မင်္ဂလာပါ...

- ကမ္ဘာ့ရေနံဈေး WTI Crude Oil သုံးသပ်ချက်များကို တင်ပြပေးပါ့မယ် ။

- ပြီးခဲ့သည့် တပါတ်တာအတွင်း ကမ္ဘာ့ရေနံဈေးဟာ တစည်ကို 61.5 နဲ့ဈေးဖွင့်ခဲ့ပြီး အမြင့်ဆုံးဈေး 62 အနိမ့်ဆုံးဈေး 57.2 အတွင်း ရောင်းဝယ်ခဲ့ကြရာ 60.7 နဲ့ဈေးပိတ်သွားခဲ့ပါတယ်။

-တပါတ်တာလုံး 4.7 ဒေါ်လာ ပြောင်းလဲခဲ့ပြီး 7.7 ရာခိုင်နှုန်းဖြင့် အတက်အကျ ဖြစ်ခဲ့ပါတယ်။

-ပြီးခဲ့တဲ့တပါတ်အတွင်း ကမ္ဘာ့ရေနံဈေးဟာ တနင်္လာနေ့ တရက်သာ ဈေးအေးနေခဲ့ပေမယ့် အင်္ဂါနေ့ကစလို ကျန်လေးရက်တာလုံး တရက်တက် တရက်ကျ ပုံစံနဲ့ အတက်အကျ အားကောင်းခဲ့တာကို တွေ့မြင်ရမှဖြစ်ပါတယ်။

-သိုပေမယ့်လည်း ၆၀ ဝန်းကျင်နဲ့သာ ဈေးပိတ်သွားခဲ့တာကိုလည်း တွေ့နိုင်ပါတယ်။

-အကျတွန်းအားကို ဖြစ်စေခဲ့တာက ဥရောပမြောက်ပိုင်းက ကိုဗစ် Lock down များ ဖြစ်ပီး အတက်တွန်းအားကတော့ စူးအက်တူးမြောင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဧရာမသင်္ဘောပိတ်ဆိုမှုကြီး ဘဲ ဖြစ်ပါတယ်။

-တရက်ကို အဖြစ်အပျက် တမျိုးစီနဲ့ တရက်တက် တရက်ကျနဲ့ လှိင်းစီးနေတာ တွေ့ရမှာပါ။ စူးအက် ပိတ်ဆိုမှုဟာ ယနေ့ တနင်္လာ မနက်အစောမှာဘဲ ဖယ်ရှားနိုင်ခဲ့ပြီလို သိရပါတယ်။

-လာမယ့် ဧပြီ ၁ ရက်နေ့မှာလည်း အိုပါက် အထူးအစည်းအဝေး တရပ် ရှိနေပြီး ရေနံဆိုင်ရာ ရင်းနှီးမြုပ်နှံသူများက လတ်တလောမှာ အိုပါက်နဲ့ ဘိုင်ဒင် အားပြိုင်မှုကို သတိထားပြီး စောင့်ကြည့်နေတယ်လို သုတေသနသမား များက ဆိုပါတယ်။

- ပြီးခဲ့တဲ့ စနေနေ့မှာတော့ အီရန်ဟာ တရုတ်နဲ့ ၂၅ နှစ် သက်တမ်းရှိတဲ့ စီးပွားရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့တယ်လို သိရပါတယ်။

-ရှေ့တပါတ်အတွက် ကမ္ဘာ့ရေနံဈေးရဲ့ အရေးကြီးတဲ့ Technical ဈေးတန်းများကတော့ 59.9 ဝန်းကျင်ဟာ တပါတ်တာ Mid Point အလယ်ဈေးတန်း ဖြစ်ပြီးတော့ ဈေးတက်မယ်ဆိုရင် 62.72, 64.74, 67.49 တိုဟာသတိပြုရမယ့် Resistant အကန်ဈေးတန်းများ ဖြစ်ပါတယ်။

-ဈေးကျမယ်ဆိုရင် 57.95, 55.2, 53.18 တိုဟာအရေးကြီးတဲ့ Support အထောက်ဈေးတန်းများ ဖြစ်ပါတယ်။

- သတင်းများနဲ့ သုံးသပ်ချက်များကို ဆရာထက်က ပေးပိုထားတာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်......

ရောင်းကံဝယ်ကံ ကောင်းကြပါစေ။