WEEKLY ANALYSIS AUDUSD

             ပြီးခဲ့တဲ့ 20.8.2021 ရက်နေ့မှာတော့ H4 Time Frame ရဲ့ အနိမ့်ဆုံး ဈေးတန်းဖြစ်သော 0.71050 ဈေးတန်းအထိ ကျဆင်းခဲ့ပြီးနောက် 27.8.2021 ရက်နေ့မှာတော့ အမြင့်မှတ်တွေဟာ မြင့်သထက် မြင့်တက်လာခဲ့ပြီးပုံဖော်လာခဲ့ကာ Up Trend Market အဖြစ် ပိုမို ပီပြင်လာပြီး အဝယ်ဘက်ကို အားကောင်းနေပါတယ်။

             ဒီအပတ်မှာတော့ H4 Time Frame ရဲ့ Down Trend Line ကို လဲ Break ဖြစ်နေပြီး Bull Candle Confirm ဖြစ်ပါက အဝယ်ဘက်ကို ပြုလုပ်နိုင်ပါတယ်။

             H4 Resistant ဈေးတန်းဖြစ်သော 0.74140 ကို ဖောက် တက်ခဲ့ပါက 0.74940 နှင့် 0.76140 ဈေးတန်းအထိ တက်နိုင်ပါတယ်။

             H4 Support ဈေးတန်းဖြစ်သော 0.72800 ကို ဖောက်ဆင်းခဲ့ပါက 0.71050 နှင့် 0.68870 ဈေးတန်း အထိ ကျနိုင်ပါတယ်။