (Surprise Result) ဖြစ်ခဲ့မယ် ဆိုရင် စတော့ဈေးကွက်မှာ အရောင်းတွေ (Sell Off) ဖြစ်ပေါ်နိုင်ပါတယ်။ စတော့ရောင်းပီးရလာမယ့် ဒေါ်လာတွေကို အခြား Safe Heaven Assets တွေဖြစ်တဲ့ ရွှေ တို့ ဘွန်း တို့ မှာ ဝယ်ယူပြီး ပြန်လည် ရင်းနှီးမြုပ်နှံနိုင်ပါတယ်။ အပြန်အလှန်အားဖြင့် စတော့တွေ ဝယ်ယူရန် အခြေအနေတွေ ကောင်းလာခဲ့မယ်ဆိုရင် ရွှေ ရောင်းကြမှာဖြစ်ပါတယ်။ သာဓကအားဖြင့် ၂၀၁၆ ရွေးကောက်ပွဲ နေ့ကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါ့ကြောင့် ရွှေ နဲ့ ငွေကြေး ရောင်းဝယ်သူတွေဟာ ရွေးကောက်ပွဲနေ့မှာ စတော့ အညွှန်းကိန်းတွေကို အဓိကထားပြီး သေချာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

            ကာလအပိုင်းအခြား (Timeline) နောက်ထပ် ဆွေးနွေးချင်တာကတော့ ရွေးကောက်ပွဲရလဒ်ဟာ ကာလအားဖြင့် အနည်းဆုံး ၁ ရက် ၂ ရက်ကနေ ၁ပါတ် ၂ပါတ်အထိ သက်ရောက် နိုင်ပါတယ်။ ဆိုလိုတာကတော့ ရေတိုသာ သက်ရောက်နိုင်ပြီး ရေရှည်ရင်းနှီးမြုပ်နှံဖို့အတွက် အလောတကြီး မလုပ်ကြဖို့ သတိပေးလိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ရလဒ်မှာ ရွှေဈေးဟာ ထရမ့် နိုင်ချိန်ကစလို့ လကုန်အထိ ကျခဲ့ပေမယ့် သူ့သက်တမ်းတလျောက် တောက်လျောက် တက်ခဲ့တာကို တွေ့နိုင်ပါတယ်။ ရွေးကောက်ခံ သမ္မတအနေနဲ့ ပထမရက် ၁၀၀ စီမံကိန်းကစလို့ စီးပွားရေးကို ဘယ်လိုမူဝါဒတွေနဲ့ ဆောင်ရွက်သွားမယ်ဆိုတာသာ ရေရှည်ရင်းနှီးမြုပ်နှံဖို့ အရေးကြီးပါတယ်။

            ထရမ့်နဲ့ ဘိုင်ဒင်ကို အနှစ်ချုပ် နိုင်းယှဉ်ခြင်း မဲဆွယ်ကာလတလျောက် အမျိုးမျိုးသော အစီအစဉ်တွေနဲ့ ယှဉ်ပြိုင်ကြလင့်ကစား လက်ရှိနိုင်ငံအတွက် အဓိကလိုအပ်ချက်ကို ဆွဲထုတ် ရသော် စီးပွားရေး နှင့် ကျန်းမာရေး ဖြစ်ကြောင်း ထင်ရှားပါတယ်။ အများသိထားသလိုဘဲ ထရမ့်ဟာ စီးပွားရေးမှာ ထူးချွန်သူဖြစ်ပြီး ကပ်ကာလအတွင်း ဆိုးဝါးစွာကျဆင်းသွားတဲ့ စတော့ အညွှန်းကိန်းတွေကို လပိုင်းအတွင်း နေရာမှန်ပြန်ရောက်အောင် လုပ်နိုင်ခဲ့တာပါ။ တဖက်မှာတော့ ကိုဗစ်ကပ်ရောဂါ ကိုင်တွယ်မှုနဲ့ ပါတ်သက်ပြီး ဆိုးဆိုးဝါးဝါး ဝေဖန်ခံနေပြန်ပါတယ်။ ဘိုင်ဒင်ကတော့ ယခင် ဆားစ် ရောဂါကိုင်တွယ်မှုမှာ ကောင်းမွန်တဲ့ အမည်ကောင်း ရှိပေမယ့် ၂၀၀၉ စီးပွားပျက်ကပ်ဟာ သူဒုသမ္မတလက်ထက်မှာ ရင်ဆိုင်ခဲ့ရပြီး နလန်ထူဖို့ ၃ နှစ်ကျော် ကြာမြင့်ခဲ့ပါတယ်။ သမ္မတလောင်း ၂ ဦးဟာ မတူညီတဲ့ အားသာချက်တွေနဲ့ ယှဉ်ပြိုင် နေကြလို့ ရွေးကောက်ပွဲနေ့မှာ အမေရိကန်ပြည်သူတွေဟာ နောက်ထပ် လေးနှစ်အတွက် အရေးတကြီး လိုအပ်နေသူကိုသာ ရွေးချယ် ကြမှာပါ။

