မင်္ဂလာပါ...

- ယခုအချိန်ကစတင်ပြီး ကမ္ဘာ့ရွှေဈေး သုံးသပ်ချက်များကို တင်ပြပါ့မယ်။

-ပြီးခဲ့သည့် တပါတ်တာကာလအတွင်း ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို 1745 ဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့ပြီး အမြင့်ဆုံးဈေး 1746 အနိမ့်ဆုံးဈေး 1721 အတွင်းရောင်းဝယ်ခဲ့ကြရာ 1731 နဲ့ ဈေးပိတ်သွားခဲ့ပါတယ် တပါတ်တာလုံး 25 ဒေါ်လာပြောင်းလဲခဲ့ပြီး 1.45 ရာခိုင်နှုန်းဖြင့် အတက်အကျ ဖြစ်ခဲ့ပါတယ်။

-ပြီးခဲ့တဲ့ တပါတ်မှာတော့ ကမ္ဘာ့ရွှေဈေးဟာ တနင်္လာနေ့ ကနေ သောကြာနေ့အထိ ကျဉ်းမြောင်းတဲ့ Side Way အတွင်းမှာဘဲ တည်ရှိနေခဲ့ပါတယ်။

- US ရဲ့ GDP Data ထွက်ခဲ့တဲ့ ကြာသပတေးနေ့ည မှာတောင် Spike သာ ဖြစ်ခဲ့ပြီး 1745 ဝန်းကျင်အထိသာ ရောက်ရှိခဲ့တာပါ။

-လက်ရှိ ကမ္ဘာ့ရွှေဈေးဟာ အရောင်းဖိအားများ သက်ရောက် နေပြီး အမေရိကန် စီးပွားရေး ပြန်လည်ကောင်းမွန်လာတာနဲ့ အမျှ ဒေါ်လာအညွှန်းကိန်းမြင့်တက်လာခြင်း နဲ့ အတူ Safe Heaven Assets လိုအပ်ချက်ကိုလည်း အလျော့ပေးလာရပြီ ဖြစ်ပါတယ်။

-နည်းပညာပိုင်းအရ အတက်အားဟာ 1760 ဈေးတန်းကို ပြန်လည်ကျော်ဖြတ်နိုင်မှသာလျှင် ပြန်လည်အားကောင်း လာနိုင်မယ်လို သုံးသပ်ထားကြပါတယ်။ လာမယ့် ရက်သတ္တပါတ်မှာ စောင့်ကြည့်သင့်တဲ့ Fundamental Data များအနေနဲ့ ဗုဒ္ဓဟူးနေ့ည ၆ နာရီ ၄၅ အချိန်မှာ US ရဲ့ ADP Non-Farm Employment Change ကြာသပတေးနေ့ည ၇ နာရီ အချိန်မှာ US ရဲ့ Unemployment Claims သောကြာနေ့ည ၇ နာရီ အချိန်မှာ US ရဲ့ Non-Farm Payroll တိုဘဲ ဖြစ်ပါတယ်။

-ရှေ့တပါတ်အတွက် ကမ္ဘာ့ရွှေဈေးရဲ့ အရေးကြီးတဲ့ Techinical ဈေးတန်းများကတော့ 1733 ဝန်းကျင်ဟာ တပါတ်တာ Mid Point အလယ်ဈေးတန်း ဖြစ်ပြီးတော ဈေးတက်မယ်ဆိုရင် 1745, 1758, 1770 တိုဟာ သတိပြုရမယ့် Resistant အကန်ဈေးတန်းများ ဖြစ်ပါတယ် ။

-ဈေးကျမယ်ဆိုရင် 1719, 1708, 1694 တိုဟာ အရေးကြီးတဲ့ Support အထောက်ဈေးတန်းများ ဖြစ်ပါတယ်။

- သတင်းများနှင့် သုံးသပ်ချက်များကို ဆရာထက်မှ‌ ပေးပိုထားတာ ဖြစ်ပါတယ်ရှင်။

ရောင်းကံ ဝယ်ကံများ ကောင်းကြပါစေ။