GBPJPY သုံးသပ်ချက်

---------------------------------

            ပထမဆုံးအနေနဲ့ GJ ရဲ့ D1 chart ကို အရင်ကြည့်ရမယ်ဆိုရင် 10 Sep ရက်နေ့မှာ Uprend Line စတင်ကျိုးပျက်ထားတာတွေ့ရမှာပါ။

             Uptrend ကျိူးပြီးတဲ့နောက်မှာတော့ အတိုင်းအတာတခုထိ ကျခဲ့ပြီး လတ်တလောမှာတော့ Sideway တစ်ခုအတွင်းမှာ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။

             သတိပြုစရာတချက်ကတော့ လက်ရှိအနေအထားက Support Level တခုဖြစ်တဲ့ 135.78 ကို Breakout ဖြစ်ထားတာပါပဲ။

             4Hr Chart ကိုတချက်ကြည့်ရအောင်.... လတ်တလော 4hr Chart မှာဘာတွေဖြစ်နေလဲဆိုတော့ Sideway range တခုနေ အား​ကောင်းတဲ့ Bearish Candle နဲ့ Support Level ကို breakout ဖြစ်ထားတာကို ထင်ရှားစွာမြင်ရမှာပါ။

             4hr Chart ရဲ့ လက်ရှိဖြစ်ပေါ်နေမှုဟာ UpTrend ကျိူးပျက်ထားတဲ့ D1 chart အတွက် အကျဖက်ကို ပိုမိုပုံဖော်ပေးနိုင်ဖို့ဖြစ်လာနိုင်ပါတယ်။

             အနှစ်ချူပ်အနေနဲ့ သုံးသပ်ရမယ်ဆိုရင် Daily Uptrend ကျိုးပျက်ထားခြင်း နဲ့အတူ H4 time frame မှာလည်း sideway range ကနေ support level breakout ဖြစ်ထားခြင်းတို့ကြောင့် အကျဖက်ကိုအားသာနိုင်ပြီး မြင်တွေ့ရမယ့် Support Level တခူကတော့ 133 ဝန်းကျင်ပဲဖြစ်ပါတယ်။

#Forex

#Gold

#Commodity

#Trading