            ဈေးကွက်ရဲ့ တုန့်ပြန်နိုင်ခြေ (ကာလတို) ရင်းနှီးမြုပ်နှံသူတွေရဲ့ လက်စွဲစကား ကတော့ "Market never like uncertainty" ဈေးကွက်ဟာ မသေချာမှုကို ဘယ်တော့မှ မကြိုက်ဘူး ဆိုတာပါဘဲ။ ဒါကြောင့် စာရေးသူအနေနဲ့ ထရမ့်နိုင်တယ်ဆိုရင် ဈေးကွက်က မျော်လင့်ထားသလိုဖြစ်ပြီး ပုံမှန် အရောင်းအဝယ်နေ့တွေထက် ရာနှုန်းအနည်းငယ်သာ ပိုမိုလှုပ်ခတ်နိုင်ပါတယ်။ ဘိုင်ဒင်နိုင်မယ်ဆိုရင်တော့ ဈေးကွက်ဟာ (Suprise) ဖြစ်နိုင်ပြီး စတော့တွေလည်း (Sell Off) ဖြစ်နိုင်ပါတယ်။ ရွေးကောက်ပွဲမတိုင်မှီ ပိုင်ဆိုင်မှုတွေ ရွှေ့ပြောင်းနေကြသူတွေဟာ ၄၀ ရာနှုန်းခန့် ရှိပြီး ရလဒ်ထွက်လာမှ (Assets Move) လုပ်မယ့်သူတွေက ၆၀ ရာနှုန်းလောက် ရှိတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြနေကြပါတယ်။ ဒါ့ကြောင့် ရလဒ်ထွက်ပြီးမှသာ ဈေးကွက်လားရာတခု ဖြစ်နိုင်တယ်လို့ ဆိုချင်ပါတယ်။

            နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဘယ်သူနိုင်တော့မယ် ဘယ်ဝှာနိုင်တော့မယ်ဆိုတဲ့ (Poll) စစ်တမ်းတွေအပေါ်မှာ ရင်းနှီးမြုပ်နှံမှု မလုပ်ကြဖို့ နဲ့ စစ်တမ်းဆိုတာ ရလဒ်မဟုတ်ဘူးလို့ သတိပေးချင်ပါတယ်။ Fundamental ပိုင်းဆိုင်ရာ အဆုံးအဖြတ်တွေဟာ အချိန်နဲ့ တပြေးညီ ဆောင်ရွက်ဖို့ လိုတာကြောင့် အတွေ့အကြုံ နည်းသေးတဲ့ အရောင်းအဝယ်သမားတွေအနေနဲ့ စောင့်ကြည့်ပြီး ပညာယူဖို့သာ အကြံပြု လိုပါတယ်။ ရွေးကောက်ပွဲနေ့ ရလဒ်တွေကို ၂၀၁၆ တုန်းကလိုဘဲ Notes Of Saya Htet Page မှာ Update တင်ပေးနိုင်အောင် ကြိုးစားပါ့မယ်လို့ ပြောချင်ပါတယ်။

