မင်္ဂလာပါ....

- ယခုအချိန်ကစတင်ပြီးကမ္ဘာ့ရွှေဈေးသုံးသပ်ချက်များကိုတင်ပြပါ့မယ်ရှင်။

ပြီးခဲ့သည့် တပါတ်တာကာလအတွင်းကမ္ဘာ့ရွှေဈေးဟာတအောင်စကို1730 ဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့ပြီးအမြင့်ဆုံးဈေး 1733 အနိမ့်ဆုံးဈေး 1677 အတွင်းရောင်းဝယ်ခဲ့ကြရာ 1729 နဲ့ ဈေးပိတ်သွားခဲ့ပါတယ်တပါတ်တာလုံး 55 ဒေါ်လာပြောင်းလဲခဲ့ပြီး 3.18 ရာခိုင်နှုန်းဖြင့် အတက်အကျ ဖြစ်ခဲ့ပါတယ်။

- ပြီးခဲ့တဲ့ တပါတ်မှာတော့ ကမ္ဘာ့ရွှေဈေးဟာတနင်္လာနေ့ မှာ ဈေးအေးနေခဲ့ပေမယ့် အင်္ဂါနေ့ကစလို ဈေးစတင်ကျဆင်းလာခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ၁၇၀၀ ဈေးတန်းအောက်ကို ထိုးကျခဲ့ပါတယ်။

- အဓိကအားဖြင့် အမေရိကန် အလုပ်အကိုင် ဒေတာများ တောက်လျောက်ကောင်းမွန်လာခြင်းနဲ့အတူ စီးပွားရေး နလန်ထလာတာကြောင့် ရွှေအပေါ် အဓိက သက်ရောက်စေခဲ့တဲ့အပြင် အခြားသော Safe Heaven Assets တွေ အားကောင်းခြင်းနဲ့ ဒေါ်လာအားကောင်း လာခြင်းတွေဟာ ရွှေကို ၁၇၀၀ အောက်ကို ရောက်ရှိစေခဲ့တာပါ။

- ဒါပေမယ့် ကြာသပတေးနေ့ ညပိုင်းမှာတော့ အားကောင်းကောင်းနဲ့ ပြန်တက်လာခဲ့ပြီး သောကြာနေ့မှာလည်း ဈေးဆက်လက်တက်ခဲ့ကာ တပါတ်တာ အဖွင့်ဈေး ဝန်းကျင်မှာဘဲ ပြန်ပိတ်ခဲ့ပါတယ်။

- အဓိက အတက်တွန်းအားကို ဖြစ်စေခဲ့တာက April 1 ရက်နေ့ မိန့်ခွန်း ပြောကြားရာမှာ သမ္မတ ဘိုင်ဒင်ဟာ ၂ ထရီလီယံ တန်ကြေးရှိတဲ့ စီးပွားရေးနှိးဆွမှု အစီအစဉ်ကို ထည့်သွင်းပြောကြားခဲ့တာကြောင့် ငွေကြေးဖောင်းပွနိုင်မှုအပေါ် ကာကွယ်ရန် ရွှေဟာ အဝယ်အားပြန်လည် ကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ်။

- ယခု အစီအစဉ်ဟာ အသစ်ဖြစ်ပီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ဆက်လက်ခံယူသွားမယ်လို ပြောကြားခဲ့ပါတယ်။

- လာမယ့် တပါတ်တာလုံးမှာလည်း IMF အစည်းအဝေးဟာ ၇ ရက်တာ လုံး ကျင်းပ သွားမှာဖြစ်လို သတိထားပြီး ရောင်းဝယ်ကြဖို မှာကြားထားပါတယ်။ လာမယ့် ရက်သတ္တပါတ်မှာစောင့်ကြည့်သင့်တဲ့ Fundamental Dataများအနေနဲ့ ဗုဒ္ဓဟူးနေ့ည ၁၂ နာရီ ခွဲ အချိန်မှာ FOMC Meeting Minutes သောကြာနေ့ည ၇ နာရီအချိန်မှာ US ရဲ့ PPI နဲ့ Core PPI တိုဘဲ ဖြစ်ပါတယ်။ ယခုတပါတ် IMF အစည်းအဝေးရဲ့ ကြာသပတေးနေ့ည ၁၀နာရီခွဲမှာတော့ Powell မိန့်ခွန်းပြောကြားမယ်လို သိရပါတယ်။

- ရှေ့တပါတ်အတွက် ကမ္ဘာ့ရွှေဈေးရဲ့ အရေးကြီးတဲ့ Techinicalဈေးတန်းများကတော့ 1713 ဝန်းကျင်ဟာတပါတ်တာMidPointအလယ်ဈေးတန်း ဖြစ်ပြီးတော့ ဈေးတက်မယ်ဆိုရင် 1731, 1749, 1758 တိုဟာသတိပြုရမယ့် Resistantအကန်ဈေးတန်းများ ဖြစ်ပါတယ်။ ဈေးကျမယ်ဆိုရင် 1703, 1694, 1676 တိုဟာအရေးကြီးတဲ့ Supportအထောက်ဈေးတန်းများ ဖြစ်ပါတယ် ။

ကျေးဇူးတင်ပါတယ်....

ရောင်းကံဝယ်ကံ ကောင်းကြပါစေ ။