EURJPY ပြီးခဲ့တဲ့ 3.9.2021 ရက်နေ့မှာတော့ H4 Time Frame ရဲ့ အမြင့်ဆုံးဈေးတန်းဖြစ်သော 130.690 ဈေးတန်းအထိ တက်ခဲ့ပြီး 6.9.2021 ရက်နေ့မှာတော့ Up Trend Line ကို ကျိုးပျက်ခဲ့ပြီး ဆက်လက် နိမ့်ဆင်းလာခဲ့ကာ Down Trend Market အဖြစ် ပိုမို ပီပြင်လာပြီး အရောင်းဘက်ကို အားကောင်းနေပါတယ်။ ဒီအပတ်မှာတော့ H4 Time Frame ရဲ့ Support ဈေးတန်းဖြစ်သော 1.93220 ဈေးတန်းကို Bear Candle အားကောင်းကောင်းဖြင့် Break ဖြစ်ပါက အရောင်းဘက်ကို ပြုလုပ်နိုင်ပါတယ်။ H4 Resistant ဈေးတန်းဖြစ်သော 130.560 ကို ဖောက် တက်ခဲ့ပါက 131.090 နှင့် 131.850 ဈေးတန်းအထိ တက်နိုင်ပါတယ်။ H4 Support ဈေးတန်းဖြစ်သော 129.680 ကို ဖောက်ဆင်းခဲ့ပါက 128.870 နှင့် 127.940 ဈေးတန်း အထိ ကျနိုင်ပါတယ်။