ရောင်းကံဝယ်ကံ ကောင်းကြပါစေ

#NotesOfSayaHtet

#USElection2020

#Investment

#Forex

(Zawgyi)

            ယခုလာမယ့္ ႏိုဝင္ဘာ ၃ ရက္ အဂၤါေန႔မွာေတာ့ အေမရိကန္ႏိုင္ငံရဲ႕ အေထြေထြေရြးေကာက္ပြဲၾကီး က်င္းပေတာ့မွာ ျဖစ္ပါတယ္။ ရက္သတၱ တပါတ္ တိတိသာ လိုေတာ့တာမို႔ ကမာၻ႕ေစ်းကြက္အတြင္းက ရင္းႏွီးျမဳပ္ႏွံသူေတြ အေရာင္းအဝယ္ လုပ္သူေတြအားလံုး ေစာင့္ၾကည့္ေနၾကၿပီ ျဖစ္ပါတယ္။ ဒီရက္ပိုင္အတြင္း အမ်ားဆံုးၾကားေနရတဲ့ ေမးခြန္းကေတာ့ ထရမ့္ႏိုင္ရင္ ေရႊေစ်းဘာျဖစ္မလဲ ဘိုင္ဒင္ႏိုင္ရင္ ေရႊေစ်းဘာျဖစ္မလဲ ဆိုတာပါဘဲ။ စာေရးသူအေနနဲ႔ အျခားပညာရွင္ေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြအစား မိမိရဲ႕ ထင္ျမင္ယူဆခ်က္နဲ႔ သိထားသင့္တဲ့ ဗဟုသုတေတြကို တင္ျပလိုက္ပါတယ္။

            သက္ေရာက္မႈ (Impact) ေရွးဦးစြာ ေစ်းကြက္အေပၚသက္ေရာက္မႈကို အနည္းငယ္ ေဆြးေနြးလိုပါတယ္။ ေရြးေကာက္ပြဲ ရလဒ္ဟာ ေရႊေစ်းကြက္ထက္ စေတာ့ေစ်းကြက္အေပၚ (Primary Impact) အရင္ဆံုးသက္ေရာက္ႏိုင္ပါတယ္။ ရလဒ္ဟာ ေမ်ွာ္လင့္မထားတာမ်ိဳး (Surprise Result) ျဖစ္ခဲ့မယ္ ဆိုရင္ စေတာ့ေစ်းကြက္မွာ အေရာင္းေတြ (Sell Off) ျဖစ္ေပၚႏိုင္ပါတယ္။ စေတာ့ေရာင္းပီးရလာမယ့္ ေဒၚလာေတြကို အျခား Safe Heaven Assets ေတြျဖစ္တဲ့ ေရႊ တို႔ ဘြန္း တို႔ မွာ ဝယ္ယူၿပီး ျပန္လည္ ရင္းႏွီးျမဳပ္ႏွံႏိုင္ပါတယ္။ အျပန္အလွန္အားျဖင့္ စေတာ့ေတြ ဝယ္ယူရန္ အေျခအေနေတြ ေကာင္းလာခဲ့မယ္ဆိုရင္ ေရႊ ေရာင္းၾကမွာျဖစ္ပါတယ္။ သာဓကအားျဖင့္ ၂၀၁၆ ေရြးေကာက္ပြဲ ေန႔ကို ၾကည့္ရင္ သိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေရႊ နဲ႔ ေငြေၾကး ေရာင္းဝယ္သူေတြဟာ ေရြးေကာက္ပြဲေန႔မွာ စေတာ့ အညႊန္းကိန္းေတြကို အဓိကထားၿပီး ေသခ်ာေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

