မင်္ဂလာပါ....

- ကမ္ဘာ့ရေနံဈေး WTI Crude Oil သုံးသပ်ချက်များကို တင်ပြပေးပါ့မယ်။ - ပြီးခဲ့သည့် တပါတ်တာအတွင်းကမ္ဘာ့ရေနံဈေးဟာတစည်ကို 60.8 နဲ့ဈေးဖွင့်ခဲ့ပြီးအမြင့်ဆုံးဈေး 62.2 အနိမ့်ဆုံးဈေး 58.8 အတွင်းရောင်းဝယ်ခဲ့ကြရာ 61.23 နဲ့ဈေးပိတ်သွားခဲ့ပါတယ်။

-တပါတ်တာလုံး 3.3 ဒေါ်လာပြောင်းလဲခဲ့ပြီး 5.7 ရာခိုင်နှုန်းဖြင့်အတက်အကျ ဖြစ်ခဲ့ပါတယ်။

- ပြီးခဲ့တဲ့တပါတ်အတွင်းကမ္ဘာ့ရေနံဈေးဟာတနင်္လာနေ့ ကစလို ဈေးပြန်တက်လာခဲ့ပေမယ့် ၆၂ ဈေးတန်းကို မကျော်နိုင်ဘဲ သောကြာနေ့ အထိ ကျဉ်းမြောင်းတဲ့ Side Way အတွင်းမှာဘဲ ပီးသွားခဲ့ပါတယ်။ - တနင်္လာ အင်္ဂါ အတက်ဟာ ဧပြီ ၁ ရက် အိုပါက် အစည်းအဝေး အကြို မျော်မှန်းချက်တွေနဲ့ တက်ခဲ့ပေမယ့်လည်း တကယ့် အစည်းအဝေးမှာတော့ ထုံးစံအတိုင်း မရေရာမှုများနဲ့သာ ပြီးဆုံး သွားခဲ့တာကြောင့် ဈေးဟာ ၆၀ ပါတ်လည် အတွင်းမှာဘဲ တည်ရှိခဲ့တာပါ။

- လတ်တလော ရေနံဈေးကွက်မှာ အဓိကစောင့်ကြည့်ခံရတဲ့ အိုပါက်ဟာ အစည်းအဝေးမှာ တစုံတရာ ထူးခြားမှု ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့သလို အပါတ်စဉ် ဗုဒ္ဓဟူးည ရေနံ လက်ကျန်ဒေတာဟာလည်း ထရမ့် လက်ထက်ကလောက် အာရုံစိုက်ခံရမှု မရှိခဲ့တာကလည်း လတ်တလော ရေနံဈေးကွက်မှာ လားရာပျောက်ဆုံးနေခဲ့တာ ဖြစ်ခဲ့ပါတယ်။

- စူးအက်တူးမြောင်း ပိတ်ဆိုမှု ပြန်ပွင့်ခဲ့သလို ဆော်ဒီ ယီမင်အရေးဟာလည်း လိပ်ခဲတည်းလဲဖြစ်နေခဲ့ပြီး ပြတ်သားတဲ့ အဖြေတခု မရနိုင်သေးတာ၊ ဥရောပ မြောက်ပိုင်း ကိုဗစ် lockdown တွေ ဆက်လက်ရှိနေတာဟာလည်း ရေနံဈေး ပြန်လည်မြင့်တက်စေဖို အဟန့်အတားများ ဖြစ်ပေါ်စေခဲ့တာပါ။

- ရှေ့တပါတ်အတွက် ကမ္ဘာ့ရေနံဈေးရဲ့ အရေးကြီးတဲ့ Technicalဈေးတန်းများကတော့ 60.77 ဝန်းကျင်ဟာတပါတ်တာMidPointအလယ်ဈေးတန်း ဖြစ်ပြီးတော့ - ဈေးတက်မယ်ဆိုရင် 62.69, 64.14, 66.0 တိုဟာသတိပြုရမယ့် Resistantအကန်ဈေးတန်းများ ဖြစ်ပါတယ် ။

- ဈေးကျမယ်ဆိုရင် 59.31, 57.39, 55.94 တိုဟာအရေးကြီးတဲ့ Supportအထောက်ဈေးတန်းများ ဖြစ်ပါတယ်။ - သတင်းများနဲ့ သုံးသပ်ချက်များကို ဆရာထက်က ပေးပိုထားတာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်......

ရောင်းကံဝယ်ကံ ကောင်းကြပါစေ။