EURAUD သုံးသပ်ချက်

**********************

             Jun 1 ရက်နေ့လောက်ကစပြီး Oct18 ရက်နေ့လောက်ထိ Sideway ပြေးလာခဲ့တဲ့ EURAUD ကိုတော့ သတိထားမိကြမယ်ထင်ပါတယ်။

             Oct 19 ရက်နေ့မှာတော့ Sideway Range အတွင်းကနေ အထက်ကို စတင်ဖောက်ထွက်လာခဲ့ပေမယ့် Oct20 ရက်နေ့အထိ သာအတက်ပြခဲ့ပါတယ်။             လတ်တလောမှာတော့ Sideway upper level နားမှာဝေ့လည်နေပြီး အရောင်းအဝယ်ဖြစ်နေပါတယ်။

             သတိပြုစရာအချက်တချက်ကတော့ Sideway range ဖောက်မထွက်ခင် ရက်ပိုင်း ကာလမှာတော့ စျေးတန်းတွေရဲ့ အနိမ့်မှတ်တွေဟာ မြင့်သထက် မြင့်လာခဲ့ခြင်းပါ။

            သုံးသပ်ချက်အရ ကြည့်မယ်ဆိုရင် Sideway range ရဲ့ Resistance level ကိုဖောက်ထွက်ထားခြင်း.....

စျေးပြန်ကျထားခြင်းရှိသော်လည်း မူလဖောက်ထွက်ထားသော level အတွင်းပြန်မကျနိုင်ခြင်းတွေ​ရှိနေတာတွေကြောင့် ယနေ့ အပိတ်စျေးကိုစောင့်ကြည့်သင့်ပြီး အားကောင်းတဲ့ Bull Candle နဲ့သာပိတ်ခဲ့မယ်ဆို အတက်ဖက် အားသာနိုင်ပါတယ်။

             Target အနေနဲ့ 1.706 ဝန်းကျင်ကိုရောက်ရှိနိုင်ပါသည်။