            ကာလအပိုင္းအျခား (Timeline) ေနာက္ထပ္ ေဆြးေႏြးခ်င္တာကေတာ့ ေရြးေကာက္ပြဲရလဒ္ဟာ ကာလအားျဖင့္ အနည္းဆံုး ၁ ရက္ ၂ ရက္ကေန ၁ပါတ္ ၂ပါတ္အထိ သက္ေရာက္ ႏိုင္ပါတယ္။ ဆိုလိုတာကေတာ့ ေရတိုသာ သက္ေရာက္ႏုိင္ၿပီး ေရရွည္ရင္းႏွီးျမဳပ္ႏွံဖို႔အတြက္ အေလာတၾကီး မလုပ္ၾကဖို႔ သတိေပးလိုပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၆ ရလဒ္မွာ ေရႊေစ်းဟာ ထရမ့္ ႏိုင္ခ်ိန္ကစလို႔ လကုန္အထိ က်ခဲ့ေပမယ့္ သူ႕သက္တမ္းတေလ်ာက္ ေတာက္ေလ်ာက္ တက္ခဲ့တာကို ေတြ႕ႏိုင္ပါတယ္။ ေရြးေကာက္ခံ သမၼတအေနနဲ႔ ပထမရက္ ၁၀၀ စီမံကိန္းကစလို႔ စီးပြားေရးကို ဘယ္လိုမူဝါဒေတြနဲ႔ ေဆာင္ရြက္သြားမယ္ဆိုတာသာ ေရရွည္ရင္းႏွီးျမဳပ္ႏွံဖို႔ အေရးၾကီးပါတယ္။

            ထရမ့္နဲ႔ ဘိုင္ဒင္ကို အႏွစ္ခ်ုပ္ ႏိုင္းယွဥ္ျခင္း မဲဆြယ္ကာလတေလ်ာက္ အမ်ိုးမ်ိဳးေသာ အစီအစဥ္ေတြနဲ႔ ယွဥ္ၿပိုင္ၾကလင့္ကစား လက္ရွိႏိုင္ငံအတြက္ အဓိကလိုအပ္ခ်က္ကို ဆြဲထုတ္ ရေသာ္ စီးပြားေရး ႏွင့္ က်န္းမာေရး ျဖစ္ေၾကာင္း ထင္ရွားပါတယ္။ အမ်ားသိထားသလိုဘဲ ထရမ့္ဟာ စီးပြားေရးမွာ ထူးခ်ြန္သူျဖစ္ၿပီး ကပ္ကာလအတြင္း ဆိုးဝါးစြာက်ဆင္းသြားတဲ့ စေတာ့ အညႊန္းကိန္းေတြကို လပိုင္းအတြင္း ေနရာမွန္ျပန္ေရာက္ေအာင္ လုပ္ႏုိင္ခဲ့တာပါ။ တဖက္မွာေတာ့ ကိုဗစ္ကပ္ေရာဂါ ကိုင္တြယ္မႈနဲ႔ ပါတ္သက္ၿပီး ဆိုးဆိုးဝါးဝါး ေဝဖန္ခံေနျပန္ပါတယ္။ ဘိုင္ဒင္ကေတာ့ ယခင္ ဆားစ္ ေရာဂါကိုင္တြယ္မႈမွာ ေကာင္းမြန္တဲ့ အမည္ေကာင္း ရွိေပမယ့္ ၂၀၀၉ စီးပြားပ်က္ကပ္ဟာ သူဒုသမၼတလက္ထက္မွာ ရင္ဆိုင္ခဲ့ရၿပီး နလန္ထူဖို႔ ၃ ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ပါတယ္။ သမၼတေလာင္း ၂ ဦးဟာ မတူညီတဲ့ အားသာခ်က္ေတြနဲ႔ ယွဥ္ျပိုင္ ေနၾကလို႔ ေရြးေကာက္ပြဲေန႔မွာ အေမရိကန္ျပည္သူေတြဟာ ေနာက္ထပ္ ေလးႏွစ္အတြက္ အေရးတၾကီး လိုအပ္ေနသူကိုသာ ေရြးခ်ယ္ ၾကမွာပါ။ 

