လမ်းပျောက်နေတဲ့ ကမ္ဘာ့ရွှေဈေးအကြောင်း

--------------------------------------------------------------

             ကမ္ဘာ့ရွှေဈေးကတော့ အားလုံးသိကြတဲ့အတိုင်း လားရာပျောက်နေတဲ့ အတက်အကျအကြမ်းတွေနဲ့ ရင်ခုန်မှုတွေ ဖန်တီးပေးနေပါတယ်။

             ပထမဆုံးအနေနဲ့ စိတ်ဝင်စားစရာကောင်းသလို သတိမေ့နေတယ်ထင်တဲ့ Weekly Level လေးတစ်ခုကို ကြည့်ရအောင်........

             July 20 ရက်နေ့က History Resitsance Level တစ်ခုဖြစ်တဲ့ 1920 ဈေးတန်းကို အားကောင်းကောင်းနဲ့ ဖောက်တက်ပြီးနောက်မှာတော့ 2075 လောက်ထိ အတားအဆီးမဲ့ တက်သွားခဲ့ပြီး အတက်အရှိန်ရပ်တန့်ခဲ့ပါတယ်။

             Aug 20 လောက်မှာတော့ အားကောင်းတဲ့အကျတစ်ခုပြန်လည်ဖြစ်ပေါ်လာပြီးနောက် ကမ္ဘာ့ရွှေဈေးဟာ အကျဖက်ကို ပြန်လည်ရောက်ရှိလာပြီလို့ ထင်မှတ်စရာရှိခဲ့ပေမယ့် အထင်နဲ့အမြင် လွဲခဲ့ကြပါတယ်။

             လက်ရှိကမ္ဘာ့ရွှေဈေးရဲ့ Daily Time Frame အနေအထားကို ကြည့်မယ်ဆိုရင် sideway အနေအထားအတွင်းမှာ တည်ရှိနေပေမယ့် Weekly Strong Level ဖြစ်တဲ့ 1920 အောက်မှာပဲ ဈေးတန်းတည်ရှိနေတာ စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ပါပဲ။

             1920 အထက်ကိုသာ ဈေးတန်းပြန်လည်ဖောက်နိုင်ခြင်း မရှိခဲ့ရင် အောက်မှာ ဆီးကြိုနေမယ့် Support Level တစ်ခုကတော့ 1799 ဝန်းကျင်ဖြစ်လာပါလိမ့်မယ်၊ Ok ... Higher Time Frame က သတိပြုရမည့် ဈေးတန်းတွေ သိပြီဆိုတော့ lower time frame မှာ ဘာတွေဖြစ်နေလဲ တချက်ကြည့်ရအောင်............ H1 မှာတော့ Up channel လေးတစ်ခုဖြစ်ပေါ်ထားပြီး လက်တလောမှာတော့ အောက်ဖက်ကို Bearish candle အားကောင်းကောင်းနဲ့ Breakout ဖြစ်ပေါ်ထားတာ မြင်နေရပါပြီ။

             အနှစ်ချုပ် အနေနဲ့ သုံးသပ်ရရင်တော့ Weekly Resistance Level 1920 အောက်မှာ ဆက်လက်တည်ရှိနေခြင်း နဲ့အတူ H1 ရဲ့ Up channel ရဲ့ support မျဥ်းကို Breakout ဖြစ်ထားခြင်းတွေကြောင့် အကျဖက်ကို အားသာလျက်ရှီပြီး 1874 ဝန်းကျင်ကို ရောက်ရှိနိုင်ပြီး Higher Time Frame များရဲ့ ဥိးဆောင်မှုနောက်ကို ဆက်လက်လိုက်ပါမယ်ဆိုရင်တော့ 1799 ဝန်းကျင်ကို ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။

#Forex

#Gold

#Oil

#commodity

#Trading