ကမ္ဘာရွှေဈေး တစ်ပတ်စာ သုံးသပ်ချက် ----------------------

            -အရင်အပတ်က ကမ္ဘာရွှေ အပိတ်ဈေးကတော့ 1781 ဈေးတန်းမှာ ပိတ်သွားခဲ့ပါတယ်။

             -အရင်အပတ်ကတော့ 1795 & 1770 Zone ကြားထဲမှာပဲ SideWay Range တစ်ခုအနေနဲ့သာ ရွေ့လျားသွားခဲ့ပါတယ်။

             -D1 timeframe TA ပိုင်းအရ DownChannel ကိူ Break Out ဖြစ်ခဲ့ပြီး 2021.3 လပိုင်းကနေ စတင် တက်လာတဲ့ ရွှေဟာ -5လပိုင်း 31 ရက်နေ့ မှာ 1918 ဈေးတန်း ဝန်းကျင်ကနေ ပြန်လည်ကျဆင်းလာပါတယ်။

             -လက်ရှိမှာ DC ထဲကို ပြန်ဝင်လာတာကို တွေ့မြင်ပြီး SideWay Range တစ်ခု ဖန်တီးနေတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

             ကမ္ဘာ့ရွှေ အတက်ဖြစ်မလား , အကျ ဖြစ်မလား ? ********************************* -TA ပိုင်းအရ D1 Candle တွေက Bear Candle တွေရဲ့ လွမ်းမိုးမှု အရှိန်တွေကို တွေ့မြင်နေရသော်လည်း Strong Support Level ဖြစ်တဲ့ 1760 ဈေးတန်း ဝန်းကျင်ကနေ အကျတန့်ခဲ့တာကို မြင်တွေ့နေရပါတယ်။

             -စောင့်ကြည့်သင့်တဲ့ TA Level နှစ်ချက်ကတော့ 1800 ဈေးတန်း နှင့် 1760 ဈေးတန်းတိုပဲ ဖြစ်ပါတယ်။

             -ဘယ်ဘက်ကို အလေးသာလဲ Point ပြောရအောင် သေချာ ရေရာတဲ့ Confirmation Point မတွေ့ရသေးတဲ့ အတွက် R and S မှာ ဘယ်ဘက်ကို Break out မလဲ စောင့်ကြည့်ကြစို .. FA အရလေး တစ်ချက် အတူတူ စဉ်းစားကြစိုလား.. ************************

             -ဘာကြောင့်အကျကြီးခဲ့တာလည်းတာလဲ တဍဆျုလျှင် Fed ဥက္ကဌရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ US Economy ဟာ ကောင်းစွာ ပြန်လည်ကျန်းမာလာပြီလို သတင်းစကားကြားပြီးနောက် အကျ အားသာလာခဲ့ပါတယ်။

             -အကျက 1760အရောက် အားပျော့သွားတာကို တွေ့ရပြီး အရင်အပတ်တစ်ပတ်လုံးကတော့ Market ဟာ အီလည်လည် ဖြစ်နေတာကို တွေ့ရပါတယ်။

             -ဒီနေရာမှာ လဝန်းတို အနေနဲ့ တကယ်ပဲ 1760 ဈေးတန်းမှာ အရောင်းသမားတွေ ထွက်သွားပြီလား..

             -ရေရှည် ရင်းနှီး မြုပ်နှံသူများက အနိမ့်ဈေးကို ရောက်ပါစေလို ဆုတောင်းပြီး အဝယ်လိုက်ဖို ချောင်းမြှောင်းနေပြီလား...

             -ယခုနှစ်၊ Q1(ပထမသုံးလပတ်)ကာလ၌ တရုတ်ရဲ့ ရွှေဝယ်အားဟာ၁၉၁.၁တန် အထိ ရှိခဲ့ပါတယ်။

             -အဲဒီနှုန်းဟာ ယခင်နှစ်ကQ1 အဝယ်နှုန်းနှင့် နှိင်းယှဥ်ရင် ၂၁၂%အထိ အလွန်ကြီးကို များလာခဲ့ခြင်းလည်းဖြစ်ပြီး၊

             -၂၀၁၅ခုနှစ်၊ Q1ကာလနောက်ပိုင်းအများဆုံးဝယ်ခဲ့တဲ့နှုန်းလည်းဖြစ်သည်။

             -အဲဒါကြောင့် ရွှေဈေးအကျရှိလာသည့်အခါတိုင်း၌ တရုတ်၊ရုရှားတိုက ဝယ်လေ့ရှိတတ် တာကို သိထားသင့်ပါသည်။

             -ရေရှည်မှာတော့ရွှေဈေးဟာ အတက်ဘက်သိုသာ ဦးတည်ချက်မသွေဘဲ ချီတက်နိုင်ချေ ရှိနိုင်တယ်လို ပညာရှင်တွေက ခန့်မှန်ထားတာ တွေ့ရပါတယ်။

              သင်ဆရာ မြင်ဆရာများအား ဦးထိပ်ထားလျက်

              Lawinnmay@Oliviafx