             ေစ်းကြက္ရဲ႕ တုန္႔ျပန္ႏိုင္ေျခ (ကာလတို) ရင္းႏွီးျမဳပ္ႏွံသူေတြရဲ႕ လက္စြဲစကား ကေတာ့ "Market never like uncertainty" ေစ်းကြက္ဟာ မေသခ်ာမႈကို ဘယ္ေတာ့မွ မၾကိဳက္ဘူး ဆိုတာပါဘဲ။ ဒါေၾကာင့္ စာေရးသူအေနနဲ႔ ထရမ့္ႏိုင္တယ္ဆိုရင္ ေစ်းကြက္က ေမ်ာ္လင့္ထားသလိုျဖစ္ၿပီး ပံုမွန္ အေရာင္းအဝယ္ေန႔ေတြထက္ ရာႏႈန္းအနည္းငယ္သာ ပိုမိုလႈပ္ခတ္ႏိုင္ပါတယ္။ ဘိုင္ဒင္ႏုိင္မယ္ဆိုရင္ေတာ့ ေစ်းကြက္ဟာ (Suprise) ျဖစ္ႏိုင္ၿပီး စေတာ့ေတြလည္း (Sell Off) ျဖစ္ႏိုင္ပါတယ္။ ေရြးေကာက္ပြဲမတိုင္မီွ ပိုင္ဆိုင္မႈေတြ ေရႊ႕ေျပာင္းေနၾကသူေတြဟာ ၄၀ ရာႏႈန္းခန္႔ ရွိၿပီး ရလဒ္ထြက္လာမွ (Assets Move) လုပ္မယ့္သူေတြက ၆၀ ရာႏႈန္းေလာက္ ရွိတယ္လို႔ စစ္တမ္းေတြမွာ ေဖာ္ျပေနၾကပါတယ္။ ဒါ့ေၾကာင့္ ရလဒ္ထြက္ၿပီးမွသာ ေစ်းကြက္လားရာတခု ျဖစ္ႏိုင္တယ္လို႔ ဆိုခ်င္ပါတယ္။ 

             ေနာက္ဆံုးအေနနဲ႔ ေျပာခ်င္တာကေတာ့ ဘယ္သူႏိုင္ေတာ့မယ္ ဘယ္ဝွာႏိုင္ေတာ့မယ္ဆိုတဲ့ (Poll) စစ္တမ္းေတြအေပၚမွာ ရင္းႏွီးျမဳပ္ႏွံမႈ မလုပ္ၾကဖို႔ နဲ႔ စစ္တမ္းဆိုတာ ရလဒ္မဟုတ္ဘူးလို႔ သတိေပးခ်င္ပါတယ္။ Fundamental ပိုင္းဆိုင္ရာ အဆံုးအျဖတ္ေတြဟာ အခ်ိန္နဲ႔ တေျပးညီ ေဆာင္ရြက္ဖို႔ လိုတာေၾကာင့္ အေတြ႕အၾကံု နည္းေသးတဲ့ အေရာင္းအဝယ္သမားေတြအေနနဲ႔ ေစာင့္ၾကည့္ၿပီး ပညာယူဖို႔သာ အၾကံျပဳ လုိပါတယ္။ ေရြးေကာက္ပြဲေန႔ ရလဒ္ေတြကို ၂၀၁၆ တုန္းကလိုဘဲ Notes Of Saya Htet Page မွာ Update တင္ေပးႏုိင္ေအာင္ ၾကိဳးစားပါ့မယ္လို႔ ေျပာခ်င္ပါတယ္။ 

ေရာင္းကံဝယ္ကံ ေကာင္းၾကပါေစ . . .

ရွေးကောက်ခံ သမ္မတဟာ သမိုင်းတလျောက် GDP အနိမ့်ဆုံး အခြေအနေကို ပြန်ကောင်းအောင် လုပ်ရမှာပါ

ေရြးေကာက္ခံ သမၼတဟာ သမိုင္းတေလ်ာက္ GDP အနိမ့္ဆံုး အေျခအေနကို ျပန္ေကာင္းေအာင္ လုပ္ရမွာပါ



ကမ္ဘာ့ရွှေဈေးကွက် နဲ့ ထရမ့်

ကမာၻ႕ေရႊေစ်းကြက္ နဲ႔ ထရမ့္


စတော့ ဈေးကွက်နဲ့ ထရမ့်

စေတာ့ ေစ်းကြက္နဲ႔ ထရမ့္



#NotesOfSayaHtet

#USElection2020

#Investment

#Forex See Less